Sunday, 14 October 2012

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌရာထူး ဦးရွှေမန်း ယူဖွယ်ရှိ


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုတက်ရေးပါတီတွင် ဥက္ကဌ ရာထူးကို ပထမဆုံးအကြိမ် ရွေးချယ်တော့ မည်ဖြစ်ပြီး ဥက္ကဌ နေရာကို သူရဦးရွှေမန်းယူနိုင်ဖွယ်ရှိကြောင်း ယင်းပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး ကပြောကြားသည်။ 

ရေဖျဉ်းစွဲခြင်း ( Ascites )

"ထမင်းစားပြီး ချက်ချင်းရေချိုးရင် ရေဖျဉ်းစွဲ တတ်တယ်"တဲ့။ စာရှုသူအားလုံး မကြာခဏ ကြားဖူး နေကျစ ကားဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဘာမှ မသိနားမလည်တဲ့ ကလေးဘ၀ကတည်းက ကြားေ န ကျစကားမို့လို့ နားထဲစွဲနေပြီး မှန်သလိုလိုတောင် ထင်လာရတဲ့အထိ လူအတော်များများ ယုံနေကြ ပါ ပြီ။ ဒါက နည်းပညာဖွံ့ဖြိုးမှုနဲ့အလှမ်းဝေးခဲ့တဲ့ လူကြီး သူမတွေ မပြောနဲ့၊ ယနေ့ခေတ် (ဆေးလောကထဲက မဟုတ်တဲ့) ပညာတတ်အချို့ကတောင် အမှားအမှန် ခွဲမသိဘဲ အယူသည်း ရှောင်ကြဉ်နေကြတုန်းပဲ။ ဒီ တော့ မေးစရာစကား ရှိလာပါတယ်။

"ထမင်းစားပြီး ချက်ချင်းရေချိုးရင် ရေဖျဉ်းတကယ်စွဲတာလား"

ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲပြုတော့မည်

 
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင်ဥက္ကဋ္ဌရာထူးနှင့် ထိပ်ပိုင်းခေါင်းဆောင်များ အပြောင်း အလဲပြု လုပ်တော့မည် ဖြစ်ကြောင်း ယနေ့ကျင်းပလျက်ရှိသော ပထမအကြိမ်ပါတီညီလာခံမှ သိရှိရသည်။

နေပြည်တော်တွင် ယနေ့စတင်ကျင်းပလျက်ရှိသော ပထမအကြိမ် ပါတီညီလာခံတွင် တစ်နိုင်ငံ လုံးရှိ ပြည်ခိုင်ဖြိုး ပါတီဝင၊် တိုင်းရင်းသားပါတီဝင်ပေါင်း အားလုံးစုစုပေါင်း (၉၁၃) ဦး တက်ရောက် ခဲ့ကြ သည်။

" O.I.C. ကို ဘယ်လိုရင်ဆိုင်ရမလဲ ''

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg__kowx10ElyWC-B3jZ9Fb2-8UdFfiJep8_THVYuCDIbCt4l3FTXSsbYM8QOOaZ5-J5xS9Wl2qwFtO2ssXTSGCn4PFYWSL2JL0q1_HTKBMa0w6Urw7_kq9FaVUpjCQYqsYTV-8nIM2OiQ/s1600/oic.jpg
 
၁၉၆၇ ခုနှစ်မှာ တရုတ်ဗမာအဓိကရုဏ်းဖန်တီးပြီး ဗိုလ်ချုပ်ကြီးနေဝင်း အသက်ရှည်ပါစေလို့ ဆန္ဒဖော် ထုတ်ခဲ့သလိုအခု ၂၀၁၂ ခုနှစ်မှာလည်း ရခိုင်အဓိက ရုဏ်းတစ်ခု နည်းတူဖန်တီးပြီး သမ္မတကြီးဦးသိန်းစိန် အသက်ရှည်ပါစေလို့ ဆန္ဒဖော်ထုတ်ကြပြန်တယ်။

တရုတ်ဗမာအရေးအခင်းတုန်းက ကမ္ဘာလုံးဆိုင်ရာတရုတ်အသင်းမရှိခဲ့။ အခု ရခိုင်အရေးအခင်းမှာ O.I.C. အဖွဲ့ကြီး ရှိနေတယ်။ အစိုးရအနေနဲ့ ကျားမြီးဆွဲမိပြီ။

