အီရန် နိုင်ငံသည် ပြည်တွင်းလုပ် အဆင့်မြင့်နည်းပညာသုံး Qaher-313
ဂျက်တိုက် လေယာဉ်သစ်ကို ဖေဖော်ဝါရီ ၂ ရက်တွင် ပြုလုပ်သည့် ၁၉၇၉ ခုနှစ်
အစ္စလာမ်မစ် တော်လှန်ရေး အောင်ပွဲအထိမ်းအမှတ် Ten-Day Dawn
အခမ်းအနားတွင် ထုတ်ဖော်ပြသခဲ့ကြောင်း အီရန် ကာကွယ် ရေးဝန်ကြီး ဌာနကထုတ်ဖော် ပြောကြားခဲ့သည်။
ယင်းအခမ်းအနားသို့ အီရန် သမ္မတမာမွတ်အာမက် ဒီနီဂျက်နှင့် စစ်ဘက်ဆိုင်ရာအဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြောင်းသိရသည်။ အဆင့်မြင့်နည်းပညာသုံးအဆိုပါ တိုက် လေယာဉ်သစ်တည်ဆောက်မှု စီမံကိန်းကို ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလက အီရန် လေတပ်နှင့်ကာကွယ်ရေး ဝန်ကြီးဌာနတို့က ပူးပေါင်း ပြု လုပ်ခဲ့ခြင်း ဖြစ်ကြောင်း
ဗိုလ်မှူးချုပ် မိုဟာမက်ရီဇာကာရှ်ကီက ပြောကြားခဲ့သည်။
အဆိုပါ ဂျက်တိုက် လေယာဉ်သည် အမေရိကန် နိုင်ငံလုပ် F/A-18 တိုက်
လေယာဉ်နှင့် ဆင်တူပြီး F-5E/F Tiger 2 တိုက်လေယာဉ် နှင့်လည်း ဆင်တူကြောင်း
သိရသည်။ လေယာဉ်မှူးတစ်ဦး သာလိုက် ပါနိုင်သော ယင်းလေယာဉ်သစ်သည် ရန်သူလေယာဉ်များကိုတိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းရှိပြီး မြေပြင်ရှိပစ်မှတ်နေရာ များ ကိုပစ်ခတ် နိုင်စွမ်းရှိသည့်အပြင် ဒုံးကျည်များနှင့်လက်နက်ခဲယမ်းများကိုလည်း သယ်ဆောင်နိုင်စွမ်းရှိ သည်။
အီရန် နိုင်ငံသည်
မကြာသေးမီ နှစ်များက ကာကွယ်ရေး ကဏ္ဍတွင် ကြီးမား သောအောင်မြင် မှုများကို
ရရှိခဲ့ပြီး အရေးပါသောစစ်ဘက်ဆိုင်ရာပစ္စည်းများနှင့် ကာကွယ်ရေးစနစ်များကို ကိုယ်တိုင်ထုတ်လုပ်နိုင် စွမ်းများရရှိခဲ့သည်။ Aza- rakhsh
တိုက်လေယာဉ်သည် အီရန် နိုင်ငံ၏ ပထမဆုံး ပြည်တွင်း လုပ် တိုက် လေယာဉ်တစ်စင်း
ဖြစ်ကြောင်း သိရသည်။
အီရန် နိုင်ငံသည် ပြည်တွင်းလုပ် အဆင့်မြင့်နည်းပညာသုံး Qaher-313 ဂျက်တိုက် လေယာဉ်သစ်ကို ဖေဖော်ဝါရီ ၂ ရက်တွင် ပြုလုပ်သည့် ၁၉၇၉ ခုနှစ် အစ္စလာမ်မစ် တော်လှန်ရေး အောင်ပွဲအထိမ်းအမှတ် Ten-Day Dawn အခမ်းအနားတွင် ထုတ်ဖော်ပြသခဲ့ကြောင်း အီရန် ကာကွယ် ရေးဝန်ကြီး ဌာနကထုတ်ဖော် ပြောကြားခဲ့သည်။
ယင်းအခမ်းအနားသို့ အီရန် သမ္မတမာမွတ်အာမက် ဒီနီဂျက်နှင့် စစ်ဘက်ဆိုင်ရာအဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြောင်းသိရသည်။ အဆင့်မြင့်နည်းပညာသုံးအဆိုပါ တိုက် လေယာဉ်သစ်တည်ဆောက်မှု စီမံကိန်းကို ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလက အီရန် လေတပ်နှင့်ကာကွယ်ရေး ဝန်ကြီးဌာနတို့က ပူးပေါင်း ပြု လုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ် မိုဟာမက်ရီဇာကာရှ်ကီက ပြောကြားခဲ့သည်။
အဆိုပါ ဂျက်တိုက် လေယာဉ်သည် အမေရိကန် နိုင်ငံလုပ် F/A-18 တိုက် လေယာဉ်နှင့် ဆင်တူပြီး F-5E/F Tiger 2 တိုက်လေယာဉ် နှင့်လည်း ဆင်တူကြောင်း သိရသည်။ လေယာဉ်မှူးတစ်ဦး သာလိုက် ပါနိုင်သော ယင်းလေယာဉ်သစ်သည် ရန်သူလေယာဉ်များကိုတိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းရှိပြီး မြေပြင်ရှိပစ်မှတ်နေရာ များ ကိုပစ်ခတ် နိုင်စွမ်းရှိသည့်အပြင် ဒုံးကျည်များနှင့်လက်နက်ခဲယမ်းများကိုလည်း သယ်ဆောင်နိုင်စွမ်းရှိ သည်။
အီရန် နိုင်ငံသည် မကြာသေးမီ နှစ်များက ကာကွယ်ရေး ကဏ္ဍတွင် ကြီးမား သောအောင်မြင် မှုများကို ရရှိခဲ့ပြီး အရေးပါသောစစ်ဘက်ဆိုင်ရာပစ္စည်းများနှင့် ကာကွယ်ရေးစနစ်များကို ကိုယ်တိုင်ထုတ်လုပ်နိုင် စွမ်းများရရှိခဲ့သည်။ Aza- rakhsh တိုက်လေယာဉ်သည် အီရန် နိုင်ငံ၏ ပထမဆုံး ပြည်တွင်း လုပ် တိုက် လေယာဉ်တစ်စင်း ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment