Tuesday 30 October 2012

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် KIO ၏ ငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့ ရွှေလီမြို့ရှိ ကျင်းချိန်ဟိုတယ်၌ ဆွေးနွေးနေ

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် KIO ၏ ငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ကျင်းချိန်ဟိုတယ်၌ ပြုလုပ်နေပြီ ဖြစ်ပါသည်။ အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်ခဲ့ပြီး KIO ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆွမ်လွတ်ဂမ်က ဦးဆောင်ခဲ့ ပါသည်။ ဆွေးနွေးပွဲသို့ ကာကွယ်ရေး ၀န်ကြီးဌာနမှ အထူးစစ်ဆင်ရေးမှူး ဒုတိယဗိုလ် ချုပ်ကြီး မြင့်စိုး တက်ရောက်ရန် မူလက စီစဉ်ခဲ့သော်လည်း KIO/KIA အဖွဲ့မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် တက်ရောက်ခဲ့ခြင်း မရှိသဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးလည်း တက်ရောက်ခြင်း မရှိပေ။
 
ref:EMG

No comments:

Post a Comment