Monday 8 July 2013

ပြည်တွင်း၌ ရောင်းချလျက်ရှိသည့် အလှကုန် ပစ္စည်းများ အားလုံးမှာ သွင်းကုန်လိုင်စင် မလိုဘဲ တင်သွင်းရသည့် ကုန်စည်ဖြစ်ပြီး အရည်အသွေးပိုင်းဆိုင်ရာ ထောက်ခံချက် မရှိကြောင်း သိရ

မြန်မာနိုင်ငံတွင်းသို့ ပြည်တွင်း၊ ပြည်ပမှ တင်သွင်းရောင်းချလျက်ရှိသော အလှကုန် ပစ္စည်းများ အားလုံး မှာ သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုဘဲ တင်သွင်းရသည့် ကုန်စည်ဖြစ်ပြီး အရည်အသွေးပိုင်း ဆိုင်ရာ ထောက်ခံချက် မရှိကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အနေဖြင့် ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထား ရယူရန်မလိုဘဲ တင်ပို့တင်သွင်းခွင့်ပြုသည့် အမိန့်ကြော်ငြာစာအမှတ် ၁၆/၂၀၁၃ ကို ၂၀၁၃ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ခဲ့သည့် ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားရန် မလိုသည့် စာရင်းတွင် ပို့ကုန်ပစ္စည်း ၁၅၂ မျိုးနှင့် သွင်းကုန်ပစ္စည်း ၁၆၆ မျိုး ပါဝင်ပြီး တင်သွင်းခွင့်လိုင်စင် လျှောက်ထားရန် မလိုအပ်သည့် ကုန်စည်စာရင်း အမှတ်စဉ် ၃၆ တွင် အလှကုန် ပစ္စည်းမျိုးစုံဟု ဖော်ပြပါရှိကြောင်း သိရသည်။
လက်ရှိတွင် အလှကုန်ပစ္စည်း ဈေးကွက်အတွင်း၌ ဂျပန်နိုင်ငံမှ တင်သွင်းဖြန့်ဖြူး ရောင်းချလျက်ရှိသည့် Kanebo တံဆိပ် အလှကုန်ပစ္စည်း အမျိုးအစား ၁၀ မျိုးကျော်ကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းယူခြင်းများ ရှိနေပြီး ပင်ရင်းထုတ်လုပ် ဖြန့်ဖြူးလျက်ရှိသည့် ဂျပန်နိုင်ငံရှိ ရုံးချုပ်သို့ သုံးစွဲသူများမှ အရေပြားဆိုင်ရာ ထိခိုက်မှုအတွက် တိုင်ကြားမှုများ ရှိလာခြင်းကြောင့် . . . . .
ယင်းအပြင် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) အနေဖြင့်လည်း ၂၀၁၁ ခုနှစ်အတွင်း၌ ASEAN Cosmetic Directive အရ မြန်မာနိုင်ငံတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသည့် အလှကုန် ပစ္စည်းများ အနေဖြင့် FDA သို့ လာရောက်၍ မှတ်တမ်း (Notification)ပြုလုပ် ရန် ဆောင်ရွက် မှုများ ရှိခဲ့သော်လည်း အချို့တံဆိပ်များမှာ မှတ်တမ်းတင်ထားပြီး မှတ်တမ်းမတင်ထားသည့် အလှကုန် တံဆိပ်များလည်း ဈေးကွက်အတွင်း ရောင်းချမှုရှိကြောင်း သိရသည်။
"ပြည်ပက တင်သွင်းလာတဲ့ အလှကုန်တွေနဲ့ ပြည်တွင်းမှာ ရောင်းချနေတဲ့ အလှကုန် ပစ္စည်းတွေ အနေနဲ့ ASEAN Cosmetic Directive  မှာ မှတ်တမ်းတင်ရပါမယ်။ မှတ်တမ်းတင်တယ် ဆိုတာက သွင်းလာတဲ့ ပစ္စည်းတွေကို ဘယ်ဆိုင်မှာ ဘယ်လောက်ပို့ထားပြီးပြီ၊ ဘယ်နေရာတွေကို ဖြန့်ချိထားတယ်ဆိုတဲ့ အချက်တွေနဲ့ အတူ တံဆိပ်ကို အမည်မှတ်တမ်း တင်ရတာပါ။ FDA အနေနဲ့ အရည်အသွေးပိုင်းဆိုင်ရာနဲ့ ပါဝင်ပစ္စည်းတွေကို စစ်ဆေးပြီး ထောက်ခံချက်ပေးတာ မဟုတ်ပါဘူး။" ဟု FDA မှ ညွှန်ကြားရေးမှူး က ပြောကြားခဲ့သည်။
လက်ရှိတွင် အလှကုန်ပစ္စည်း ဈေးကွက်အတွင်း၌ ဂျပန်နိုင်ငံမှ တင်သွင်းဖြန့်ဖြူး ရောင်းချလျက်ရှိသည့် Kanebo တံဆိပ် အလှကုန်ပစ္စည်း အမျိုးအစား ၁၀ မျိုးကျော်ကို ဈေးကွက် အတွင်းမှ ပြန်လည် သိမ်းယူခြင်းများရှိနေပြီး ပင်ရင်းထုတ်လုပ် ဖြန့်ဖြူးလျက်ရှိသည့် ဂျပန်နိုင်ငံရှိ ရုံးချုပ်သို့ သုံးစွဲသူများမှ အရေပြားဆိုင်ရာ ထိခိုက်မှုအတွက် တိုင်ကြားမှုများ ရှိလာခြင်းကြောင့် မိမိတို့ ဖြန့်ဖြူးရောင်းချ ထား သည့် နိုင်ငံများသို့ အဆိုပါ တံဆိပ်မှ အမျိုးအစား အချို့ကို ပြန်လည်သိမ်းယူခိုင်းခြင်း ဖြစ်ကြောင်း သတင်း များ ထွက်ပေါ်ခဲ့သည်။
"Cosmetic ကိုတော့ တစ်မျိုးတည်းကိုပဲ စွဲပြီးသုံးဖြစ်နေတယ်။ အဲဒီ တစ်မျိုးတည်းကပဲ ကိုယ်နဲ့ အဆင်ပြေနေတာဆိုတော့ သုံးနေတာ သုံးနှစ်လောက် ရှိပြီ" ဟု သရုပ်ဆောင် ၀တ်မှုန်ရွှေရည် က ပြောပြသည်။
ပြည်တွင်းဈေးကွက် အတွင်း၌ ပြည်တွင်းပြည်ပမှ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိသည့် အလှကုန် တံဆိပ်များမှာ ထောင်ကျော်ရှိပြီး နယ်စပ်မှ တစ်ဆင့်လည်း အရည်အသွေးနိမ့်သည့် တန်ဖိုးနည်း အလှကုန် ပစ္စည်းများမှာ နေ့စဉ်ဝင်ရောက်လျက် ရှိနေသည်။

From...EMG

No comments:

Post a Comment