ကောင်းကင်
ဓာတ်ပုံများ ပြတ်သားစွာ ရိုက် ကူးပေးနိုင်မည့် Multicopter အား ပြည်တွင်း၌
စတင် အသုံးပြု နိုင်တော့မည်ဟု Miracle Post ရုပ်သံ မီဒီယာလုပ်ငန်းမှ
သိရသည်။ အဆိုပါ Multicopter ၌ မောင်းနှင် ရာ တွင် အထောက်အပံ့ ဖြစ်စေရန်
ပန်ကာခြောက်ခု တပ်ဆင်ထားပြီး အမြင့်ပေ ၅၀၀ အထိ ပျံသန်း မောင်းနှင်နိုင် မည်
ဖြစ်ကြောင်း သိရသည်။ “တပ်ထားတဲ့ ကင်မရာက Full HD အမျိုးအစားပါ” ဟု Miracle
Post မှ ကိုဝဏ္ဏကျော် က ဆိုသည်။ ၎င်းယာဉ်ပျံငယ်အား ကောင်းကင် အလှဓာတ်ပုံများ
ရိုက်ကူးရန် သာမက သဘာ ဝ ဘေးအန္တရာယ် ကျရောက်သည့် နေရာများ၊ မီးလောင် သည့် နေရာ များနှင့်လူသားများ သွားရောက် ရိုက်ကူးရန် အခက်အခဲ ရှိသည့်နေရာများအတွက်ပါ ရည်ရွယ် တင်သွင်း လာခြင်းဖြစ်ကြောင်း Myanmar Arial
Video-graphic Society မှ ကိုဉာဏ က ပြောသည်။ Multicopter ၌ နိုင်ငံတကာ
ရေဒီယိုလှိုင်း ဥပဒေနှင့် ငြိစွန်းမှု မရှိသည့် ကလေး ကစားစရာတွင်
အသုံးပြုနေသည့် လှိုင်းပမာဏ ကိုသာ အသုံးပြုထားသည်ဟု သိရသည်။