Tuesday, 5 February 2013

Facebook တွင် Unfriend လုပ်ခြင်း၏ အကျိုးဆက်


သင့်ကို Facebook မှာ သင့်ရဲ့ သူငယ်ချင်း တစ်ယောက်လောက်က Unfriend လုပ်သွားတာ သင်သိရပြီဆိုရင် အဲ့ဒီအကြောင်းကို တအုံ့နွေးနွေးနဲ့ အမြဲတမ်း ပြန်စဉ်းစားမိနေတာ ဖြစ်ဖူးတယ် မဟုတ်ပါလား....

Colorado တက္ကသိုလ်က လေ့လာမှုတစ်ခုမှာ တွေ့ရှိခဲ့တာက Online မှာ ဆက်ဆံရေး ရပ်ဆဲလိုက်မယ်ဆိုရင် တကယ့်လက်တွေ့ဘ၀နယ်ပယ်မှာပါ အကျိုးသက်ရောက်မှုရှိပြီး အခင်အမင်တွေ ပျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

လင်မယားနှစ်ယောက်ကိုဖမ်း ၊ ယောကျာင်္းကို ငယ်ပါဖြတ်သတ် ၊ အမျိုးသမီးကို အခုထိဖမ်းပြီး သတင်းဖျောက်ထားတဲ့ ကေအိုင်အေ ဗိုလ်မှူးတစ်ဦးရဲ့ လုပ်ရပ်

ကိုထွန်းအောင်ကျော်နဲ့ ဇနီးမသင်းသင်းအောင် တို့ဟာ တရုတ်ပြည်ကနေ မြစ်ကြီးနားကို မိုဘိုင်းဖုန်းနဲ့ဖုန်းအပိုပစ္စည်းသယ်ယူရောင်း ချတဲ့ အလုပ်လုပ်ကိုင်ပါတယ် ။(၁၈-၁၂-၂၀၁၂) ရက်နေ့ မှာ သူတို့ လင်မယား တရုတ်ပြည်ကနေ လိုင်ဇာကို ပြန်အဝင်မှာပဲ လိုင်ဇာမြို့ဟာ

စိတ်ပိုင်းဆိုင်ရာချို့တဲ့သည့် ကလေးများအား လင်းပိုင်ဖြင့်ကုသမှု အောင်မြင်

တရုတ်နိုင်ငံများတွင် စိတ်ပိုင်းဆိုင်ရာ အားနည်းချို့တဲ့မှု ရှိနေသော ကလေးငယ်များကို လင်းပိုင်များ အသုံးပြုသည့် ကုထုံးဖြင့် ကုသမှုများ အဆင်ပြေနေကြောင်း သိရှိရသည်။ ပုလင်းပုံ နှာခေါင်းနှင့် လင်းပိုင်စုံတွဲကို ဟန်ဇူး ပိုလာအိုးရှင်း အဏ္ဏဝါဥယျာဉ်တွင် တစ်နေ့ (၁၅)ကြိမ် အသုံးပြုကာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့တဲ့သော ကလေးများကို ကုသပေးနေကြောင်း ဖခင်တစ်ဦးဖြစ်သော ဇန်ဂျွန်းက ရှင်းပြခဲ့သည်။

ဖိလစ်ပိုင်ကို အနိုင်ကစားမည်ဟု ဆိုလာခဲ့သည့် မြန်မာ နည်းပြချုပ် ပတ်ဆောင်ဟွာ


မြန်မာ့လက်ရွေးစင် နည်းပြချုပ် ပတ်ဆောင်ဟွာက ဖေဖော်ဝါရီ (၆)ရက်တွင် ကစားမည့် ဖိလစ်ပိုင်နှင့် ခြေစမ်းပွဲတွင် ဖိလစ်ပိုင်ကို အနိုင်ကစားသွားမည်ဟု ဖွင့်ဟခဲ့ကြောင်း သိရသည်။ မြန်မာအသင်းသည် သမိုင်းတစ်လျှောက် အနိုင်ရခဲ့သည့် ဖိလစ်ပိုင်ကို ပြီးခဲ့သည့် ဆူဇူကီးဖလား ပြိုင်ပွဲတွင် ပထမဆုံး အကြိမ်အဖြစ် ရှုံးနိမ့်ခဲ့ရာ ယခုတစ်ကြိမ်တွင် ပြန်လည် အနိုင်ကစားသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

တန်ဖိုးနည်းဖုန်းကတ် ပြည်သူအများစု လက်လှမ်းမီမလား

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက အများစု လက်လှမ်းမီနိုင်သော ဈေးနှုန်းဖြင့် မိုဘိုင်းလ်ဖုန်းများ ချထားပေးမည်ဟု သတင်းထုတ်ပြန်ပြီးနောက် ဈေးကွက်တွင် မိုဘိုင်းလ်ဖုန်းကတ်(SIM Card) အရောင်းအ၀ယ်များ ရပ်ဆိုင်းသွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ဟန်လင်း ပျူမြို့ဟောင်းတွင် မြေတူးဖော်ရာမှ အရိုးမြေအိုးနှစ်လုံး တွေ့ရှိရ



ha-4-2-12ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်ရှိ ဟန်လင်းပျူမြို့ဟောင်းတွင် ဖေဖော်ဝါရီလ (၁) ရက်နေ့၌ ဘုန်းကြီးကျောင်းဆောင် ဆောက်လုပ်ရန် လိုင်းကျင်း တူးဖော်ရာမှ အရိုးမြေအိုးနှစ်လုံးအား တွေ့ရှိခဲ့ရကြောင်း သတင်းရရှိသည်၊၊ ဟန်လင်း ပျူမြို့ဟောင်းရှိ ရွှေတင့်ဒင်

ဆောင်းခိုငှက်များနှင့် ရေပျော်ငှက်များ အများအပြား ကျက်စားလျက်ရှိသော မုတ္တမ ပင်လယ်ကွေ့အား မြန်မာနိုင်ငံ၏ ဒုတိယမြောက် Ramsar Site အဖြစ် သတ်မှတ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိ

Photo: ဆောင်းခိုငှက်များနှင့် ရေပျော်ငှက်များ အများအပြား ကျက်စားလျက်ရှိသော မုတ္တမ ပင်လယ်ကွေ့အား မြန်မာနိုင်ငံ၏ ဒုတိယမြောက် Ramsar Site အဖြစ် သတ်မှတ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိ  
Tuesday, February 05, 2013 

ဆောင်းခိုငှက်နှင့် ရေပျော်ငှက်များ အများအပြား ကျက်စားလျက်ရှိသော မုတ္တမပင်လယ်ကွေ့အား မြန်မာနိုင်ငံ ဒုတိယမြောက် Ramsar Site အဖြစ် သတ်မှတ်သွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ၂၀၁၃ ခုနှစ် ကမ္ဘာ့ရေတိမ် ဒေသများနေ့ World Wetlands Day 2013 အထိမ်း
အမှတ်နှင့် မုတ္တမ ပင်လယ်ကွေ့အား Ramsar Site အဖြစ် သတ်မှတ်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ရေတိမ်ဒေသ ပေါကြွယ်ဝခဲ့မှုနှင့် သဘာဝအလျှောက်
ပြောင်းလဲလာမှုများကို လူတွေရဲ့ ဆောင်ရွက်မှုတွေကြောင့် မိမိတို့၏ ပတ်ဝန်းကျင်တွင် ရေတိမ်ဒေသများ လျော့နည်းလာခြင်း တဖြည်းဖြည်း တိမ်းကောပျောက်ကွယ်လာခြင်းများ ဖြစ်ပေါ်လာရပြီး ရေတိမ်ဒေသတွေ
ကနေ ရရှိနိုင်သော သယံဇာတတွေနှင့် ဂေဟစနစ် တန်ဖိုးတွေ လက်လွှတ်ဆုံးရုံးနေရကြောင်း သိရှိရသည်။

