Tuesday 30 October 2012

Breaking News - နူးယောက်ခ်မြို့တွင်း ရေပြည့်ရေလျှံမှု ပိုမိုမြင့်တက် လာလျက်ရှိနေ

 
Breaking News - နူးယောက်ခ်မြို့တွင်း ရေပြည့်ရေလျှံမှု ပိုမိုမြင့်တက် လာလျက်ရှိနေ

နောက်ဆုံးရ သတင်းများအရ Brooklyn နှင့် Manhattan ခရိုင်များအား ဆက်သွယ်ပေးထားသည့် Battery Tunnel တွင်း၌ ရေ ၄ ပေခန့်အထိ ဝင်ရောက်နေပြီဟု သိရှိရသည်။

အစောပိုင်းက ဖော်ပြထားသည့်အတိုင်း နူးယောက်ခ် စတော့ခ်အိတ်ချိန်း အတွင်း၌လည်း ရေ ၃ ပေခန့် ဝင်ရောက်နေပြီး အိတ်ချိန်းအား ရက်အတန်ကြာ ပိတ်ပင်ထားရဖွယ် ရှိနေသည်။

နူးယောက်ခ်မြို့ မြေနိမ့်ပိုင်း ဒေသများ၌လည်း အနည်းဆုံး ၂ ပေခန့်အထိ မြင့်တက်လာခဲ့ပြီး ဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်သည်။

ထို့အပြင် ပုံတွင် တွေ့မြင်ရသည့်အတိုင်း မြေအောက်ရထား ဘူတာများနှင့် ဥမင်လှိုင်ခေါင်းများ အတွင်းသို့လည်း ရေများ စတင်ဝင်ရောက်လျက်ရှိပြီး ယနေ့ညပိုင်းတွင် မည်မျှအထိ ရေဝင်ရောက်သည်ပေါ် မူတည်ကာ ပြင်ဆင်မှုများ ပြုလုပ်ရန်အတွက် ရက်အနည်းငယ် အကြာမှသည့် သတင်းပတ် တစ်ပတ်တာမျှအထိ ပိတ်ပင်ထားရဖွယ် ရှိနေသည်။
 
နောက်ဆုံးရ သတင်းများအရ Brooklyn နှင့် Manhattan ခရိုင်များအား ဆက်သွယ်ပေးထားသည့် Battery Tunnel တွင်း၌ ရေ ၄ ပေခန့်အထိ ဝင်ရောက်နေပြီဟု သိရှိရသည်။
အစောပိုင်းက ဖော်ပြထားသည့်အတိုင်း နူးယောက်ခ် စတော့ခ်အိတ်ချိန်း အတွင်း၌လည်း ရေ ၃ ပေခန့် ဝင်ရောက်နေပြီး အိတ်ချိန်းအား ရက်အတန်ကြာ ပိတ်ပင်ထားရဖွယ် ရှိနေသည်။

နူးယောက်ခ်မြို့ မြေနိမ့်ပိုင်း ဒေသများ၌လည်း အနည်းဆုံး ၂ ပေခန့် အထိ မြင့်တက် လာခဲ့ပြီး ဖြစ် သည် ကို တွေ့ရှိရမည်ဖြစ်သည်။

ထို့အပြင် ပုံတွင် တွေ့မြင်ရသည့်အတိုင်း မြေအောက်ရထား ဘူတာများနှင့် ဥမင်လှိုင်ခေါင်းများ အတွင်း သို့လည်း ရေများ စတင်ဝင်ရောက်လျက်ရှိပြီး ယနေ့ညပိုင်းတွင် မည်မျှအထိ ရေဝင်ရောက်သည်ပေါ် မူ တည် ကာ ပြင်ဆင်မှုများ ပြုလုပ်ရန်အတွက် ရက်အနည်းငယ် အကြာမှသည့် သတင်းပတ် တစ်ပတ်တာမျှ အထိ ပိတ်ပင်ထားရဖွယ် ရှိနေသည်။
 
 
 
 
 
 
ref:shwelone
photo:FB

No comments:

Post a Comment