Wednesday, 31 October 2012

ဆူဇူကီး ဖလား ပြိုင်ပွဲ အတွက် ပဏာမ ကစားသမား (၂၅)ဦး စာရင်း တရားဝင် ထုတ်ပြန်


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုဝင်ဘာ(၂၄) ရက်နေ့ မှ (၃၀)ရက်နေ့ အထိ ကျင်းပမည့် အာဆီယံ ချန်ပီယံ ရှစ် 2012 AFF SUZUKI CUP အုပ်စု(က) ပွဲစဉ်များအား ယှဉ်ပြိုင် ကစားရန်  မြန်မာ့ လက်ရွေး စင် ပဏာ မ ကစားသမား (၂၅)ဦး စာရင်းအား ထုတ်ပြန်ကြေညာ လိုက်ပြီ ဖြစ်သည်။

မူလက မြန်မာ့ လက်ရွေးစင် အသင်း လူစာရင် ကို အာဆီယံ ဘောလုံး အဖွဲ့ချုပ် ကသာ ၃၅ ဦး စာရင်း အဖြစ် ထုတ်ပြန် ခဲ့ပြီး မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အနေဖြင့် အဆိုပါ ၃၅ ဦး စာရင်း ထဲမှ ၁၀ ဦးအား ချန်လှပ်ကာ ယခု ကဲ့သို့ ၂၅ ဦးစာရင်း ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

နယူးယောက်ခ်မြေအောက်ရထားစနစ် နာလန်ထူနိုင်ရန် တစ်ပတ်ကျော်ကြာနိုင်


 
အဂ္ဂမဟာ စူပါမုန်တိုင်းကြီးဖြစ်သည့် ဟာရီကိန်း စန္ဒီ (Hurricane Sandy) နူးယောက်ခ်မြို့ကို ကျော်ဖြတ်၍ နိဂုံးခပတ် အဆုံးသတ် သွားခဲ့သော်လည်း ယခုအခါ မုန်တိုင်း၏ နောက်ဆက်တွဲ အနေဖြင့် နူးယောက်ခ်၏ လမ်းပန်းဆက်သွယ်ရေး မြေအောက်ရထားစနစ် (Subway) ရပ်တန့်သွားခဲ့ရပြီး နူးယောက်ခ်မြို့ကြီး ဒုက္ခိ တ ဖြစ်ခြင်းတည်း ဟူသော အကျိုးဆက်ကို ထားရစ်ခဲ့ပါတယ်။ ဒီလို ရပ်တန့်သွားမှုကို ပြန်လည် ထူေ ထာင်ပြီး နာလည်ထူလာနိုင်ဖို့ ရက်သတ္တပတ် တစ်ပတ်ကျော်ကြာနိုင် သလို ကုန်ကျစရိတ်အားဖြင့် အမေ  ရိ ကန်ဒေါ်လာ လီလျံချီပြီး ကုန် ကျနိုင်ကြောင်း Bloomberg သတင်းဌာနက ခန့်မှန်းထားပါတယ်။

Tuesday, 30 October 2012

ဆီမီးမျှောပွဲ သွားရောက်စဉ် တံတားကျိုးကျ

ယနေ့ည ၇ နာရီဝန်းကျင်က ပုသိမ်မြို့ ကန်သုံးဆင့် (ကန်သာယာ) ပန်းခြံရှိ ရေကန်တွင် ကျင်းပသည့် ဆီမီးမျှော ပွဲသို့ မြို့ခံများနှင့် တက္ကသိုလ်ကျောင်းသားများ လာရောက်ကြစဉ် တက္ကသိုလ်ဘက် ထွက်သည့် သစ်သား တံတားကျိုးကျခဲ့သော်လည်း အသေအပျောက် မရှိကြောင်း ပုသိမ်မြို့ခံတဦးက ပြောသည်။

မျက်လုံးထဲ တက်တူးထိုးခြင်း

မျက်လုံးထဲ တက်တူးထိုးခြင်း

မျက်လုံးထဲ တက်တူးထိုးတဲ့ ယဉ်ကျေးမှုက ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကတည်းက ရှိခဲ့တာလို့ လေ့လာရပါတယ်။ 

ရည်ရွယ်ချက်က နှစ်မျိုးပဲ ရှိပါတယ်။ အလှအပ နဲ့ ကျန်းမာရေး အတွက် ဖြစ်ပါတယ်။ အလှအပအနေနဲ့ ရည်ရွယ်ချက်နဲ့ မျက်လုံးထဲ တက်တူးထိုးတာတော့ ၂၁ ရာစုမှာ အတော်လေးနည်းသွားပါပြီ။ မျက်ကပ်မှန် ယဉ်ကျေးမှု ထွန်းကားလာလို့ ဖြစ်ပါတယ်။ 

မျက်လုံးထဲမှာ တက်တူးထိုးစရာ နှစ်နေရာ ရှိပါတယ်။ Cornea လို့ခေါ်တဲ့ မျက်ကြည်လွှာနဲ့ Sclera လို့ခေါ်တဲ့ မျက်ဖြူသား ဖြစ်ပါတယ်။ ဒါကြော့င် မြန်လာလို လိုရင်းခေါ်မယ်ဆိုရင် မျက်စံတက်တူးနဲ့ မျက်ဖြူသား တက်တူး ဖြစ်ပါတယ်။ 

မျက်ကြည်လွှာ တက်တူးထိုးခြင်း

မျက်စံ အနက်တည့်တည့်မှာ ထိုးတဲ့ တက်တူးက Corneal tattooing ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ ထောင်ကျော်ကတည်းက ရှိတာ ဖြစ်ပါတယ်။ အများစု ကတော့ ကျန်းမာရေး ကုထုံးအတွက် အသုံးပြုပြီး လေဆာမင်တံ နဲ့ ဖောက်ပြီး ထိုးပါတယ်။ မျက်ကြည်လွာမှာ တိမ်ဖုံးနေမှုများ၊ အဆင်းထင်နေမှုများ၊ ပုံပျက်နေမှုများကို ပြင်ဆင်ပေးတယ်လို့ ဆိုပါတယ်။ အခြားသော ကျန်းမာရေးရည်ရွယ်ချက်များနဲ့လည်း ထိုးပါတယ်။ မျက်လုံးနဲ့ ပက်သက်လို့ ဖြစ်ပွားတဲ့ ရောဂါတွေကို ကုဖို့အတွက် ဖြစ်ပြီး အမြင်ပြန်ကောင်း လာတဲ့ အကျိုးကျေးဇူးတွေ ရတယ်လို့ ဆိုပါတယ်။ 

နောက်ထပ်ရည်ရွယ်ချက်က အလှအပအတွက် ဖြစ်ပါတယ်။ အပြာရောင် လဲ့လဲ့သန်းတဲ့ မျက်ကြည်လွှာ ပိုင်ဆိုင်ရရှိဖို့အတွက် အပြာရောင် ဆေး တက်တူးထိုးကြပါတယ်။ အမြင်အာရုံကို မထိခိုက်ဘူးလို့ ဆိုပါတယ်။ အလှအပ အတွက် မျက်ကြည်လွှာ-မျက်စံအနက်မှာ တက်တူးထိုးတဲ့ အလေ့အထလည်း ရှိနေပါသေးတယ်။ 

Corneal tattooing မှာ အက်ဆီးဒန့် ဖြစ်တတ်ပါတယ်။ ဖြစ် လည်း ဖြစ် တတ်ကြပါတယ်။ အဆိုးဆုံး အက်ဆီးဒန့်ကတော့ အမြင်အာရုံ ဆုံးရှုံးရတဲ့ အဆင့်အထိ ဖြစ်ပါတယ်။ ဒါကြောင့် မျက်လုံးထဲ တက်တူးထိုးခြင်းကို ကျန်းမာရေးအတွက် ဆိုရင် မျက်စိအထူးကု ဆရာဝန်တွေသာ နိုင်ငံတကာမှ ခွင့်ပြုချက်ရပြီး အလှအပအတွက်ကတော့ သာမန် တက်တူးဆရာများကို လိုင်စင်နဲ့ ခွင့်ပြုပေးထားတာ ရှိတယ်လို့ ဆိုပါတယ်။ 

မျက်ဖြူသားပေါ် တက်တူးထိုးခြင်း

နောက်ထပ် မျက်လုံးထဲ တက်တူးထိုးနည်းကတော့ မျက်ဖြူသားကို တက်တူးထိုးတဲ့ Scleral tattooing ဖြစ်ပါတယ်။ ဒါကတော့ Extreme Practice လို့ သတ်မှတ်ထားပါတယ်။ တရားဝင်ခွင့်ပြုထားမှု နည်းပါတယ်။ မျက်ဖြူသားတစ်ခုလုံးကို အပြာရောင်ခြယ်တာမျိုး၊ အနီရောင် ခြယ် တာမျိုးတို့ ဖြစ်ပါတယ်။  သူက မျက်လုံးနဲ့ တိုက်ရိုက်ဆက်ထားတဲ့ အာရုံကြောများကို ထိခိုက်လွယ်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မျက်ဖြူသားပေါ် တက်တူးထိုးတဲ့ အလေ့အထကတော့ နည်းပါတယ်။ သို့ပေမယ့် တက်တူးရူးသွတ်သူများအတွက်ကတော့ မျက်ဖြူသားပေါ် တက်တူးထိုးခြင်းဟာလည်း အလှအပတစ်ခုလို့ပဲ မှတ်ယူပါတယ်။ အသဲပုံ ပုံစံ၊ နှင်းဆီပုံစံ၊ စာရေးထိုးခြင်း အစရှိသဖြင့်တို့ကို ပြုလုပ်ပါတယ်။ 
----
----
မျက်လုံးထဲ တက်တူးထိုးခြင်းက ကျန်းမာရေး လိုအပ်ချက်အတွက် ပြုလုပ်တာ ပဲ ကောင်းတယ်လို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ ဒါတောင် အပြည့် အဝ ကောင်းမွန်လာနိုင်တယ်လို့ ဆရာဝန်များ အာမ မခံထားပါဘူး။ ကံမကောင်းရင် အမြင် အာရုံ ဆုံးရှုံး ရနိုင်ပါတယ်။ မျက်ကပ်မှန် ရေပန်းစားလာတဲ့ ခေတ်ကြီးမှာ မျက်လုံးထဲ တက်တူးထိုးတဲ့ ယဉ်ကျေးမှုကတော့ အတွေ့နည်းလာပါတယ်။ လုံးဝပျောက်ကွယ်သွား တာမျိုးတော့ မဖြစ်နိုင်သေးပါဘူး။ တက်တူး ထိုးတဲ့ ယဉ်ကျေးမှု ရှိနေသရွေ့ မျက်လုံးထဲ တက်တူးထိုးခြင်းကလည်း ဆက်လက် တည်ရှိနေအုံးမှာ ဖြစ်တယ်လို့ cosmetic ပညာရှင်တို့ ခန့်မှန်းထားပါတယ်။ 
------
Ref:wiki
အောင်ခမ်း (TSJ team)

http://techspacejournal.blogspot.com/2012/10/blog-post_2528.html
 မျက်လုံးထဲ တက်တူးထိုးတဲ့ ယဉ်ကျေးမှုက ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကတည်းက ရှိခဲ့တာ လို့ လေ့လာရ ပါတယ်။
ရည်ရွယ်ချက်က နှစ်မျိုးပဲ ရှိပါတယ်။ အလှအပ နဲ့ ကျန်းမာရေး အတွက် ဖြစ်ပါတယ်။ အလှအပအနေနဲ့ ရည်ရွယ်ချက်နဲ့ မျက်လုံးထဲ တက်တူးထိုးတာတော့ ၂၁ ရာစုမှာ အတော်လေးနည်းသွားပါပြီ။ မျက်ကပ်မှန် ယဉ်ကျေးမှု ထွန်းကားလာလို့ ဖြစ်ပါတယ်။

ကေအိုင်အိုနှင့် နိုင်ငံရေး အရ ဆက်လက်ဆွေးနွေးရန် သဘောတူ


ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကေအိုင်အို (ကချင်လွတ်လပ်ရေး အဖွဲ့)တို့ သည် ရွှေလီမြို့ တွင် ယနေ့ တွေ့ဆုံ ဆွေးနွေးရာတွင် စစ်ပွဲ ရပ်တန့်ရေး ကို အပြီးသတ် ဆွေးနွေး နိုင်ခြင်း မရှိဘဲ နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးရန်သာ သဘောတူညီခဲ့ပြီး ဆွေးနွေးပွဲပြီးဆုံး သွားကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ဆွစ်ဇာလန်သံရုံး ရန်ကုန်တွင် ဖွင့်မည်


 
 မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံရုံးကို နိုဝင်ဘာလ ၃ ရက်နေ့တွင် တရားဝင် ဖွင့်လှစ်တော့ မည်ဖြစ်ေ ကြာင်း မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီး မစ္စတာ ခရစ်စတော့ ဘာဂနာ (Christoph Burgener) က ပြောသည်။ခရစ်စတော့ ဘာဂနာသည် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံ ဆိုင်ရာသံ အမတ်ကြီးဖြစ်ပြီး ထိုင်းနိုင်ငံဘန်ကောက်တွင် ရုံးထိုင်သည်။

ဆံပင်မွေးနှင့် အလင်းပေးသူ ဆယ်ကျော်သက် နီပေါနိုင်ငံသား

ဆံပင်မွေးနှင့် အလင်းပေးသူ ဆယ်ကျော်သက် နီပေါနိုင်ငံသား
TUESDAY, OCTOBER 30, 2012

၂၀၀၉ ခုနှစ် စက်တင်ဘာလက ရေပန်းစားခဲ့တဲ့ နည်းပညာ တစ်ခု ဖြစ်ပါ
တယ်။ အသက် ၁၈ နှစ်အရွယ် နီပေါနိုင်ငံမှ သိပ္ပံကျောင်းသား Milan Karki က တီထွင်ခဲ့တဲ့ ဆံပင်မွေးသုံး ဆိုလာပယ်နယ် ဖြစ်ပါတယ်။

နေရောင်ခြည်စွမ်းအင်ဆုပ်ယူပေတဲ့ ဆိုလာ/နေရောင်ခြည်စွမ်းအင် ဆုပ်ယူသော သတ္တုပြားများဟာ အင်မတန် ဈေးကြီးပါတယ်။ ယင်းအပြားက ဆုပ်ယူတဲ့ စွမ်းအင်ကို ကူးပြောင်းပေမယ့် ကြားမှာ ဆီလီကွန် ဝါယာကြိုး တပ်ဆ်ပေးရတာကလည်း ဈေးတော်တော်ကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။
ဒါကြောင့် ဆိုလာပါဝါကို ယနေ့တိုင်တွင်တွင်ကျယ်ကျယ် အသုံး မပြုနိုင်
သေးခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် ဆီလီကွန် အစားထိုးမယ့် ဆံပင်မွေးသုံး ဆိုလာစက်ကို နီပေါနိုင်ငံသားလေးက တီထွင်ခဲ့ပါတယ်။

သူနေထိုင်တဲ့ ရွာလေးမှာ တစ်ရက်ကို မီး ၁၆ နာရီ ပျက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လျှပ်စစ်မီးအမြဲလင်းနေဖို့ဟာ သူ့ရဲ့ စိတ်ကူး အိပ်မက် ဖြစ်ပြီး သူငယ်ချင်းများ ညဘက်ထွက်လညချိန်မှာ ဖယောင်းတိုင်ထွန်းပြီး စာအုပ်များ လေ့လာခဲ့ပါတယ်။ သူ့လေ့လာတဲ့စာက ရူပဗေဒ ပညာရှင် စတီဖန်ဟော့ကင်း ဖြစ်ပါတယ်။ လေးစားရတဲ့ ဟီးရီုးအနေနဲ့ကတော့ အက်ဒီဆင်ကို စံယူထားသူ ဖြစ်ပါတယ်။

ဒါကြောင့် အချိန်တိုတွင်း လေ့လာပြီး လျှပ်စစ်မီးထုတ်ဖို့ ဆံပင်မွေးက ဘယ်လို အသုံးဝင်တယ်ဆိုတာ သိရှိသွားပါတယ်။ ဆံပင်မှာ အရောင်ထွက် စေတဲ့ ဆိုးဆေးများကအစ လျှပ်စစ်စီးဖို့အတွက် Conductor အနေနဲ့ လုပ်ဆောင်နိုင်တာကို တွေ့ရှိခဲ့ပြီး ဆံပင်ကို ဆိုလာပယ်နယ်က ဆီလီကွန်တွေမှာ အစားထိုးခဲ့ပါတယ်။ နောက်တော့ သူဖန်တီးတဲ့ လက် တစ်မစာ ဆိုလာပယ်နယ်ငယ်လေးဟာ အိမ်တွင်း တစ်ညတာ အလင်းပေးမယ့် ဘက်ထရီကို အားဖြည့်ပေးနိုင်တယ်ဆိုတာကို တွေ့ ရှိ သွားပါတယ်။

အားလုံးပေါင်း ကုန်ကျစရိတ်က မြန်မာကျပ်ငွေနဲ့တွက်ရင် ၃သောင်းခွဲကျော်
လေးပဲ ဖြစ်ပါတယ်။ ဒီလောက်ငွေနည်းနည်းနဲ့ ဘက်ထရီတွေ အားဖြည့်နိုင်
တယ်၊ မီးလင်းစေနိုင်တယ်ဆိုတာ ထူးခြားတဲ့ ဖန်တီးမှုတစ်ရပ် ဖြစ်ပါတယ်။

ယခုတော့ Milan ဟာ စကော်လာရှစ်ရလို့ လျှပ်စစ်နဲ့ ပက်သက်လို့ ပိုမို နက်နဲစွာ လေ့လာနေပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က ကမ္ဘာ့
အဆင်းရဲဆုံး စာရင်းဝင်နေတဲ့ နီပေါနိုင်ငံတစ်ခုလုံးကို အကုန်ကျ သက်သာစွာ မီးရရှိရေး ဖြစ်ပါတယ်။ ဆံပင်မွေးနဲ့ အလင်းပေးနိုင် တာ တွေ့ရှိပြီး ဒီထက်ပို လွယ်ကူ၊ အစုလိုက် ထုတ်လုပ်မှုအတွက် အဆင်ပြေတဲ့ နည်းပညာများ ရှာဖွေလေ့လာ ဖန်တီးနေပြီ ဖြစ်ပါတယ်။

ယခုဆိုရင် Milan ဟာ အသက် ၂၁ နှစ် ကျော်ပြီ ဖြစ်ပြီး ရူပဗေဒ ပညာကို ထဲထဲဝင်ဝင်လေ့လာနေပြီ ဖြစ်ပါတယ်။ BBC, Daily Mail, CNN တို့လို မီဒီယာများသွားရောက် အင်တာဗျူးပြီး ကမ္ဘာက လေးစားရတဲ့ လူငယ် တစ်ဦး ဖြစ်လာခဲ့ကြောင်း သိရပါတယ်။
----
TSJ
 
၂၀၀၉ ခုနှစ် စက်တင်ဘာလက ရေပန်းစားခဲ့တဲ့ နည်းပညာ တစ်ခု ဖြစ်ပါ တယ်။ အသက် ၁၈ နှစ်   အရွယ် နီပေါနိုင်ငံမှ သိပ္ပံကျောင်းသား Milan Karki က တီထွင်ခဲ့တဲ့ ဆံပင်မွေးသုံး ဆိုလာပယ်နယ် ဖြစ်ပါတယ်။

ကချင်စစ်ရေးတွင် ကာကွယ်ရေး ဦးစီးချုပ်က သမ္မတ အမိန့်ကို နာခံမည်

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲအရှိန်များ လျှော့ချနိုင်ရန်အတွက်တပ်မတော် ကာကွယ်ရေး      ဦးစီးချုပ်က နိုင်ငံတော်သမ္မတကြီး၏အမိန့်ကို နာခံရန် ကတိပေးထားကြောင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း က တရားဝင်ပြောကြားသည်။

မနန်းဝိုးဖန်၏ခင်ပွန်း အာမခံ ငြင်းပယ်ခံရ -

 အမှုရင်ဆိုင်နေရသည့် မနန်းဝိုးဖန်၏ ခင်ပွန်းကို မနန်းဝိုးဖန်၏ ဖခင်က နှစ်သိမ့်နေစဉ်

တရားမ၀င် အိမ်ခြံမြေ အရောင်းအ၀ယ်ဖြင့် တရားရုံးတင် ဖမ်းဆီးစစ်ဆေးခံနေရသော မနန်းဝိုးဖန်၏ခင်ပွန်း ဂျပန်နိုင်ငံသား Mr. Namase Motohikoသည် စိတ်ကျရောဂါ၊ ဆီးချို၊ သွေးချိုရောဂါခံစားနေပြီး ကျန်းမာရေး ချို့ယွင်းလာသောကြောင့် အာမခံ လျှောက်ထားသည်ကို တရားရုံးက ငြင်းပယ်လိုက်ကြောင်း သတင်း ရရှိသည်။

KIO နှင့် ဆွေးနွေးချက်များ

"အစိုးရနဲ့ KIO ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လက်ရှိအခြေအနေမှာတော့ KIO ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နဲ့ ကာကွယ်ရေး ၀န်ကြီးဌာနက အထူးစစ်ဆင်ရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးတို့ ဆွေးနွေးပွဲကို မတက်ရောက်တဲ့ ကိစ္စက အရေးပါနေတဲ့ အခြေအနေ ရှိပါတယ်။ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ က ဗိုလ်ချုပ် ဂွမ်မော်သာ ပါလာမယ်ဆိုရင် တပ်ကိစ္စတွေကို ဆွေးနွေးနိုင်မယ်လို့ ပြောပါတယ်။ ဗိုလ်ချုပ် ဂွမ်မော် မလာလို့ ဗိုလ်ချုပ်ကြီး မြင့်စိုး မတက်တဲ့အတွက် တပ်ကိစ္စ ပြောဖို့ အခက်အခဲ ရှိတယ်လို့ ဆိုပါ တယ်။

ပညာရေးတက်ကြွ လှုပ်ရှားသည့် ပါကစ္စတန် နောက်ထပ် မိန်းကလေး တစ်ဦး ခြိမ်းခြောက်ခံရ

မိန်းကလေးများ တန်းတူပညာ သင်ခွင့်အတွက် တက်ကြွ လှုပ်ရှားကာ အစွန်းရောက် ဘာသာရေး အယူ အဆကို လူသိရှင်ကြား ဝေဖန်ရဲသော တာလီဘန် ကြီးစိုးရာ ပါကစ္စတန်ဆွတ်တောင်ကြား ဒေသသူ မိန်း ကလေး တစ်ဦးကို တာလီ ဘန်စစ်သွေးကြွများက ချောင်းမြောင်း ပစ်ခတ် လုပ်ကြံ တိုက်ခိုက်ခဲ့ မှုကြောင့် ကမ္ဘာ့ နေရာ အနှံ့က ဝေဖန် ရှုတ်ချမှုများ များပြားနေစဉ် ပညာသင်ခွင့်တက်ကြွ လှုပ်ရှားသည့် အဆို ပါ တောင်ကြားသူ နောက်ထပ် မိန်းကလေးတစ်ဦးကို တာလီဘန်က သုတ်သင်မည်ဟု ခြိမ်း ခြောက်မှုများ ထွက်ပေါ်လာပြန်ကြောင်း Telegraph သတင်းစာ ကရေးသားဖော် ပြထားသည်။

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် KIO ၏ ငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့ ရွှေလီမြို့ရှိ ကျင်းချိန်ဟိုတယ်၌ ဆွေးနွေးနေ

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် KIO ၏ ငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ကျင်းချိန်ဟိုတယ်၌ ပြုလုပ်နေပြီ ဖြစ်ပါသည်။ အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်ခဲ့ပြီး KIO ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆွမ်လွတ်ဂမ်က ဦးဆောင်ခဲ့ ပါသည်။ ဆွေးနွေးပွဲသို့ ကာကွယ်ရေး ၀န်ကြီးဌာနမှ အထူးစစ်ဆင်ရေးမှူး ဒုတိယဗိုလ် ချုပ်ကြီး မြင့်စိုး တက်ရောက်ရန် မူလက စီစဉ်ခဲ့သော်လည်း KIO/KIA အဖွဲ့မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် တက်ရောက်ခဲ့ခြင်း မရှိသဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးလည်း တက်ရောက်ခြင်း မရှိပေ။
 

Breaking News - နူးယောက်ခ်မြို့မှ ဇိမ်ခံမိုးမျှော်တိုက် ဆောက်လုပ်ရေးမှ ကရိန်းကြီး ဟာရီကိန်း Sandy ကြောင့် ကျိုးကျ

Breaking News - နူးယောက်ခ်မြို့မှ ဇိမ်ခံမိုးမျှော်တိုက် ဆောက်လုပ်ရေးမှ ကရိန်းကြီး ဟာရီကိန်း Sandy ကြောင့် ကျိုးကျ

ဟာရီကိန်း မုန်တိုင်းကြီး Sandy နူးယောက်ခ်မြို့သို့ မရောက်ရှိမီ နာရီပိုင်းအလိုတွင်အဆင့်မြင့်ဇိမ်ခံ မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရေးမှ ကရိန်းကြီးမှာ ကျိုးကျခဲ့ရသည့် ဖြစ်ရပ်တစ်ခု ပြီးခဲ့သည့် မိနစ်ပိုင်းက ဖြစ်ပွားခဲ့သည်။

လက်ရှိအချိန်တွင် မြေပြင်လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ ခန့် ရှိလာခဲ့ရာ Manhattan ၅၇ လမ်း၊ အမှတ် ၆ နှင့် အမှတ် ၇ ရိပ်သာလမ်းမကြီးများ အကြားရှိ ဆောက်လုပ်ရေးမှ ကရိန်းကြီးသည် ကျိုးကျခဲ့ရကာ လေထဲ၌ တွဲလောင်းအနေအထား ဖြစ်နေခဲ့ပြီး လွန်စွာမှ အန္တရာယ်ရှိသည့် အနေအထားသို့ ရောက်ရှိခဲ့ရသည်။

ယင်းတိုက်ကြီးသည် အထပ် ၇၀ ခန့် မြင့်မားပြီး ဆောက်လုပ်ပြီးစီးပါက  နူးယောက်ခ်မြို့၏ အမြင့်ဆုံး ဇိမ်ခံမိုးမျှော်တိုက်ကြီး ဖြစ်လာမည်ဟု သိရှိရသည်။ 

လက်ရှိအချိန်၌ နူးယောက်ခ် မီးသတ်တပ်ဖွဲ့ (FDNY) နှင့် ရဲတပ်ဖွဲ့ (NYPD) တို့မှ အရေးပေါ် အခြေအနေအတွက် တုန့်ပြန်ဆောင်ရွက်နေသည်။
 
ဟာရီကိန်း မုန်တိုင်းကြီး Sandy နူးယောက်ခ်မြို့သို့ မရောက်ရှိမီ နာရီပိုင်းအလိုတွင်အဆင့်မြင့်ဇိမ်ခံ မိုးမျှော် တိုက်ကြီး ဆောက်လုပ်ရေးမှ ကရိန်းကြီးမှာ ကျိုးကျခဲ့ရသည့် ဖြစ်ရပ်တစ်ခု ပြီးခဲ့သည့် မိနစ်ပိုင်း က ဖြစ်ပွား ခဲ့ သည်။

Breaking News - နူးယောက်ခ်မြို့တွင်း ရေပြည့်ရေလျှံမှု ပိုမိုမြင့်တက် လာလျက်ရှိနေ

 
Breaking News - နူးယောက်ခ်မြို့တွင်း ရေပြည့်ရေလျှံမှု ပိုမိုမြင့်တက် လာလျက်ရှိနေ

နောက်ဆုံးရ သတင်းများအရ Brooklyn နှင့် Manhattan ခရိုင်များအား ဆက်သွယ်ပေးထားသည့် Battery Tunnel တွင်း၌ ရေ ၄ ပေခန့်အထိ ဝင်ရောက်နေပြီဟု သိရှိရသည်။

အစောပိုင်းက ဖော်ပြထားသည့်အတိုင်း နူးယောက်ခ် စတော့ခ်အိတ်ချိန်း အတွင်း၌လည်း ရေ ၃ ပေခန့် ဝင်ရောက်နေပြီး အိတ်ချိန်းအား ရက်အတန်ကြာ ပိတ်ပင်ထားရဖွယ် ရှိနေသည်။

နူးယောက်ခ်မြို့ မြေနိမ့်ပိုင်း ဒေသများ၌လည်း အနည်းဆုံး ၂ ပေခန့်အထိ မြင့်တက်လာခဲ့ပြီး ဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်သည်။

ထို့အပြင် ပုံတွင် တွေ့မြင်ရသည့်အတိုင်း မြေအောက်ရထား ဘူတာများနှင့် ဥမင်လှိုင်ခေါင်းများ အတွင်းသို့လည်း ရေများ စတင်ဝင်ရောက်လျက်ရှိပြီး ယနေ့ညပိုင်းတွင် မည်မျှအထိ ရေဝင်ရောက်သည်ပေါ် မူတည်ကာ ပြင်ဆင်မှုများ ပြုလုပ်ရန်အတွက် ရက်အနည်းငယ် အကြာမှသည့် သတင်းပတ် တစ်ပတ်တာမျှအထိ ပိတ်ပင်ထားရဖွယ် ရှိနေသည်။
 
နောက်ဆုံးရ သတင်းများအရ Brooklyn နှင့် Manhattan ခရိုင်များအား ဆက်သွယ်ပေးထားသည့် Battery Tunnel တွင်း၌ ရေ ၄ ပေခန့်အထိ ဝင်ရောက်နေပြီဟု သိရှိရသည်။

Monday, 29 October 2012

ဟာရီကိန်း စန္ဒီ၏ နောက်ဆုံး ပုံရိပ်များ


မူဆယ်ခရိုင် ဒေသအတွင်း အဓမ္မ လူသစ် စုဆောင်း ခံရသည့် အရပ်သား များအား အဓမ္မ စုဆောင်း ခဲ့သည့် သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့ နှင့် အတူ လက်ရ ဖမ်းဆီးရမိ

မူဆယ်ခရိုင် ဒေသအတွင်း အဓမ္မ လူသစ် စုဆောင်း ခံရသည့် အရပ်သား များအား အဓမ္မ စုဆောင်း ခဲ့သည့် သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့ နှင့် အတူ လက်ရ ဖမ်းဆီးရမိ
Monday, October 29, 2012 

၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၂၆ ရက်က ပြောက်ကျား ယူနီဖောင်း ဝတ်ဆင်
ထားသော သောင်း ကျန်းသူ အဖွဲ့တစ်ဖွဲ့ သည် ပန်ခမ်း ဒေသတွင် ကျေးရွာ များမှ အဓမ္မ စုဆောင်း ထားသော လူသစ် များဖြင့် တပ် သားသစ် သင်တန်း ဖွင့်လှစ် လျက်ရှိကြောင်း သတင်းအရ မိမိ နယ်မြေခံ စစ်ကြောင်း များဖြင့် နယ်မြေ ရှင်းလင်းခဲ့ရာ ၄င်း သောင်းကျန်းသူ အဖွဲ့နှင့် အဓမ္မစုဆောင်း ခံရသည့် အရပ်သား များသည် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် တာပန်းကုန်း၊ ရှောက် ပန်းကုန်း ဒေသသို့ တိမ်းရှောင်
ရောက်ရှိ ခဲ့ကြောင်း၊ သောင်းကျန်းသူ များသည် ၄င်းဒေသရှိ ကျေးရွာများ မှ လူသစ် များအား အတင်းအဓမ္မ ထပ်မံ စုဆောင်းခဲ့ရာ နယ်မြေခံ စစ်ကြောင်း များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း၊ ထို ဖြစ်စဉ်တွင် ပြောက်ကျား ယူနီဖောင်း ဝတ်ဆင် ထားသော သောင်းကျန်းသူ ၄၈ ဦးအား အရှင် ဖမ်းဆီး ရမိခဲ့ပြီး အဖွဲ့ ခေါင်းဆောင်မှာ ထွက်ပြေး လွတ်မြောက် သွားကြောင်း သတင်း ရရှိသည်။

သောင်းကျန်းသူ များ၏ လုပ်ရပ်အား လက်မခံ၊ နှစ်မြို့ခြင်း မရှိသည့် ဒေသခံ တိုင်းရင်းသား များမှ နယ်မြေခံ ပြည်သူ့စစ် နှင့် တပ်မတော် စစ်ကြောင်း များအား သတင်း အတိအကျ ပေးခဲ့မှုကြောင့် ၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၂၆ ရက်က ထိတွေ့မှု ဖြစ်ပွားခဲ့ ကြောင်း၊ သောင်းကျန်းသူ အဖွဲ့မှ
ခေါင်းဆောင် ဖြစ်သူ (စိစစ်ဆဲ) အဆင့်ရှိ ခေမာနှင့် တစ်ဦးမှာ
လွတ်မြောက် ထွက်ပြေး သွားပြီး သောင်းကျန်းသူ နှစ်ဦး သေဆုံး၊ ဒဏ်ရာရသူ နှစ်ဦး အပါအဝင် SSA (ဝမ်ဟိုင်း) အဖွဲ့၊ တပ်မဟာ(၁) ဌာနချုပ်မှ တပ်သားသစ် နည်းပြ တာဝန် ထမ်းဆောင် သူ ကိုယ်ပိုင်အမှတ်၊ ဝဝ၈၉၃၁၊ တပ်ကြပ်ကြီး အဆင့်ရှိ အိုက်ရီ (ခေါ်) ရီဆာနှင့် ၄၇ ယောက်အား လက်နက်/ ဖောက်ခွဲရေး မိုင်းများ နှင့်အတူ အရှင် ဖမ်းဆီး ရမိခဲ့သည်။

ပဏာမ စစ်ကြောချက် အရ ဖမ်းဆီး ရမိ ၄၈ ယောက်တွင် တပ်ကြပ်ကြီး အဆင့်ရှိ အိုက်ရီ (ခေါ်) ရီဆာအပါ အဝင်လေးဦး မှာ တပ်မဟာ (၁)ဌာနချုပ် SSA (ဝမ်ဟိုင်း) မှဖြစ်ပြီး ကျန် ၄၄ ယောက်မှာ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ နှင့် လားရှိုး အပါအဝင် မြို့/ရွာ ၇ ခုမှ အဓမ္မ လူသစ် စုဆောင်း ခံရသူ များဖြစ် ကြောင်း၊ ၄င်းတို့အား ကချင် ပြည်နယ်၊ မန်စီမြို့နယ်၊ ကုန်းခမ်း
ကျေးရွာ အနီး တပ်သားသစ် သင်တန်းအား ၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၇ ရက်မှ စတင်၍ ဖွင့်လှစ် သင်ကြား နေစဉ် တပ်မတော် စစ်ကြောင်း များ၏ ရှင်းလင်းမှု ကြောင့် ထွက်ပြေး တိမ်းရှောင် ခဲ့ရကြောင်း၊ သောင်းကျန်းသူ များ၏ အဓမ္မ လုပ်ရပ် များအား လက်မခံသည့် တိုင်းရင်းသား ပြည်သူ လူထုမှ အချိန်နှင့် တစ်ပြေးညီ သတင်း ပေးပို့မှု ကြောင့် ယခုကဲ့သို့ အရှင် ဖမ်းဆီး ခံရခြင်း ဖြစ်ကြောင်း သတင်း ရှိသည်။ အဆိုပါ အဓမ္မ လူသစ် စုဆောင်းခံရ သည့် အရပ်သား ၄၄ ယောက်အား နယ်မြေခံ တပ်/ ရဲတပ်ဖွဲ့ တို့မှ သက်ဆိုင်ရာ မိဘ၊ ဆွေမျိုး များထံ ဆက်သွယ် အကြောင်းကြား လျက်ရှိပြီး တရားဝင် လွှဲပြောင်း အပ်နှံ ပေးသွား မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ
 ၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၂၆ ရက်က ပြောက်ကျား ယူနီဖောင်း ဝတ်ဆင် ထားသော သောင်း ကျန်းသူ အဖွဲ့တစ်ဖွဲ့ သည် ပန်ခမ်း ဒေသတွင် ကျေးရွာ များမှ အဓမ္မ စုဆောင်း ထားသော လူသစ် များဖြင့် တပ် သား သစ် သင်တန်း ဖွင့်လှစ် လျက်ရှိကြောင်း သတင်းအရ မိမိ နယ်မြေခံ စစ်ကြောင်း များဖြင့် နယ်မြေ ရှင်းလင်းခဲ့ရာ ၄င်း သောင်းကျန်းသူ အဖွဲ့နှင့် အဓမ္မစုဆောင်း ခံရသည့် အရပ်သား များသည် ရှမ်းပြည် နယ် မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် တာပန်းကုန်း၊ ရှောက် ပန်းကုန်း ဒေသသို့ တိမ်းရှောင်
ရောက်ရှိ ခဲ့ကြောင်း၊ သောင်းကျန်းသူ များသည် ၄င်းဒေသရှိ ကျေးရွာများ မှ လူသစ် များအား အတင်း အဓမ္မ ထပ်မံ စုဆောင်းခဲ့ရာ နယ်မြေခံ စစ်ကြောင်း များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း၊ ထို ဖြစ်စဉ်တွင် ပြောက်ကျား ယူနီဖောင်း ဝတ်ဆင် ထားသော သောင်းကျန်းသူ ၄၈ ဦးအား အရှင် ဖမ်းဆီး ရမိခဲ့ပြီး အဖွဲ့ ခေါင်းဆောင်မှာ ထွက်ပြေး လွတ်မြောက် သွားကြောင်း သတင်း ရရှိသည်။

အိမ်ရာဝင်းအတွင်းဖွင့်ထားသော ဟိုတယ်ကြောင့် အနီးရှိပြည်သူများအနှောက်အယှက်ဖြစ်လျက်ရှိ

 

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အေးနန္ဒာအဆင့် မြင့်အိမ်ရာစီမံကိန်းအပိုင်း(၁) အတွင်း ဖွင့်လှစ် ထားရှိသောဟိုတယ်တစ်ခု အနေဖြင့် စီးပွားဖြစ်ဟိုတယ်လုပ် ငန်းလုပ်ကိုင်နေခြင်းမျိုးမဟုတ်ပဲ။ ငယ်ရွယ် သူကျောင်း သား၊ ကျောင်း သူများ၊ စုံတွဲများနှင့် ပြည့်တန်ဆာ လုပ်ကိုင်သောအမျိုးသမီးများသာ နေ့ည မပြတ်ဝင် ထွက်သွားကနေ သဖြင့် အနီးရှိအိမ်ရာနေပြည်သူများ သားကောင်းသမီး ပျိုများ အတွက် များစွာ အနှောက်အယှက်ဖြစ်ခြင်း၊ အရှက်ရဖွယ်ရာများနေ့ စဉ်မြင်တွေ့နေရကြောင်း အိမ်ရာ နေပြည်သူတစ်ဦး ၏ပြောပြ ချက် အရ သိရှိရသည်။

ပန်းရောင် လင်းပိုင်


အပန်းရောင် လင်းပိုင်
Monday, 29 October 2012

အပန်းရောင်လင်းပိုင်များ တကယ်ရှိပါတယ်။ အမေဇုန် လင်းပိုင်လို့ လည်း ခေါ်ပြီး အမေဇုန်မြစ်၊ ဘရာဇီး၊ ပီရူး၊ ဘိုလီဗီးယား၊ အီကွေဒေါ၊ ဗင်နီဇွဲလား စတဲံ တောင်အမေရိက တိုက်တွင်းက မြစ်တွေ မှာ နေထိုင် ကျက်စားပါတယ်။

သို့ပေမယ့် အားလုံးကို အမေဇုန်မြစ်ကနေပဲ စတင်တယ်လို့ မှတ်ယူပြီး အမေဇုန် လင်းပိုင်လို့ပဲ အမည်ပေးထားပါတယ်။ ရေချိုမှာ နေထိုင် ကျက်စားတဲ့ လင်းပိုင် ဖြစ်ပါတယ်။ အရွယ်အားဖြင့် ၅ပေ ကနေ ၇.၉ ပေအထိ ရှိပါတယ်။ အကြီးဆုံးအားဖြင့် ၈.၂ ပေအထိ တွေ့ဖူးပြီး ဝိတ် ၂၁၇ ပေါင် လေးပါတယ်။ အမတွေက အထီးတက်အရွယ်ပိုကြီးလေ့ ရှိပြီး အထီးထဲမှာ အကြီးဆုံးကို ၆.၆ ပေ အထိ လေ့လာတွေ့ရှိခဲ့ဖူးပါတယ်။

အားလုံး အပန်းရောင်သန်းနေတာမျိုးမဟုတ်ပဲ အချို့ ကျတော့ သာမန် လင်းပိုင်လိုပဲ ဖြစ်ပါတယ်။ အချို့ ကျတော့ အပန်းရောင် ပါရုံမျှ ဖြစ်ပေမယ့် အချို့ လင်းပိုင်ကျတော့ အပန်းရောင် ထင်းထင်းလင်းလင်း ရှိပြီး လှပနေ တတ်ပါတယ်။ သူ့ရဲ့ အဓိကထူခြားချက်က လည်ပင်းပဲ ဖြစ်ပါတယ်။

လည်ပင်းရိုးမဆက်ထားတဲ့အတွက် ၁၈၀ ဒီဂရီအထိ အကွေးအဆန့် ပြု လုပ်နိုင်ပါတယ်။ ရှားပါး တိရစ္ဆာန်မျိုးစိတ်စာရင်းထဲ ထည့်သွင်း ထားပါတယ်။ ဖမ်းဆည်းခွင့် မပြုထားပါဘူး။ အမေဇုန်မှာဆိုရင် မြစ်ကိုစောင့်ရှောက်တဲ့ လင်းပိုင်လို့တောင် တင်စားကြပါတယ်။ အမေဇုန် ကမ်းခြေ တစ်လျှောက် နေထိုင်သူအချို့ ထဲမှာ ယနေ့တိုင် စွဲနေတဲ့ အစွဲ တစ်ခု ရှိပါသေးတယ်။

ဒါကတော့ အပန်းရောင် လင်းပိုင်ကို ဖမ်းရင် ကံကြမ္မာဆိုးကျရောက်တတ်ပြီး ယင်း အပန်းရောင် လင်းပိုင်ကို မျက်လုံးချင်း ဆုံကြည့်မိရင်လည်း ကံကြမ္မာဆိုးနဲ့ ကြုံရတတ်တဲ့လို့ အယူစွဲနေသူများ ရှိနေပါသေးတယ်။ ယင်းကဲ့သို့ စွဲလမ်းမှု ရှိနေသော်ငြားလည်း  အပန်းရောင် အမေဇုန်မြစ် လင်းပိုင်းကတော့ ကမ္ဘာ့ ရှားပါး လင်းပိုင်းမျိုးစိတ် တစ်ခု အဖြစ် တည်ရှိ နေပါတယ်။

International news for myanmar
 
အပန်းရောင်လင်းပိုင်များ တကယ်ရှိပါတယ်။ အမေဇုန် လင်းပိုင်လို့ လည်း ခေါ်ပြီး အမေဇုန်မြစ်၊ ဘရာဇီး၊ ပီရူး၊ ဘိုလီဗီးယား၊ အီကွေဒေါ၊ ဗင်နီဇွဲလား စတဲံ တောင်အမေရိက တိုက်တွင်းက မြစ်တွေ မှာ နေထိုင် ကျက်စား ပါတယ်။

ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် တာချီလိတ် လာမည်

 
 
ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် တာချီလိတ် လာမည်
Monday, October 29, 2012

ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်း- မြန်မာနယ်စပ်ရှိတာချီလိတ်မြို့သို့ လာမည့် ဗုဒ္ဓဟူးနေ့တွင်လာရောက်
မည်ဟု သတင်းရသည်။

တာချီလိတ် ဒေသ အာဏာပိုင်များနှင့် နီးစပ်သူတဦးက“မစ္စတာ သက်ဆင် ဗုဒ္ဓဟူးနေ့မှာ ရောက်မှာပါ၊ သူ့ကိုတွေ့ဆုံဖို့ လာမယ့်ထိုင်းဘက်ကလူတွေကို
 မြန်မာ နယ်ခြား ကော်မတီဝင် တချို့က ချစ်ကြည်ရေးတံတား ထိပ်မှာ သွားကြိုလိမ့်မယ်”ဟု ပြောသည်။

မစ္စတာ သက်ဆင်သည် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားထိပ်ရှိ ထိုင်း လုပ်ငန်းရှင်လုပ်ကိုင်နေသည့် ရက်ဂျီးနား ဟိုတယ်တွင် တည်းခိုကာ တာချီလိတ်မြို့ တောင်ပေါ်ရှိ ရွှေတိဂုံပုံတူစေတီကို သွားရောက်ဖူးမြော်မည်
 ဖြစ်ကြောင်း၊ ၎င်း၏ လုံခြုံရေးအတွက် ထိုင်း အာဏာပိုင်များက ယခုရက်ပိုင်းအတွင်း မြန်မာဘက်သို့ လာရောက် ဆောင်ရွက်နေသည်ကို
 တွေ့ရကြောင်း အာဏာပိုင်များနှင့် နီးစပ်သူက ပြောပြသည်။

ပြီးခဲ့သည့် စနေနေ့ထုတ် ထိုင်းနိုင်ငံမြောက်ပိုင်း အခြေစိုက် ChiangRai Times သတင်းစာတွင်လည်း မစ္စတာ သက်ဆင်သည် တာချီလိတ်မြို့
တွင် လေးငါးရက်ခန့် နေထိုင်ပြီး ထိုင်းနိုင်ငံရေးသမားများ၊ ၎င်း၏ ယခင်ပါတီဟောင်းဖြစ်သည့် ထိုင်းရတ်ထိုင်းပါတီ၏ အလုပ်အမှုဆောင်
 ဟောင်းများ၊ လက်ရှိအာဏာရ ဖုယာ့ ထိုင်း ပါတီဝင်များ အပါအ၀င် ရှပ်နီများနှင့်ပါ တွေဆုံရန်ရှိကြောင်း ရေးသားထားသည်။

ရှမ်းပြည်နယ်နှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင် ၊ ချင်းမိုင် စသည့် ဒေသများသည် ၀န်ကြီးချုပ်ဟောင်း သက်ဆင် ၏ အမာခံ နယ်များဖြစ်သည်။

၂၀၀၆ ခုနှစ် ထိုင်းစစ်တပ်၏ အာဏာသိမ်းခံရသည့် မစ္စတာ သက်ဆင်သည် အာဏာအလွဲသုံးစားမှုဖြင့် ၎င်းကို မျက်ကွယ် ထောင် ဒဏ် ချမှတ်ခံထားရပြီး ယခုအခါ အရှေ့အလယ်ပိုင်းဒေသရှိ ယူအေအီး စော်ဘွားနိုင်ငံ ဒူဘိုင်းတွင်
 နေထိုင်နေသည်ဟု အများကပြော ဆိုကြသည်။

မစ္စတာ သက်ဆင်သည် အိမ်နီးချင်း မြန်မာ၊ ကမ္ဘောဒီးယား စသည့်နိုင်ငံ
များကို လာရောက်လည်ပတ်လေ့ရှိပြီး ညီမဖြစ်သူ လက်ရှိ ၀န်ကြီးချုပ် ယင့်လပ် ရှင်နာဝပ် အာဏာရခါစ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ အတွင်းက
 မြန်မာနိုင်ငံသို့ တကြိမ်သွားရောက်ခဲ့ကြောင်း သိရသည်။

ထို ခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နှင့် သမ္မတ ဦးသိန်းစိန်
တို့ကို တွေ့ဆုံပြီး နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေးများ ဆွေးနွေးခဲ့ကြောင်း၊ ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမည့် ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်မည့်
 နေရာများသို့ သွားရောက်ခဲ့သည်ဟုလည်း သတင်းများထွက်ပေါ်ခဲ့သည်။

ဧရာဝတီ
 
ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်း- မြန်မာနယ်စပ်ရှိတာ ချီလိတ်မြို့သို့ လာမည့် ဗုဒ္ဓဟူးနေ့တွင်လာရောက် မည်ဟု သတင်းရသည်။

အစားထိုးသီးနှံများဖန်တီးပေးပါက ရှမ်းပြည်တောင်တိုင်း အချို့နေရာများရှိ ဘိန်းစိုက်ပျိုးနေမှုများပပျောက်သွားနိုင်

 
 
အစားထိုးသီးနှံများဖန်တီးပေးပါက ရှမ်းပြည်တောင်တိုင်း အချို့နေရာများရှိ ဘိန်းစိုက်ပျိုးနေမှုများပပျောက်သွားနိုင်
Monday, October 29, 2012 

ရှမ်းပြည်နယ်တောင်ပိုင်းရှိ အချို့သောတောင်သူများ စားဝတ်နေရေးအတွက်
မှီခိုလုပ်ကိုင် နေကြရသည့် ဘိန်းစိုက်ခင်းများ အစား၊ အစားထိုးသီးနှံများ ဖန် တီးပေးနိုင်မည့် လမ်းပန်းဆက် သွယ်ရေး လွယ်ကူအဆင်ပြေစေရန်
 ဆောင်ရွက်ပေးသွားနိုင်မည် ဆိုပါက အဆိုပါ ဘိန်းစိုက်ပျိုးနေမှုများ
 လျော့နည်းလာမည့်အပြင် တစ်ချိန်တွင် လုံးဝပပျောက်သွား နိုင်ကြောင်း အမေရိကန်လက် ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရ
အဖွဲ့တို့ တွေ့ ဆုံဆွေနွေးစဉ် ၀န်ကြီးချုပ် ဦးစ၀် အောင်မြတ်မှ ပြောကြား
သွားခဲ့သည်။

အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးမှ ရှမ်းပြည် နယ်အတွင်း ကျန်ရှိနေသေးသော  ဘိန်းစိုက်ပျိုးမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရ
အဖွဲ့သို့ မေး မြန်းခဲ့ခြင်းအပေါ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ်အား မေးမြန်း ခဲ့ရာ““အန်ကယ်တို့နဲ့လာ တွေ့တာ အမေရိကန်လက်ထောက် နိုင်ငံခြားရေး
ဝန်ကြီးရယ်၊ သံအမတ် ကြီး ဒဲရစ်မစ်ချဲလ်ရယ်၊ စစ်သံမှူး ရယ် သူတို့က ရှမ်းပြည်မှာ ဘိန်းစိုက်ပျိုးမှုတွေ ရှိနေသလားလို့မေးတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ မြောက်ပိုင်းမှာ ဘိန်းစိုက်ပျိုးမှုတွေ မရှိတော့ဘူး။ တောင်ပိုင်းမှာပဲ
ဘိန်းစိုက်ပျိုးမှုက အနည်းအကျဉ်း ရှိနေတာ (၈၈)ခုနှစ် အရင်က  တော့ ကုလသမဂ်္ဂမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့နဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ
ရှိတဲ့ ဘိန်းစိုက်ခင်းတွေကိုပူးပေါင်းပြီး တားဆီး နှိမ်နင်းမှုတွေ လုပ်ပေးတယ်။ ခု ၈၈ နောက်ပိုင်း သူတို့က အကူ အညီမပေးတော့ ဘိန်းစိုက်ပျိုးမှု တွေ နည်းနည်းကျန်နေတာပါ။ အဲသလို စိုက်ပျိုးမှုတွေကလည်း ရှမ်းပြည်
တောင်ဘက် ပေငါး ထောင်လောက်မြင့်တဲ့ တောင် တန်းတွေပေါ်မှာပါ။ စိုက်တဲ့ တောင်သူတွေကလည်း ဒီဘိန်းစိုက်တာကို သူတို့ရဲ့ အသက်မွေး ၀မ်းကြောင်းအနေနဲ့၊ ပြီးတော့ သူတို့ရဲ့ အသက်ရှင်ရပ်တည်ရေး အတွက် စိုက်နေရတဲ့သဘောမျိုးပါ။ အဲဒီ ဘိန်းစိုက်တဲ့တောင်သူ တွေလည်း လုံးဝဘိန်းစိုက်ချင်ကြ တာမဟုတ်ဘူး။ ဒါကြောင့် အဲဒီတိုင်းရင်းသားတွေကို ဘိန်းအစားထိုးသီးနှံတွေ ဖန်တီးပေးမယ်။ ပြီးတော့ လမ်းပန်းဆက်သွယ်ရေး
 ကောင်းအောင် လုပ်ပေးမယ်ဆိုရင် ရှမ်းပြည်နယ်တွင်း ဘိန်းစိုက်ပျိုးမှုဟာ
လျော့နည်းလာပြီး မကြာခင်လုံးဝ ပျောက်ကွယ်သွား မှာပါ””ဟုရှမ်းပြည်နယ်
ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်မှ ပြန်လည်ဖြေ ကြားပေးသွားခဲ့သည်။
၁၉၈၈ခုနှစ် မတိုင်မီက ရှမ်း ပြည်နယ်အတွင်းရှိ ဘိန်းစိုက်ခင်း များအား အမေရိကန်နိုင်ငံနှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးအဖွဲ့
တို့မှ ဆေးဖြန်း လေယာဉ်ငယ်များဖြင့် ပူးပေါင်းတိုက်ဖျက်ပေးခဲ့ပြီး ၁၉၈၈
ခုနှစ် နောက်ပိုင်းတွင် ယင်းသို့ ဆက် လက် ပူးပေါင်းတိုက်ဖျက်ပေးခြင်း မပြုတော့သည့်အတွက် ဘိန်း စိုက်ပျိုးမှုများ အမြစ်ပြက် ပပျောက်မသွားဘဲ အချို့သော တောင်ပေါ်ဒေသများ၌ ဆက်လက်ကျန်ရှိနေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

The Hot News
ရှမ်းပြည်နယ်တောင်ပိုင်းရှိ အချို့သောတောင်သူများ စားဝတ်နေရေးအတွက် မှီခိုလုပ်ကိုင် နေကြရ သည့် ဘိန်းစိုက်ခင်းများအစား၊အစားထိုးသီးနှံများဖန်တီးပေးနိုင်မည့်လမ်းပန်းဆက်သွယ်ရေးလွယ်ကူအဆင်ပြေစေ ရန်ဆောင်ရွက်ပေးသွားနိုင်မည် ဆိုပါက အဆိုပါ ဘိန်းစိုက်ပျိုးနေမှုများလျော့နည်းလာမည့်အပြင် တစ်ချိန် တွင် လုံးဝပပျောက်သွား နိုင်ကြောင်း အမေရိကန်လက် ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် ရှမ်းပြည် နယ်အစိုးရအဖွဲ့တို့ တွေ့ ဆုံဆွေနွေးစဉ် ၀န်ကြီးချုပ် ဦးစ၀် အောင်မြတ်မှ ပြောကြားသွားခဲ့သည်။