ဆောင်းခိုငှက်များနှင့် ရေပျော်ငှက်တွေသာမက ရေတိမ်ဒေသများက ရရှိသော ဂေဟစနစ် ၀န်ဆောင်မှုများ Wetland Ecosystem Services နှင့် ရေတိမ်ဒေသများကို စနစ်တကျ မှန်ကန်စွာ အသုံးပြုနိုင်ရေး Wise Use 0f Wetland ကိုပါ ဆောင်ရွက်ခဲ့ကြပြီး အဆိုပါ နိုင်ငံတကာ သဘောတူညီချက်အရ ၁၉၇၅ ခုနှစ်တွင် တရားဝင်အဖြစ် ပေါ်ထွက်လာခဲ့ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၁၆၄ နိုင်ငံ ပါဝင်သော အဖွဲ့အစည်းတစ်ရပ်အဖြစ် ရပ်တည်ဆောင်ရွက်ခဲ့ပြီး  ကမ္ဘာ့ဒေသ အသီးသီးတွင် Ramsar Site ပေါင်း ၂၀၈၃ နေရာ သတ်မှတ်နိုင်ခဲ့ပြီး ခန့်မှန်းချေ ဧရိယာ ဟက်တာသန်းပေါင်း ၁၉၇ ပမာဏ ရှိသော ရေတိမ်ဒေသများကို ထိန်းသိမ်းကာကွယ်
စောင့်ရှောက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ရေတိမ်ဂေဟစနစ်များ ဖြစ်သော အင်းလေးကန်ဒေသ၊ အင်းတော်ကြီးဒေသ၊ မိုးယွန်းကြီးအင်း ဘေးမဲ့တော၊ မိန်းမလှကျွန်းဘေးမဲ့တောများတွင် ကမ္ဘာ့ရေတိမ်ဒေသနေ့ မတိုင်မီ ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်စေရန် ပိုစတာများ စတစ်ကာများနှင့် လက်ကမ်းစာစောင်များအား မြန်မာနိုင်ငံ ငှက်ဝါသနာရှင် အသင်းများနှင့် ပူးပေါင်း၍ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံရှိ ရေတိမ်ဒေသများတွင် ဆောင်ခိုငှက်များ ပျံသန်းနားခိုရာ လမ်းကြောင်းမှာ ကျရောက်ပြီး အဓိက လမ်းကြောင်းနှစ်ခုဖြစ်သော Central Asian Flyway နှင့် East Asian Australasian Flyway တို့အတွင်း ပါဝင်ပြီး နှစ်စဉ် ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်များ ဆောင်းရာသီ ကာလတွင် ကျရောက်ကျက်စားလျက် ရှိပြီး ရုရှားနိုင်ငံ ကမ်ချက်တာ ကျွန်းဆွယ်ဒေသမှာ ကျက်စားသော ရေညှောင့်နှုတ်ဝိုင်းငှက် Spoon-billed Sand piper ငှက်မျိုးစိတ်သည် Critically Endangrerd မျိုးသုန်းလုနီးပါး အန္တရာယ် ကျရောက်နေသော ရေပျော်ငှက်မျိုးစိတ် ဖြစ်ပြီး တစ်ကမ္ဘာလုံးတွင်
ကောင်ရေ ၁၄၀ မှ ၄၀၀ ခန့်အတွင်းသာ ကျန်ရှိတော့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် မိုးယွန်းကြီးအင်း တစ်နေရာတည်းကိုသာ Ramsar Site သတ်မှတ်ထားနိုင်သေးပြီး နိုင်ငံအတွင်းတွင် ထူးခြားသော
ရေတိမ်ဒေသများကို Ramsar Site အဖြစ် တိုးမြှင့်သတ်မှတ်
ဆောင်ရွက်သွားရန်ရှိကြောင်း သိရှိရပါသည်။

Eleven Media Group

ဆောင်းခိုငှက်နှင့် ရေပျော်ငှက်များ အများအပြားကျက်စားလျက် ရှိသော မုတ္တမပင်လယ်ကွေ့အား မြန်မာနိုင်ငံ ဒုတိယမြောက် Ramsar Site အဖြစ် သတ်မှတ်သွားရန်စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ၂၀၁၃ ခုနှစ် ကမ္ဘာ့ရေတိမ် ဒေသများနေ့ World Wetlands Day 2013 အထိမ်းအမှတ်နှင့် မုတ္တမပင်လယ်ကွေ့အား Ramsar Site အဖြစ် သတ်မှတ်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် သတင်းရရှိသည်။

နှစ် ၆၀ ကျော် ပြည်တွင်းစစ် ကချင်ပြည်နယ် မှာ အဆုံးသတ်မယ်




ဒီကနေ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် KIO တို့ ဖေဖော်ဝါရီ ၄ ရက်၊ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ တရုတ်နိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးအပြုသဘောဆောင်သည့် ပူးတွဲကြေငြာချက် တစ်ခု ထုတ်ပြန်ခဲ့ကြောင်းတွေ့ရပါသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကချင်ပြည်နယ် အတွင်း နှစ်ဖက်တပ်များ တိုက်ပွဲများဖြစ်ပွားခဲ့ရာပြည်သူများ စိတ်မချမ်းမသာဖြစ်ခဲ့ရသည်။ ကချင်ပြည်နယ်
အတွင်း ပျက်စီးမှု မှန်သမျှသည် မြန်မာလူမျိုးတိုင်း အထူးသဖြင့် ကချင်ပြည်နယ် အတွင်းရှိ

Monday, 4 February 2013

ရန်ကုန်မှာ ဆီတင်သဘောင်္နှစ်စင်း မီးလောင်


ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီနှင့် ကေအိုင်အို တို့၏ ပူးတွဲကြေညာချက်


ရထားတိုက်မှု၊ ရထားပေါ်မှ ပြုတ်ကျသေဆုံးမှု ဖြစ်စဉ်များ မြို့ပတ်ရထားနှင့် နေပြည်တော်-မန္တလေး အမြန်ခရီးစဉ် လမ်းပိုင်းများတွင် အများဆုံး ဖြစ်ပွား၊ နှစ်နှစ်အတွင်း သေဆုံးသူ ၂၀၀ ကျော် ရှိခဲ့


2.4.5ရန်ကုန်မြို့အတွင်းပြေးဆွဲနေသောရထားခရီးစဉ်တစ်ခုမြင်ကွင်း
ရထားတိုက်မှု၊ ရထားပေါ်မှ ပြုတ်ကျသေဆုံးသည့် ဖြစ်စဉ်များကို မြို့ပတ်ရထား ခရီးစဉ်လမ်းပိုင်း များနှင့် နေပြည်တော်-မန္တလေး အမြန်ခရီးစဉ် လမ်းပိုင်းများတွင် အများဆုံး ဖြစ်ပွားနေပြီး နှစ်နှစ် အတွင်း သေဆုံးသူဦးရေ ၂၀၀ ကျော် ရှိခဲ့ကြောင်း မြန်မာနိုင်ငံ

သင်သိဖို့ လိုအပ်မည့် အင်္ဂလိပ် စကားပြော ဥပဒေ ၅ ချက်


၁။ အင်္ဂလိပ် grammar ကို အများကြီး မလေ့လာပါနှင့်။
ဒီအချက်ဟာ အင်္ဂလိပ်စာ လေ့လာသူတွေအတွက် ထူးဆန်းနေပါတယ်။ ဒါပေမယ့် အင်္ဂလိပ် စကားပြောရာမှာ အရေးအကြီးဆုံး အချက်ပါပဲ။ သင်စာမေးပွဲ အောင်ဖို့ဆိုရင်တော့ အင်္ဂလိပ် grammar ကို တတ်ဖို့လိုပါလိမ့်မယ်။သို့သော် လည်း အင်္ဂလိပ် စကားကို ကျွမ်းကျင်စွာ ပြောတတ်ချင်ရင်တော့ အင်္ဂလိပ်စာကို grammar မပါပဲ လေ့လာသင့်ပါတယ်။ အင်္ဂလိပ် grammar လေ့လာခြင်းဟာ

အသင်းလိုက် စုစည်းမှု မရှိခြင်းသည် ရလဒ်ဆိုးရွား နေခြင်း၏ အဓိက အကြောင်းရင်းဟု ရတနာပုံ အသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်း ဖွင့်ဟ

မီဒီယာများ၏ ၀ိုင်းဝန်း မေးမြန်းမှုကို ပြန်လည် ဖြေကြားနေသည့် ဒေါက်တာစိုင်း
လတ်တလောတွင် ရလဒ်များ ဆိုးရွားနေကာ အမှတ်ပေးဇယား နံပါတ်(၈) နေရာသို့ ရောက်ရှိနေသည့် ရတနာပုံ အသင်း၏ ပိုင်ရှင်ဖြစ်သူ ဒေါက်တာ စိုင်းဆမ်ထွန်းက အသင်း၏ ရလဒ်များ

အစိုးရ နှင့် KIA ငြိမ်းချမ်းရေး ဆွေးနွေးနေပြီ

ဦးအောင်မင်းဦးဆောင်သောငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့နှင့် ကေအိုင်အို၊ကေအိုင်အေမှ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံရွှေလီမြို့တွင် ယနေ့နံနက်မှ စတင်ကာငြိမ်းချမ်းရေးအတွက်တွေ့ဆုံဆွေးနွေးေ နကြပြီဖြစ်သည်။ကချင်ပြည်နယ်က  ပြည်သူများ၊ တနိုင် တပိုင် စီးပွားရေး လုပ်ငန်းသူများမှ အစ  စီးပွားရေး လုပ်ငန်းရှင်ကြီးများအထိ အစိုးရ

'နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းကတော့ တည်ဆဲနိုင်ငံသား ဥပဒေနဲ့ပဲ ဆိုင်တယ်' လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် တွေ့ဆုံခြင်း

ha-4-2-6လတ်တလောတွင် သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေဆဲ ကာလဖြစ်သည့်အတွက်၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းနှင့် ပတ်သက်သော အကြောင်းအရာများ၊ ၂၀၁၂ ခုနှစ် ရခိုင်အရေးအပြီး ပြင်ဆင်မှု၊ နယ်စပ်ဒေသများ၏ လုံခြုံမှု၊ နိုင်ငံသား မဟုတ်သူများအပေါ် ဧည့်နိုင်ငံသား သတ်မှတ်မှု၊ ခိုးဝင်ဘင်္ဂါလီများနှင့် ပတ်သက်သော မှတ်ချက်များ စသည်တို့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြအပ်ပါသည်။

မြန်မာနိုင်ငံ၏ အခြေခံပညာရေး ကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၂၂ သန်း အား သြစတေးလျနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့မှ ထောက်ပံပေးအပ်

သြစတြေးလျနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့မှ မြန်မာနိုင်ငံ၏ အခြေခံပညာ ကဏ္ဍ မူလတန်း ပညာရေးအတွက် ဒေါ်လာ ၂၂ သန်း ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဝန်ကြီးသစ်ကယ်ရီ ကမ္ဘာခေါင်းဆောင်တွေကို ဖုံးနဲ့နှုတ်ဆက်

သောကြာနေ့ကမှ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ် ဖြစ်လာတဲ့ ဂျွန်ကယ်ရီ (John Kerry) ဟာ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်အတွင်း တခြားနိုင်ငံ ခေါင်းဆောင်တွေကို တယ်လီဖုန်းနဲ့ ပထမဆုံးအကြိမ် ဆက်သွယ် စကားပြောခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နာ တန်ယာဟူး (Benjamin Netanyahu) နဲ့ ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အာဘက်စ် (Mahmoud Abbas)တို့ကို မစ္စတာကယ်ရီဖုန်းနဲ့ ဆက်သွယ်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
 

ပြည်တွင်းလုပ် ဂျက်တိုက် လေယာဉ်သစ် အီရန် ထုတ်ဖော်ပြသ

ပြည်တွင်းလုပ် ဂျက်တိုက် လေယာဉ်သစ် အီရန် ထုတ်ဖော်ပြသ

အီရန် နိုင်ငံသည် ပြည်တွင်းလုပ် အဆင့်မြင့် နည်းပညာသုံး Qaher-313 ဂျက်တိုက် လေယာဉ်သစ်ကို ဖေဖော်ဝါရီ ၂ ရက်တွင် ပြုလုပ်သည့် ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်    တော်လှန်ရေး အောင်ပွဲ အထိမ်းအမှတ် Ten-Day Dawn အခမ်းအနားတွင် ထုတ်ဖော်ပြသ ခဲ့ကြောင်း အီရန်ကာကွယ် ရေးဝန်ကြီး ဌာနက ထုတ်ဖော် ပြောကြား ခဲ့သည်။

 ယင်းအခမ်း အနားသို့ အီရန် သမ္မတ မာမွတ်အာမက် ဒီနီဂျက်နှင့် စစ်ဘက် ဆိုင်ရာ အဆင့်မြင့် အရာရှိများ တက်ရောက် ခဲ့ကြောင်း သိရသည်။ အဆင့်မြင့်နည်း ပညာသုံး အဆိုပါ တိုက် လေယာဉ်သစ် တည်ဆောက်မှု စီမံကိန်းကို ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီ လက အီရန် လေတပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန တို့က ပူးပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ် မိုဟာမက်ရီဇာ ကာရှ်ကီက ပြောကြားခဲ့ သည်။

အဆိုပါ ဂျက်တိုက် လေယာဉ်သည် အမေရိကန် နိုင်ငံလုပ် F/A-18 တိုက် လေယာဉ်နှင့် ဆင်တူပြီး F-5E/F Tiger 2 တိုက်လေယာဉ် နှင့်လည်း  ဆင်တူကြောင်း သိရသည်။ လေယာဉ်မှူးတစ်ဦး သာလိုက် ပါနိုင်သော ယင်းလေယာဉ် သစ်သည် ရန်သူ လေယာဉ်များ ကိုတိုက်ခိုက် ဖျက်ဆီးနိုင် စွမ်း ရှိပြီး မြေပြင်ရှိ ပစ်မှတ် နေရာများကို  ပစ်ခတ် နိုင်စွမ်းရှိ သည့်အပြင် ဒုံးကျည်များနှင့် လက်နက် ခဲယမ်းများ ကိုလည်း သယ်ဆောင်နိုင် စွမ်းရှိသည်။

အီရန် နိုင်ငံသည် မကြာသေးမီ နှစ်များက ကာကွယ်ရေး ကဏ္ဍတွင် ကြီးမား သောအောင်မြင် မှုများကို ရရှိခဲ့ပြီး အရေးပါသော စစ်ဘက်ဆိုင်ရာ ပစ္စည်းများနှင့် ကာကွယ်ရေး စနစ်များကို  ကိုယ်တိုင် ထုတ်လုပ်နိုင်စွမ်းများ ရရှိခဲ့သည်။ Aza- rakhsh တိုက်လေယာဉ်သည်  အီရန် နိုင်ငံ၏ ပထမ ဆုံး ပြည်တွင်းလုပ်တိုက် လေယာဉ်တစ်စင်း ဖြစ်ကြောင်း သိရသည်။   

http://bit.ly/Vy1LjD
အီရန် နိုင်ငံသည် ပြည်တွင်းလုပ် အဆင့်မြင့်နည်းပညာသုံး Qaher-313 ဂျက်တိုက် လေယာဉ်သစ်ကို ဖေဖော်ဝါရီ ၂ ရက်တွင် ပြုလုပ်သည့် ၁၉၇၉ ခုနှစ် အစ္စလာမ်မစ် တော်လှန်ရေး အောင်ပွဲအထိမ်းအမှတ် Ten-Day Dawn အခမ်းအနားတွင် ထုတ်ဖော်ပြသခဲ့ကြောင်း အီရန် ကာကွယ် ရေးဝန်ကြီး ဌာနကထုတ်ဖော် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အရက်သောက်သုံးမှုနှုန်း မြင့်မားလာကြောင်း စာတမ်းတစ်စောင် ဖော်ပြ

မြန်မာနိုင်ငံတွင် အရက်သောက်သုံးမှုနှုန်း မြင့်မားလာကြောင်း စာတမ်းတစ်စောင် ဖော်ပြ  
Sunday, 03 February 2013

မြန်မာနိုင်ငံတွင် အရက်သောက်သုံးမှုနှုန်းသည် ယခင်နှစ်များကထက်
မြင့်မားနေကြောင်း ဇန်န၀ါရီလအတွင်း ကျင်းပသည့် (၄၁) ကြိမ်မြောက်
မြန်မာ နိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံတွင် တင်သွင်းခဲ့သည့် သုတေသန စာတမ်းတစ်စောင်အရ သိရသည်။

အဆိုပါ သုတေသန စာတမ်းကို မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ တွင် စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်ရာ အသက် ၁၅ နှစ်မှ ၆၄ နှစ် အတွင်းရှိ အမျိုးသား၊ အမျိုးသမီး ဦးရေ ၇၄၂၉ ဦးကို သုတေသန ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး STEPS Chronic Diseases Risk Factor Survey, Myanmar (2009) မှ အချက်အလက်များကို အခြေခံ၍ တစ်နိုင်ငံလုံး အရက်သောက်သုံးမှု အခြေအနေကို စူးစမ်းဖော်ထုတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ သုတေသန စာတမ်းကို ကျန်းမာရေး ဦးစီးဌာန၊ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်)၊ နိုင်ငံခြား ဆက်သွယ်ရေးဌာန၊ ဆေးသိပ္ပံ
ပညာ ဦးစီးဌာန၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်တို့မှ ကျန်းမာရေးဆိုင်ရာ ပညာရှင်များ စုပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စာတမ်းတွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အမျိုးသားများ၏ အရက်သောက်သုံးမှုနှုန်းမှာ ၃၁ ရာခိုင်နှုန်းနှင့် အမျိုးသမီးများ၏ အရက်
သောက်သုံးမှုနှုန်းမှာ ၁ ဒသမ ၅ ရာခိုင်နှုန်းခန့် ရှိသည်ဟု ဖော်ပြထား သည်။

၂၀၀၃ ခုနှစ် အတွင်းက ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အမျိုးသား/ အမျိုးသမီး အရက်သောက်သုံးမှုနှုန်းကို စစ်တမ်းကောက်ယူခဲ့ရာ အမျိုးသားများတွင် ၂၆ ရာခိုင်နှုန်းနှင့် အမျိုးသမီးများတွင် တစ်ရာခိုင်နှုန်း ခန့်သာ ရှိသည့်အတွက် ယခုညီလာခံတွင် တင်သွင်းခဲ့သည့် သုတေသန စာတမ်းနှင့် နှိုင်းယှဉ်ပါက ပိုမိုမြင့်တက်လာကြောင်း တွေ့ရှိခဲ့ရသည်။

အသက်အရွယ်အလိုက် အရက်သောက်သုံးမှုနှုန်းကို စစ်တမ်း
ကောက်ယူခဲ့ရာ အမျိုးသားများတွင် အသက် ၂၄ နှစ်မှ ၃၄ နှစ်အတွင်း၊ အမျိုးသမီးများတွင် အသက် ၂၃ နှစ်မှ ၂၄ နှစ်အတွင်း ရှိသူများ
သောက်သုံးမှု အများဆုံး ဖြစ်နေကြောင်း စာတမ်းအရ သိရသည်။

“စစ်တမ်းကောက်ယူခဲ့တုန်းက ဒီနိုင်ငံမှာ အရက်သောက်သုံးမှုနှုန်း ဘယ်လောက်ရှိသလဲ ဆိုတာကိုပဲ အဓိက ကောက်ခဲ့ပါတယ်။ အရက်သောက်တဲ့လူ ၁၀၀ မှာ ၁၅ ဦးလောက်က အရက်ကို အလွန်အကျွံ သောက်နေတာ တွေ့ခဲ့ရတယ်။ အရင် ၂၀၀၃ ခုနှစ်တုန်းက ရန်ကုန်တိုင်း ဒေသကြီး တစ်ခုတည်းကိုပဲ အရက်သောက်သုံးမှုနှုန်းနဲ့ ပတ်သက်ပြီး စစ်တမ်းကောက်ခဲ့ဖူးတယ်။ အဲဒီစစ်တမ်းနဲ့ အခုစစ်တမ်းယှဉ်ရင် အရက်သောက်သုံးမှုနှုန်း မြင့်တက်လာတာ တွေ့လာရပါတယ်။ နောက်
အရက်သောက်တဲ့သူမှာ ဆေးလိပ်ပိုသောက်တယ်၊၊ ဆေးလိပ်သောက်တဲ့ သူမှာလည်း အရက်ပိုသောက်တာကို တွေ့ခဲ့ရတယ်။ ပြောရရင် ဆေးလိပ်နဲ့ အရက်က ဆက်စပ်မှု ရှိနေတာကို တွေ့ခဲ့ရတာပါ” ဟု သုတေသန စာတမ်း တင်သွင်းရာတွင် ပါဝင်ခဲ့သည့် ဆေးသုတေသန ဦးစီးဌာန (အောက် မြန်မာပြည်) မှ ဒေါက်တာကိုကိုဇော်က ပြောသည်။

တစ်နိုင်ငံလုံး အနေဖြင့် အရက်သောက်သုံးသူ ၁၉ ရာခိုင်နှုန်းရှိပြီး ယင်းတို့အနက် အမျိုးသားများတွင် ၄၅ ရာခိုင်နှုန်း၊ အမျိုးသမီးများတွင် သုံးရာခိုင်နှုန်းရှိကြောင်း၊ အမျိုးသားများ၏ ၂၅ ရာခိုင်နှုန်းနှင့် အမျိုးသမီးများ၏ ၂ ဒသမ ၉ ရာခိုင်နှုန်းမှာတစ် နေ့လျှင် ငါးကြိမ်နှင့်အထက် အရက်သောက်သုံး နေသူများ ဖြစ်ကြောင်း စာတမ်းအရ သိရသည်။ မြန်မာနိုင်ငံတွင် အရက်သောက်သုံးမှု ဆိုင်ရာ ခန့်မှန်းတွက်ချက်မှုများနှင့် ပတ်သက်၍ ၂၀၁၁ ခုနှစ်အတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်ပြန်ရာတွင် အရက်သောက်သုံးသူ ပမာဏ၏ ၈၃ ရာခိုင်နှုန်းသည် ဘီယာသောက်သုံး ကြခြင်းဖြစ်ပြီး ကိုးရာခိုင်နှုန်းမှာ ၀ိုင်သောက်သုံးကြောင်း၊ ရှစ်ရာခိုင်နှုန်းမှာ အရက်ပြင်းများ သောက်သုံးကြခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Eleven Media Group

