Tuesday 9 February 2016

ချယ်လ်ဆီးနှင့် မန်ယူ သရေကျ၊ နာပိုလီနှင့် ဂျူဗီ စီးရီးအေကို ဆက်လက်ဦးဆောင်

ယခုရာသီတွင် ချယ်လ် ဆီးနှင့် မန်ယူတို့ ဒုတိယအကြိမ် သရေကျခဲ့သောကြောင့် ယင်းမှာနှစ်သင်းလုံးအတွက် အနည်းငယ် သာ အထောက်အကူဖြစ်စေခဲ့ သည်။
ချယ်လ်ဆီးအိမ်ကွင်းတွင် တစ်ဂိုးစီ သရေကျခဲ့သောကြောင့် မန်ယူသည် ပရီးမီးယားလိဂ် အ မှတ်ပေးဇယား ပဉ္စမနေရာ၌ ဆက် ရှိနေကာ ချန်ပီယံလိဂ်ဝင်ခွင့် သေချာစေမည့် နံပါတ် (၄) နေရာနှင့် ခြောက်မှတ်အထိ ကွာဟသွားသည်။ချယ်လ်ဆီးသည် ယင်းရ လဒ်ကြောင့် တန်းဆင်းဇုန်နှင့် မဝေးကွာသော နံပါတ် (၁၃) နေ ရာတွင် ဆက်ရှိနေပြီး ပုံမှန်မဟုတ်ဘဲ ထိပ်ဆုံးလေးသင်းနေရာသို့ တက်လှမ်းနိုင်ခြင်း မရှိသေးပေ။
ကောင်းသောအချက်တစ်ခု မှာ လက်ရှိချန်ပီယံ ချယ်လ်ဆီး သည် နည်းပြသစ် ဟစ်ဒင့် ပြောင်းလဲကိုင်တွယ်ပြီးနောက် ရှုံးပွဲမရှိ သေးပေ။
အီတလီစီးရီးအေတွင် နာပို လီနှင့် ဂျူဗင်တပ်တို့သည် တန်း ဆင်းရမည့်အန္တရာယ် ကြုံနေ သော ပြိုင်ဘက်များကို အသီးသီး အနိုင်ရကာ ပထမနှင့် ဒုတိယနေ ရာတွင် ရှိနေသည်။

ဖရိုဆင်နွန်းအသင်းကို နှစ် ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ဒုတိ ယနေရာမှ ဂျူဗင်တပ်သည် နာပို လီနှင့် ကာပီအသင်းတို့ ဂိုးမရှိ သရေကျနေချိန် ပွဲကစားချိန် ၇၃ မိနစ်တွင် ကွာဒရာဒိုက ဂိုးသွင်း ယူလိုက်စဉ် ဇယားထိပ်ဆုံး၌ ရမှတ်တူနှစ်သင်းဖြစ်တော့မည့်ပုံ ပေါ်ခဲ့သည်။

သို့သော် နာပိုလီအသင်းအ တွက် ယခုရာသီ ၂၄ ပွဲ ကစားရာ တွင် ၂၄ ဂိုးမြောက်ဂိုးကို တိုက် စစ်မှူး ဟီဂူအင်က ပင်နယ်တီမှ တစ်ဆင့် သွင်းယူသွားသည်။

ကာပီအသင်းမှ ကစားသ မားတစ်ဦး ထုတ်ပယ်ခံခဲ့ရသည်း

ဂျူဗင်တပ်အသင်း၏ အ ထက်တွင် မိမိတို့ ရှိနေနိုင်ခြင်း ကြောင့် ဂုဏ်ယူသည်ဟု နာပိုလီ နည်းပြ မော်ရီဇီယိုဆာရီက ပြော သည်။
နာပိုလီက ဂျူဗင်တပ်ကို နှစ် မှတ်ဖြတ်ထားနိုင်ဆဲဖြစ်သည်။

—Ref: AP

No comments:

Post a Comment