Sunday 7 July 2013

မြန်မာနိုင်ငံအတွင်း ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးသွားသည့် တရားခံများ ဖမ်းဆီးရမိရေး ဘင်္ဂလားဒေ့ရှ်သို့ တိုက်တွန်း

မြန်မာနယ်စပ်ဘက်မှ ပြစ်မှုကျူးလွန်ပြီး တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသည့် တရားခံများ ဖမ်းဆီးရ မိရေး ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေး အရာရှိများထံသို့ မြန်မာနယ်စပ် လုံခြုံရေးမှ တိုက်တွန်းခဲ့ကြောင်း သိရသည်။
ယင်းသို့ တိုက်တွန်းဆွေးနွေးမှုအား ဇူလိုင် ၄ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ပဇားမြို့တွင် ကျင်းပပြု လုပ်ခဲ့သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးအရာရှိများ ဆွေးနွေးပွဲတွင် မြန်မာ ဘက်မှ တောင်းဆိုဆွေးနွေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"အဓိက ဆွေးနွေးခဲ့တာကတော့ ကျွန်တော်တို့ဘက်မှာ ပြစ်မှုကျူးလွန်ပြီး တစ်ဖက်နိုင်ငံကို ထွက်ပြေး သွားတဲ့ တရားခံတွေကို ဖမ်းဆီးရမိရေး၊ မြန်မာရေပိုင်နက်အတွင်း တရားမ၀င် ငါးဖမ်းဆီးနေမှု ၊ မြန်မာဘက် ငါးဖမ်းနေသူများထံမှ လုယက်မှု ဖြစ်ပေါ်နေမှု၊ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး ကုန်သွယ်မှု ပပျောက်ရေးနဲ့ မြန်မာဘက်ကို တရားမ၀င် ၀င်ရောက်ပြီး သစ်ဝါး ခိုးထုတ် နေမှုတွေ ကို ဆွေးနွေးခဲ့ပါတယ်" ဟု နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်နိုင်ဦးက ပြောကြားသည်။
တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားတဲ့ တရားခံတွေကို ဖမ်းဆီးရမိရေး၊ မြန်မာရေပိုင်နက်အတွင်း တရားမ၀င် ငါးဖမ်းဆီးနေမှု၊ မြန်မာဘက် ငါးဖမ်းနေသူများထံမှ လုယက်မှု ဖြစ်ပေါ်နေမှု၊ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး ကုန်သွယ်မှု ပပျောက်ရေးနဲ့ မြန်မာဘက်ကို တရားမ၀င် ၀င်ရောက်ပြီး သစ်ဝါးခိုးထုတ် နေမှုတွေကို ဆွေးနွေးခဲ့ . . . . .
၂၀၁၂ ခုနှစ်ဇွန် ၈ ရက်က မောင်တောမြို့နယ်အတွင်း တိုင်းရင်းသား ကျေးရွာများကို မီးရှို့၊ လုယက်၊ လူသတ်မှုများ ကျူးလွန်ခဲ့ပြီး တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်သွားသည့် တရားခံ တစ်ထောင်ကျော် ရှိနေသေးကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာဘက်မှ နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်နိုင်ဦး အပါအ၀င် အဖွဲ့ဝင် ၁၈ ဦးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ BGB အမှတ် (၁၈)တပ်ရင်းမှ အရာရှိ နရူလ်အီဆလာမ် အပါအ၀င် အဖွဲ့ဝင် ၁၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နယ်စပ်တွင် ဖြစ်ပေါ်လာသည့် မည်သည့်အကြောင်းအရာမဆို နစကနှင့် BGB တို့ ချက်ချင်း ဆက်သွယ် ဖြေရှင်းရန်အတွက် နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး တပ်ဖွဲ့များအနေဖြင့် ပုံမှန်ဆွေးနွေးမှုများ ရှိနေပြီး ယခုပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲမှာ မြန်မာ-ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံ တပ်မှူးအဆင့် အလံ တင်ဆွေးနွေးပွဲ ဖြစ်ကြောင်းလည်း သိရသည်။

From....EMG

No comments:

Post a Comment