မြန်မာနိုင်ငံတွင် အရက်သောက်သုံးမှုနှုန်းသည် ယခင်နှစ်များက ထက်မြင့်မားနေကြောင်း ဇန်န၀ါရီလအတွင်း ကျင်းပသည့် (၄၁) ကြိမ်မြောက်မြန်မာ နိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွင် တင်သွင်းခဲ့သည့် သုတေသန စာတမ်းတစ်စောင်အရ သိရသည်။

လှိုင်သာယာ မြို့နယ်တွင် ဖေဖော်ဝါရီ ၃ ရက် ညပိုင်းက မီးလောင်မှု ဖြစ်ပွားရာ အိမ်ခြေ ၁၅ လုံးနှင့် အဆောင် ၇ လုံး ပျက်စီး

လှိုင်သာယာ မြို့နယ်တွင် ဖေဖော်ဝါရီ ၃ ရက် ညပိုင်းက မီးလောင်မှု ဖြစ်ပွားရာ အိမ်ခြေ ၁၅ လုံးနှင့် အဆောင် ၇ လုံး ပျက်စီး 


လှိုင်သာယာမြို့နယ်၊ အမှတ် (၅) ရပ်ကွက် မြရိပ်ညို ၅ လမ်းနှင့် ၆ လမ်းအကြားတွင် ဖေဖော်ဝါရီလ ၃ ရက် ညပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၅ လုံးနှင့် လှိုင်သာယာ စက်မှုဇုန် အလုပ်သမား အများစု နေထိုင်သည့် အဆောင် ၇ လုံး ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ကနဦး သတင်းများအရ သိရသည်။

“မီးဘယ်အချိန် လောင်မှန်းတောင် မသိပါဘူး။ မီးလောင်တဲ့ နေရာက အစ်ကိုတို့အိမ်နဲ့ အရမ်းနီးနေတော့ အထုပ်ဆွဲပြီး မီးလွတ်ရာကို ပြေးထွက်လာခဲ့ မိတာပါ” ဟု မီးလောင်မှု ဖြစ်စဉ်အနီးတွင် နေထိုင်သူ ကိုကျော်ဆန်းက ပြောပြခဲ့ပါသည်။

အဆိုပါ မီးလောင်မှု အကြောင်းအရင်းအား စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်းနှင့် မီးလောင်ကျွမ်းမှုမှာ ဖော်ဖော်ဝါရီလ ၃ ရက် ည ၇ နာရီ ၁၅ မိနစ် အချိန်ဝန်းကျင်တွင် စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ၈ နာရီ ၂၅ မိနစ် အချိန်တွင် ငြှိမ်းသက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မီးဘေးကြောင့် အိမ်ထောင်စု ၂၂၀ မှ လူဦးရေ ၇၂၅ ဦး မီးဘေးဒုက္ခ ရောက်ခဲ့ကြရကြောင်း မီးလောင်မှု ဖြစ်စဉ်တွင် စာရင်းဇယား ကောက်ယူနေသည့် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ မီးလောင်မှု ဖြစ်စဉ်သို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၄၉ စီး အထောက်အကူပြုယာဉ် ၃ စီးနှင့် အုပ်ချုပ်မှုယာဉ် ၅ စီးတို့ လာရောက် မီးငြှိမ်းသတ်ခဲ့ ကြကြောင်း သိရသည်။

Credit to : Eleven Media Group
https://www.facebook.com/excellencemedia
လှိုင်သာယာမြို့နယ်၊ အမှတ် (၅) ရပ်ကွက် မြရိပ်ညို ၅ လမ်းနှင့် ၆ လမ်းအကြားတွင် ဖေဖော်ဝါရီလ ၃ ရက် ညပိုင်းက မီးလောင်ကျွမ်း မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၅ လုံးနှင့် လှိုင်သာယာ စက်မှုဇုန်အလုပ် သမားအများစု နေထိုင်သည့် အဆောင် ၇ လုံး ပျက်စီး ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ကနဦးသတင်းများအရ သိရ သည်။