Saturday 20 February 2016

အချစ်ကြီးတဲ့သူအဖြစ် သရုပ်ဆောင်ဦးမယ့် မေမြင့်မိုရ်

‘မိုးပန်းပွင့်၏ သင်္ကေတ’ ရုပ်ရှင်ဇာတ်ကားတွင် အချစ်ကြီး သည့် ကောင်မလေးတစ်ယောက် ပုံစံဖြင့် သရုပ်ဆောင်နေကြောင်း မေမြင့်မိုရ်က ပြောသည်။
‘‘စီးရီးမှာ ပန်းနုသွေးဆိုရင် လည်း ပန်းနုသွေးနေရာက သရုပ် ဆောင်ရတယ်။ မှုံဆိုတဲ့ ဇာတ် ကားမှာလည်း မှုံနေရာက သရုပ် ဆောင်ရတယ်။ အခုရုပ်ရှင်ကား ကြီးမှာလည်း ‘မိုးပန်းပွင့်၏ သင်္ကေတ’ဇာတ်ကားမှာလည်း မိုးပန်းပွင့်အနေနဲ့ သရုပ်ဆောင်ရတော့ ကိုယ့်ကိုယ်ကိုယ် ကံကောင်းတယ်လို့ တွေးမိတယ်။ ညီမဆီရောက်လာတဲ့ ကံကောင်းမှုတွေကို အကောင်းဆုံးသရုပ်ဆောင်သွားမှာပါ’’ဟု ၎င်းက ပြောသည်။
‘မိုးပန်းပွင့်၏ သင်္ကေတ’ ရုပ် ရှင်ဇာတ်ကားကို ဖေဖော်ဝါရီလ ဆန်းပိုင်းတွင် စတင်ရိုက်ကူးနေပြီ ဖြစ်ပြီး ရန်အောင်၊ ရဲအောင်၊ စိုးမြတ်သူဇာ၊ မေသဉ္ဇာဦး၊ မေမြင့်မိုရ်နှင့် နေအဉ္ဇရာတို့ ပါဝင် ကာ ဒါရိုက်တာကိုပေါက်က ရိုက် ကူးနေခြင်းဖြစ်သည်။
‘‘တာဝန်ကြီးတယ်လို့ ခံစား ရပါတယ်။ ဘာပဲဖြစ်ဖြစ် ညီမ သရုပ်ဆောင်တဲ့ကာရိုက်တာကို ကြိုးစားပြီး သရုပ်ဆောင်မှာပါ။ ကိုယ့်ကိုပေးတဲ့အခွင့်အရေးကို အကောင်းဆုံးဖြစ်အောင် လုပ်သွားမှာပါ’’ဟု မေမြင့်မိုရ်က အဆိုပါရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုအ ပေါ် ခံစားမှုကို ပြောသည်။
မေမြင့်မိုရ်ကို ‘ပန်းနုသွေး’ ရုပ်သံဇာတ်လမ်းတွဲဖြင့် ပရိသတ် အသိအမှတ်ပြုမှုရရှိခဲ့ပြီး ယခုနှစ် အတွင်း MRTV-4 ရုပ်သံလိုင်းမှ မှုံဆိုသည့် ဇာတ်ကားတစ်ကား တစ်ကား ထပ်မံလွှင့်ရန် အစီ အစဉ်ရှိသည်ဟု သိရသည်။
‘‘မှုံဆိုတဲ့ ဇာတ်ကားလေးက လည်း ဇာတ်လမ်းလေးအရမ်း ကောင်းပါတယ်။ ပရိသတ်တွေ လည်း ကြိုက်ကြမယ်ထင်တယ်။ ဒရာမာလေးပါပဲ’’ဟု မှုံဇာတ်ကား နှင့်ပတ်သက်၍ မေမြင့်မိုရ်က ပြောသည်။
လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် ကြော်ငြာများ ရိုက်ကူးရန် လက်ခံထားပြီး ယခုနှစ်အတွင်း ရုပ်သံဇာတ်လမ်းတွဲ ထပ်မံရိုက်ကူးရန် အစီအစဉ်ရှိ ကြောင်း ၎င်းက ဆိုသည်။
7Day Daily

No comments:

Post a Comment