ပင်လယ်ပြင် အလယ်က မြို့ 







ပင်လယ်ပြင်အလယ်က မြို့ ဆိုတာ တကယ်ရှိပါ တယ်။ ပြင်သစ်နိုင်ငံ အနောက်မြောက်ဘက်ပိုင်း ပင်လယ်ရေပိုင်နက်က ဖြစ်ပြီး Mont Saint Michel အမည်ရ မြို့ ငယ်လေး ဖြစ်ပါတယ်။ သက္ကရာဇ် ၇၀၉ ခုနှစ် ကတည်းက ရှိတာ ဖြစ်ပြီး ကျွန်းငယ်လေးကို မြို့ လိုဖြစ်အောင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

နစက-BGB တွေ့ဆုံဆွေးနွေးပွဲ ယခုလတွင် သုံးကြိမ်မြောက်ရှိပြီ

မြန်မာ-ဘင်္ဂလာ နယ်စပ်လုံခြုံရေးတပ်ဖွဲ့များအကြား ပုံမှန်ချစ်ကြည်ရေးနှင့် နယ်စပ်လုံခြုံရေးအတွက် ယခုလအတွင်း သုံးကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ဗုဒ္ဓဟူးနေ့က ကျင်းပပြုလုပ်သွားခဲ့ကြောင်း သတင်းရရှိသည်။

AZG အရာရှိများ ရခိုင်တိုင်းရင်းသားများနှင့် မောင်တောတွင် တွေ့ဆုံ

 AZG (MSF- Holland) အဖွဲ့မှ တာဝန်ခံများသည် ယမန်နေ့က မောင်တောမြို့တွင် ရခိုင် တိုင်းရင်းသား ဒေသခံများကို ဖိတ်ခေါ်ပြီး တွေ့ဆုံခဲ့သည်ဟု သိရသည်

အီရန်နဲ့ဆီးရီးယားကို ရည်ရွယ်တဲ့ အစ္စရေး အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှု

 


အီရန်နှင့် ဆီးရီးယားနိုင်ငံသို့   ဒုံးကျည်ဖြင့် တိုက်ခိုက်လာပါက ပူးပေါင်းစစ်ဆင်တိုက်ခိုက်နိုင်ရန် အတွက် အမေရိ ကန်နှင့် အစ္စရေး  နိုင်ငံတို့သည် လေကြောင်းရန် ကာကွယ်ရေး (Air Pelence) ပူးတွဲ စစ်ရေးလေ့ကျင့်မှုတစ်ခုကို အောက်တိုဘာ ၂၁ ရက်မှစ၍ ရက်သတ်္တ သုံးပတ်ကြာလေ့ကျင့် မည်။

ကောလင်းမြို့နယ် အနောက်ခြမ်းဒေသတွင် မူးယစ် ဆေးဝါး ရောင်းချ၊ သုံးစွဲသူများပြားလာသည့်အတွက်ဒေသခံတောင်သူများ စိုးရိမ်နေရ



စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် အနောက်ခြမ်း ဒေသကျေးရွာအချို့တွင် မူးယစ် ဆေးဝါးရောင်း ချသူ၊ သုံးစွဲသူများ သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ ဖမ်းဆီးနေသော်လည်း လျော့ပါး သွားခြင်းမရှိဘဲ မူးယစ်ဆေး ၀ါး သုံးစွဲသူများပိုမိုများပြားလာသဖြင့် လယ်ယာသုံးကျွဲနွား များမကြာခဏ ပျောက်ဆုံး မှုရှိ လာေ သာ ကြောင့် ဒေသခံတောင်သူများ စိုးရိမ်နေရကြောင်းဒေသခံ တောင် သူများ၏ ပြောပြချက် အရ သိရှိရ သည်။

သဘာဝ ဘေးအန္တရာယ် လျှော့ချရေးတွင် အမျိုးသမီးများ အရေးပါကြောင်း ပညာရှင်များ ပြောကြား

သဘာဝ ဘေးအန္တရာယ် လျှော့ချရေး အတွက် ကြိုးပမ်းရာတွင် အမျိုးသမီးများနှင့် မိန်းကလေးများမှာ အရေး ပါ ကြောင်း နိုင်ငံတကာမှ ပညာရှင် များ ပြောကြားကြောင်း နေပြည်တော် တွင်အောက် တိုဘာ ၁၂ ရက်နေ့က ကျင်းပသော သဘာဝ ဘေးအန္တရာယ် လျှော့ချရေး နေ့ အထိမ်း အမှတ် အခမ်းအနား တက်ရောက် လာသူများက ပြောကြားသည်။

ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့အစည်းမှ နှစ်စဉ် ကျင်းပသော အထက်ပါ အခမ်းအနားကို မြန်မာနိုင်ငံတွင် ကျင်းပ သည်မှာ သုံးကြိမ်မြောက် ဖြစ်ပြီး ယခုနှစ်တွင် အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခန်း ကဏ္ဍကို အဓိကထား ဆွေးနွေး ပြောကြားကြသည်။

ရခိုင်ပြည်နယ် မင်းပြားမြို့တွင် လူထုဆန္ဒ ထုတ်ဖော်မည်

ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ၁၆.၁၀.၂၀၁၂ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ဖို့အတွက် အစိုးရဆီ တွင် လျှောက်လွှာ တင်ထားကြောင်း ကိုဦးဆောင်လူငယ်တယေက်မှ RSV ကို ပြောပြပါသည်။ 
၎င်းတို့ တောင်းဆိုမည့် တောင်းဆိုချက် (၆) ချက်တင်ထားကြောင့် (၁) OIC ရုံးအလိုမရှိ (၂) သမ္မတကြီးက ကုလသမဂ္ဂဖြင့် တွေ့ဆုံစဉ် ပြောကြားချက်ကို အမြန်အကောင်အထည်ဖော်ရန် (၃) ရခိုင်သားများ လုံခြုံရေးအတွက် ဘင်္ဂလီကုလားများကို ရခိုင်များနှင့် ဝေးရာသို့ ပို့ထားရန် (၄) ၁၉၈၂ ခုနှစ် ဥပဒေကို အတည်ပြုပြီး ဆက်လက်ဆောင်ရွက်ရန် (၅) ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဗုဒ္ဓဘာသာများအပေါ် အကြမ်းဖက်မှုကို ရှုတ်ချရန် (၆) ဘင်္ဂလားဒေ့ရှ်တွေ ဗုဒ္ဓဘာသာ လူနည်းစုကို ကာကွယ်ရန်နှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများကို ကာကွယ်ပေးရန်တို့ ကို တောင်းဆိုသွားမည်ဟု သိရှိရပါသည်။

မြန်မာ (၃) ဦး ယာဘာဆေးပြား ၄၀၀၈၈ နှင့် အတူ နယ်စပ်တွင် အဖမ်းခံရ

ယာဘာဆေးပြား ၄၀၀၈၈ နှင့် အတူ  မြန်မာနိုင်ငံ (၃) ဦးကို နယ်စပ်တွင် စနေနေ့နံနက်က ဖမ်းဆီး ရမိကြောင်း ဘင်္ဂလာ တာဝန်ရှိသူများပြောသည်။

သူတို့သည် အဆိုပါ ယာဘား ဆေးပြားများကို ဘုတ်တစ်စီးဖြင့် ဘင်္ဂလာဒေခ်ျ့ဘက်သို့ တင်သွင်းလာစဉ် နတ်မြစ်အတွင်း ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။

“ လျို့ဝှက် သတင်းအရ တက်ကနက်မြို့နယ် နာဆီယာ ပါရာ အနီးက နတ်မြစ်အတွင်း ဘုတ် တစ်စီးပေါ်ကို တက်ရောက် ရှာဖွေစဉ်မှာ ယာဘားဆေပြား ၄၀၀၈၈ နဲ့ အတူ မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးမိပါတယ်” ဟု တက်ကနက် အခြေစိုက် ဘီဂျီဘီ တပ်ရပ် အမှတ် (၄၂) မှ ဗိုလ်မှူး အမ်းဒီ ဆိုင်ဖူးလ် ရာဟမန်က ပြောသည်။

ဟံသာဝတီ ကားဝိုင်းတွင် ညအိပ်ခွန် မဆောင်ပါက အရေးယူမည်

ဟံသာဝတီယာဉ် ရောင်းဝယ်ရေး စခန်းဝင်း အတွင်းရှိ ညအိပ်ခွန် ပေးဆောင်ခြင်း မရှိပဲ ညအိပ် ရပ်နား ထားသော ယာဉ်များအား သဘောင်္ဆေးသုတ် မှတ်သား၍ ရုံးသို့ တင်ပြပြီး အရေးယူမည် ဖြစ်ကြောင်း အဆိုပါ ယာဉ်စခန်း၏ တရားဝင် ထုတ်ပြန်ချက်များ အရ သိရသည်။

ပြည်ခိုင်ဖြိုးပါတီ အထွေထွေညီလာခံသို့ သမ္မတဦးသိန်းစိန် တက်ရောက်

 
နေပြည်တော်၊အောက်တိုဘာ- ၁၄

ယနေ့ နေပြည်တော်တွင် ကျင်းပနေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပထမအကြိမ် အေ ထွထွေ ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတနှစ်ဦးတို့ တက်ေ ရာက်ခဲ့ကြောင်း သတင်းရရှိသည်။

ဟက်ကာများက တိုက်ခိုက် နိုင်မည့် Google ဝက်ဘ်ဆိုက်၏ လုံခြုံရေး ဆိုင်ရာ ချွတ်ယွင်းချက် အား ဖော်ထုတ် နိုင်သူ ဆယ်ကျော်သက် လူငယ်လေး ဒုတိယ အကြိမ် ဆုချီးမြှင့်ခံရ


အင်္ဂလန် အောက်တိုဘာ  ၁၂
ပင်ကီပိုင်း အမည်ဖြင့် အွန်လိုင်း သုံးစွဲသူ ဆယ်ကျော်သက် လူငယ်လေး တစ်ဦးသည် ကမ္ဘာတစ်ဝန်း တွင် လူသုံးများသော Google ဝက်ဘ်ဆိုက်၏ လုံခြုံရေးဆိုင်ရာ  ချွတ်ယွင်း ချက်များကို ဖော်ထုတ် နိုင်သဖြင့်  ဒုတိယ အကြိမ် ထပ်မံ၍ ဆုချီးမြှင့် ခံခဲ့ရကြောင်း သိရ သည်။

အမေရိကန်သမ္မတဟောင်းရဲ့ အဖွဲ့ မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လေ့လာ

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ Jimmy Carter တည်ထောင်ထားတဲ့ The Carter Center က မြန်မာနိုင်ငံငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်မှုတွေကို ကူညီနိုင် မယ့် နည်းလမ်းတွေရှာဖွေနေတယ်လို့ သိရပါတယ်။


အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ


 မြန်မာနိုင်ငံကိုရောက်နေတဲ့ The Carter Center အဖွဲ့ရဲ့ အကြံပေးအရာရှိ Mrs. Sarah Levit- Shore နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုအံ့ဘွယ်ကျော် တို့ ဒီကနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ မနက်က တွေ့ ဆုံဆွေးနွေးတဲ့အခါမှာ Mrs. Sarah ရဲ့ ပြောဆို ချက်တွေကို ကိုဂျင်မီက RFA ကို ပြန်ပြောပြပါတယ်။

စိုးရိမ်ဖွယ်ရာ အခြေအနေ ရှိနေသည့် ဆယ်ကျော်သက် ပညာရေး လှုပ်ရှား သူ မိန်းကလေး ကို တာလီဘန် က ထပ်မံ သတ်ဖြတ် အုံးမည် ဟု ခြိမ်းခြောက်


အနောက်တိုင်း ယဉ်ကျေးမှု ၏ ပြရုပ် သဖွယ် ဒေသတွင်း ပြုမူနေသော ကြောင့် ပစ်သတ်ရသည်
ဟု တာလီဘန် အဖွဲ့  က ပြောကြားထားသည့် အသက် ၁၄ နှစ် အရွယ် ရှိ ပညာရေး အခွင့် အရေး
လှုပ်ရှား သူ ပါကစ္စတန် အမျိုး သမီး ငယ် မာလလာ ယိုဆာဇီ ကို ထပ်မံ လုပ်ကြံ သတ် ဖြတ် ရန်
ပါကစ္စတန် အခြေစိုက် တာလီဘန် အဖွဲ့  က သတ် ဖြတ် ရန် ထပ်မံ ခြိမ်းခြောက် ထား သည် ဟု
နယူးယောက် တိုင်း သတင်းစာ ၏ အင်တာနက် စာ မျက် နှာ တွင် ဖော်ပြထား သည်။

ကောလာဟလနှင့် နိုင်ငံသားတို့၏ တာဝန်

ပြီးခဲ့သော ရက်ပိုင်းအတွင်းက ပုဂ္ဂလိက ဘဏ်တစ်ခုနှင့် ပတ်သက်သော ကောလာဟလ တစ်ရပ်ကြောင့် တစ်နိုင်ငံ လုံးရှိ အဆိုပါ ဘဏ်ခွဲများတွင် ငွေထုတ်သူများနှင့် ပြည့်နှက် သွားခဲ့ပါသည်။ ကုန်ခဲ့သည့် ၂၀၁၁ ခုနှစ်ကလည်း အဆိုပါ ဘဏ်ခွဲနှင့် ပတ်သက်သော ကောလာဟလ တစ်ခု ထွက်ခဲ့ပြီးဖြစ်ပါ သည်။ မြန် မာနိုင်ငံတွင် ကောလာဟလများ ထွက်ပေါ်လာတိုင်း ကောလာဟလ အပေါ် ပြည်သူလူထုက တုန့်ပြန်ပုံ မှာ နှစ်မျိုးနှစ်စား ရှိပါသည်။ ပထမတစ်မျိုးမှာ ကောလာဟလ သတင်းကို ကိုယ်တိုင် ယုံကြည် သကဲ့ သို့ဖြစ်ပြီး ဆက်လက် ဖြန့်ဝေကာ တုန့်ပြန်ခြင်း နှင့် ဒုတိယ တစ်မျိုးမှာ ကောလာဟလကို သံသယ စိတ်ဖြင့် ဆင်ခြင် သုံးသပ် တုန့်ပြန်ခြင်း ဖြစ်ပါသည်။

Saturday, 13 October 2012

တိုးတိုးတိတ်တိတ် စကား(၁ဝ)ခွန်း

မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်းမြင်ချင်ပါသလား? အောက်ကစာကို ဆက်ဖတ်ပါ...

၁) မနှိုင်းနဲ့

“သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာတတ်တယ်”လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တခြားမိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကားတစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူးစကားတွေထက် ပိုတန်ဖိုးထားပါတယ်။

 မြိတ်မြို့တွင် အုပ်စုဖွဲ့ပြီး ကားများ၊နေအိမ်များနှင့် ရုံးအဆောက်အအုံများ၏ မှန်တံခါးများကို ဖျက်ဆီးခဲ့သောလူငယ်များအား ဖမ်းဆီးရမိ

မြိတ်မြို့တွင် အောက်တိုဘာလ၁၀ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့သောကားများ၊နေအိမ်များနှင့် ရုံးအဆောက် အအုံများ၏ မှန်တံခါးများကို ဖျက်ဆီးခဲ့ရာတွင်ပါဝင်ခဲ့သော လူငယ်များအားရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ ခဲ့ပြီဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားပြီး နှစ်ရက်မြောက်နေ့ အောက်တိုဘာလ၁၂ရက်နေ့ ညပိုင်းတွင်ဖမ်းဆီး ရမိ ခဲ့ကြောင်း ပြစ်မှုကျူးလွန်သူများကို လိုက်လံစစ်ဆေးဖမ်းဆီးရာမှ အောက်တိုဘာလ၁၂ရက်နေ့ ည၁၁ နာရီ တွင် အားလုံးဖမ်းဆီး ရမိ ခဲ့ကြောင်း သိရသည်။အဆိုပါအဖွဲ့မှာ လူငယ်လေးဦးဖြစ်ပြီး အားလုံးအသက် ၂၀ ပင်မပြည့်ကြောင်းသိရကာ အရက်နှင့်ဆေးရောပြီးသုံးစွဲရာမှ ကြောင်သွားကာ မြို့ပေါ်တွင်ရပ်နားထားသော ကားများနှင့် နေအိမ်အဆောက်အအုံများကို လိုက်လံဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။