Tuesday 30 October 2012

ကေအိုင်အိုနှင့် နိုင်ငံရေး အရ ဆက်လက်ဆွေးနွေးရန် သဘောတူ


ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကေအိုင်အို (ကချင်လွတ်လပ်ရေး အဖွဲ့)တို့ သည် ရွှေလီမြို့ တွင် ယနေ့ တွေ့ဆုံ ဆွေးနွေးရာတွင် စစ်ပွဲ ရပ်တန့်ရေး ကို အပြီးသတ် ဆွေးနွေး နိုင်ခြင်း မရှိဘဲ နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးရန်သာ သဘောတူညီခဲ့ပြီး ဆွေးနွေးပွဲပြီးဆုံး သွားကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

သို့သော် ဆက်လက်ဆွေးနွေးပွဲကို တစ်လအတွင်းတွင် မူဆယ် သို့မဟုတ် ဗန်းမော်မြို့တွင် ဆွေးနွေး   ပွဲပြု လုပ် ရန်အတွက် ရက်သတ်မှတ်ခြင်းကို နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းက သတင်းပေး ပို့သည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက လည်း ရွှေလီမြို့ တွင် တွေ့ဆုံေ ဆွးနွေးပွဲ မျက်နှာငယ်စွာဖြင့် ပြုလုပ်ရသည့် အတွက် မူဆယ် သို့မဟုတ် ဗန်းမော်တွင် ဆွေးနွေးနိုင်မည် ဆိုပါက ကိုယ်တိုင် လာရောက် ကြိုဆိုမည်ဖြစ်ကြောင်း ယင်းဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။
 
ref:The Voice Weekly

No comments:

Post a Comment