Monday 25 May 2015

သီပေါမြို့နယ်တွင် ကျေးရွာအုပ်ချုပ် ရေးမှူးတစ်ဦး သေနတ်ပစ်ခံရ

ရှမ်းပြည်နယ် သီပေါမြို့ နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးကို လက်နက်ကိုင်တစ်ဦး က သေနတ်ဖြင့် ပစ်ခတ်ထွက် ပြေးသွားသောကြောင့် ၎င်းမှာဒဏ်ရာ အပြင်းအထန်ရခဲ့ကြောင်း သတင်းရရှိသည်။

သီပေါမြို့နယ် နမ့်အွန်ကျေး ရွာအုပ်ချုပ်ရေးမှူးကို မေလ ၂၃ ရက် ည ၈ နာရီခန့်တွင် သေနတ်ဖြင့် တစ်ချက်ပစ်၍ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီးက ပြောသည်။

နမ့်အွန်ကျေးရွာ အုပ်ချုပ်ရေးမှူးမှာ ကုန်စုံဆိုင် ဖွင့်ထားသူဖြစ်ပြီး အရပ်ဝတ် အမျိုးသားတစ်ဦးက ဈေးဝယ် ဟန်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ဈေးလာဝယ်ရင်းနဲ့ ပစ် သွားတယ်ဆိုတော့ သူတို့ပဲ သိ မှာ။ လောလော ဆယ် ဒဏ်ရာရ တဲ့သူက စကား ပြောလို့ မရသေး တော့ ဘာမှမေးလို့ မရသေးဘူး။ ဒီနေရာမှာ ဒီလိုပစ်သွားတယ်ဆို တော့ သူကလည်း ကျေးရွာအုပ် ချုပ်ရေးမှူးဆိုတော့ အကြောင်း ရင်းတစ်ခုတော့ ရှိပါလိမ့်မယ်။ ဒီကိစ္စကို စုံစမ်းဖော်ထုတ်နေပါ တယ်’’ဟု အဆိုပါဒုတိယရဲမှူးကြီးက ပြောသည်။

နမ့်အွန်ကျေးရွာအုပ်ချုပ်ရေးမှူးမှာ ၀မ်းဗိုက်တွင် သေနတ်ဒဏ်ရာရခဲ့ပြီး လားရှိုးဆေးရုံ၌ အတွင်းလူနာ အဖြစ် ဆေးကုနေရကြောင်း သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment