Saturday 20 February 2016

၅၉(စ) ပြင်ဆင်ရေးစကားစစ်ထိုးပွဲ ဆွေးနွေးမည့်သူသာ အပြောင်းအလဲ ရှိနိုင်သည်ဟုဆို

ယခုလအတွင်း မန္တလေးမြို့တော်တွင်ကျင်းပမည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၅၉(စ)နှင့်ပတ်သက်၍ စကားစစ်ထိုးပွဲတွင် ပြောဆိုဆွေးနွေး မည့်သူများသာ အပြောင်းအလဲရှိနိုင်ပြီး စကားစစ်ထိုးပွဲနှင့်ဆွေးနွေး မည့်ခေါင်းစဉ်မှာ အပြောင်းအလဲမရှိကြောင်း စီစဉ်သူများထံမှ သိရှိရသည်။
အမြင်မတူသူများအကြား ဒီမိုကရေစီစံနှုန်းနှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အသိအမှတ်ပြုသည့် ဓလေ့ထွန်းကားလာစေရန်အတွက် စကားစစ်ထိုး ပွဲများ ကျင်းပရန်စီစဉ်ထားခြင်းဖြစ်ကြောင်း စီစဉ်သူများထံမှ သိရှိရသည်။
" Debate ဆိုတာ မပြောင်းလဲပါဘူး။ စဆွေးနွေးမယ့် အများစိတ်ဝင်စား မယ့် ၅၉ (စ)နဲ့ပတ်သက်လို့ မပြောင်းလဲဘူး။ ပုဂ္ဂိုလ်တွေအနေနဲ့ သူတို့မှာ တခြားအကျပ်အတည်း ရှိကောင်းရှိမယ်။ ဒီအတွက် အပြောင်းအလဲ ရှိကောင်းရှိမယ်" ဟု စကားစစ်ထိုးပွဲများကျင်းပရေးအတွက်စီစဉ်သူ ဦးညီ ညီကျော်က ပြောကြားသည်။
ပြည်သူများအကြား ရေပန်းစားနေသည့်အကြောင်းအရာများကို ဦး စားပေးရွေးချယ်ခြင်းဖြစ်သဖြင့် ၅၉ (စ)နှင့်ပတ်သက်၍ စကားစစ်ထိုးပွဲ တွင် ဒေါ်ခင်ဝိုင်းကြည်နှင့် ဦးဘုန်း (ဓါတု) တို့ကို ဖိတ်ကြားရန် စီစဉ်နေ ဆဲဖြစ်သဖြင့် လူပုဂ္ဂိုလ်အပြောင်းအလဲရှိနိုင်ကြောင်း ၎င်းကဆိုသည်။
၅၉(စ)ပြင်ဆင်ရေး စကားစစ်ထိုးပွဲတွင် ပြောကြားရန်ကြိုတင်မသိ ရကြောင်း၊ ၅၉(စ)ပြင်ဆင်ရေးမှာ လွှတ်တော်လမ်းကြောင်းအရ သာ ဆောင်ရွက်ရမည်ဖြစ်ပြီး ၅၉ (စ) ပြင်ဆင်ရေးအတွက် လက်မှတ်များလိုက်ကောက်ပါက လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း စာရေးဆရာဦးဘုန်း (ဓာတု) ကပြောကြားသည်။
"သာမန်စာရေးဆရာတစ်ယောက်ဖြစ်တယ်။ ဒီနိုင်ငံသားဖြစ်တဲ့အတွက် ဒီနိုင်ငံတည်ငြိမ်တာ၊ အေးချမ်းတာ၊ တိုးတက်တာ၊ ဖွံဖြိုးတာလိုချင် လို့ ပြောဆိုတာပဲရှိတယ်။ ဒါမျိုးဖိတ်ရင်ပြောမှာမဟုတ်ဘူး" ဟု ၎င်းကဆိုသည်။
ဒေါ်ခင်ဝိုင်းကြည်ကလည်း ၅၉ (စ) နှင့်ပတ်သက်၍ စကားစစ်ထိုးပွဲအ တွက် ဖေဖော်ဝါရီ ၁၈ရက်နေ့က ဖိတ်ကြားခံထားရသော်လည်း အခြေ အနေအကြောင်းကြောင်းများကြောင့် မန္တလေးသို့လာရောက်ရန် အချိန် မပေးနိုင်သဖြင့် စကားစစ်ထိုးပွဲတွင်ပါဝင်ရန် လက်မခံထားကြောင်း ပြော ကြားသည်။
အမြင်မတူမှုများအကြား လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိသည့် ဒီမိုကရေစီဓလေ့များထွန်းကားစေရေးအတွက် စကားစစ်ထိုးပွဲများ နှစ်ပတ် လျှင်တစ်ကြိမ်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယင်းအတွက် ခေါင်းစဉ်များကို သုံးလစာ စီစဉ်ထားမည်ဖြစ်ကြောင်း စကားစစ်ထိုးပွဲများ ကျင်းပရေး အတွက် စီစဉ်သူ Civic Educator ဦးသူရိန်ရွှေကပြောကြားသည်။
စကားစစ်ထိုးပွဲကို ယခုလအတွင်းကျင်းပမည်ဖြစ်ရာ ၅၉ (စ) နှင့် ပတ်သက်၍ ပြောမည့်သူများနှင့် ကျင်းပမည့်အချိန်အတိအကျ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း စီစဉ်သူများထံမှသိရသည်။
The Voice Weekly

No comments:

Post a Comment