Tuesday 9 February 2016

အူရီးဒူး၏မြန်မာနိုင်ငံကွန်ရက်များအတွက် ADB နှင့် IFC ဒေါ်လာသန်း ၃၀၀ ကူညီမည်

ကာတာအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ် သော အူရီးဒူးအား မြန်မာနိုင်ငံတစ် ဝန်းတွင် မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်များတိုးချဲ့နိုင်ရန် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)နှင့်အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပို ရေးရှင်း(IFC)တို့က အမေရိကန် ဒေါ်လာသန်းသုံးရာ ကူညီမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။အဆိုပါသဘောတူညီချက် ကို အူရီးဒူးကုမ္ပဏီများရုံးချုပ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အူရီးဒူးမြန် မာမှတစ်ဆင့် မြန်မာနိုင်ငံ၌ ဆက် သွယ်ရေးကဏ္ဍအတွက် ADB နှင့် IFC တို့က ကန်ဒေါ်လာ သန်း ၁၅၀စီကူညီမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
‘‘ADB နဲ့ IFC တို့လို ကမ္ဘာ ကျော်ငွေကြေးအထောက်အကူ ပြုအဖွဲ့အစည်းတွေနဲ့ ဘဏ္ဍာရေး ဆိုင်ရာသဘောတူစာချုပ်ချုပ်ဆို နိုင်ခဲ့တဲ့အတွက် မြန်မာပြည်မှာ မိုဘိုင်းဆက်သွယ်ရေးကွန်ရက် ဖြန့်ကြက်ရေးနဲ့ ဝန်ဆောင်မှုတွေ ကို အရှိန်မြှင့်တင်လိုက်ခြင်းဖြစ်ပါ တယ်’’ဟု အူရီးဒူးကုမ္ပဏီများရုံး ချုပ်၏ အမှုဆောင်အရာရှိချုပ် Sheikh Saud Bin Nasser Al Thani က ပြောသည်။
အူရီးဒူးမြန်မာအနေဖြင့် ဆက်သွယ်ရေး ကွန်ရက်များ ဆက်လက် တိုးချဲ့ရာတွင် ADB နှင့်IFC တို့၏လုပ်ငန်းစွမ်းဆောင်ရည် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်မည်ဖြစ်ပြီး ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် လူမှုရေး ရာလုပ်ငန်းများကိုလည်း အ ကောင်အထည်ဖော်ဆောင်ရွက် မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

အူရီးဒူးမြန်မာသည်၂၀၁၄ ဇူလိုင်လကုန်ပိုင်းတွင် ပြည်တွင်း၌ ဆက်သွယ်ရေးဝန်ဆောင်မှုများ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးလက်ရှိတွင် မိုဘိုင်းဖုန်းအသုံးပြုသူပေါင်းခြောက်သန်းကျော်အား ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ထုတ်ပြန်သည်။
7 day

No comments:

Post a Comment