Monday 25 May 2015

သမ္မတ၏ အနီးကပ်လုံခြုံရေး ခေါင်းဆောင်နေရာ အစားထိုးခန့်အပ်

နိုင်ငံတော်သမ္မတ၏ အနီးကပ်လုံခြုံရေး အထူးရဲတပ်ဖွဲ့မှူး  ကွယ်လွန်သွားပြီးနောက် သမ္မတလုံခြုံရေး အတွက် အထူးတာဝန်ရဲတပ်ဖွဲ့မှ   ရဲမှူးကြီးသန်းဝင်းအား အစားထိုးခန့်အပ်လိုက်ပြီဖြစ်ကြောင်း သတင်း ရရှိသည်။

ဦးသိန်းစိန် သမ္မတတာဝန် စတင်ထမ်းဆောင်သည့်အချိန်က ပင် ၎င်း၏လုံခြုံရေးကိုတာဝန်ယူခဲ့သည့်   အထူးတာဝန်ရဲတပ်ဖွဲ့ (Special Tast Force) တပ်ဖွဲ့မှူး  ရဲမှူးကြီး အောင်ထွန်းထွန်းလွင် သည် မေလ ၁၉ ရက်က အစာအိမ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ယခုအခါ အထူးတာဝန်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး သန်းဝင်း အားနိုင်ငံတော်သမ္မတ၏ အနီးကပ်လုံခြုံရေးအ ထူးရဲတပ်ဖွဲ့မှူးအဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင် ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။

ရဲမှူးကြီးအောင်ထွန်းထွန်းလွင် ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတက်နေစဉ်ကပင် ရဲမှူးကြီးသန်းဝင်း အား အထူးတာဝန်ရဲတပ်ဖွဲ့၏ တပ်ဖွဲ့မှူးအဖြစ် ယာယီတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာန ချုပ်မှ ရဲမှူးချုပ်တစ်ဦးက ပြော သည်။ ရဲမှူးကြီး အောင်ထွန်းထွန်း လွင်၏ နာရေးကို မေလ ၂၃ရက် တွင် ရေဝေးသုသာန်၌ ပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment