Monday 25 May 2015

တမူးမြို့ အချုပ်ခန်းတွင် နိုင်ငံခြားသား တစ်ဦး သေဆုံး

တမူးမြို့မရဲစခန်း အချုပ်ခန်းအတွင်း၌ ချုပ်နှောင်ထားသည့် တစ်ဖက်နိုင်ငံမှ အိန်္ဒိယ နိုင်ငံသား တစ်ဦးသည် ယခုလ (၂၂) ရက်နေ့တွင် တမူးမြို့ပြည်သူ့ဆေးရုံကြီး အတွင်း၌ အသည်းကျွမ်းသည့် ရောဂါ ဖြင့် သေဆုံး သွားခဲ့ရကြောင်း တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဌာနထံမှ သိရသည်။

တမူးမြို့ ရဲစခန်းအချုပ်ခန်း အတွင်း၌ သေဆုံးသွားခဲ့သည့် ရိုမင်လျံနာ (၇၀)နှစ်သည် ပြီးခဲ့သည့် မတ်လ အတွင်း ၌ မီဇိုရမ်ပြည်နယ်မှတစ်ဆင့် တမူးမြို့သို့ တရားမ၀င်လမ်းကြောင်းမှ ၀င်ရောက် လာသည့်(၁၉) ဦးအနက် တစ်ဦး အပါ အ၀င်ဖြစ်ပြီး၊ ၎င်းတို့အား တမူးမြို့ နယ် (လ၀က) မှ ၁၉၅၁ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (ချုပ်နှောင်ခြင်း) နည်းဥပဒေ အပိုဒ် ၂(၁) အရ တမူးမြို့မ ရဲစခန်းတွင် ယာယီ ချုပ် နှောင် ထားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါဌာန ထံမှ သိရသည်။

ယင်းသို့ ချုပ်နှောင်ထားစဉ် သေဆုံး သွားခဲ့သည့် ရိုမန်လျှံနာ (၇၀)နှစ်သည် ယခုလ (၁၉) ရက်နေ့၌ သွေးတိုး၊ သွေးဝမ်း သွားရောဂါ လက္ခဏာများ ဖြစ်ပွား လာသည့် အတွက် တမူးမြို့ ပြည်သူ့ ဆေးရုံ အချုပ်တွင် ပို့ဆောင်ကုသပေးခဲ့ရပြီး သက်ဆိုင်ရာ ကျန်းမာရေး အဖွဲ့ စစ်ဆေးချက် အရ အသည်းကျွမ်း ရောဂါလက္ခဏာများ တွေ့ရှိ ခဲ့ရကြောင်း သိရပြီးနောက် ယခုလ(၂၂) ရက်နေ့တွင် အဆိုပါ ရောဂါဖြင့် သေဆုံးသွား ခဲ့ကြောင်း တိုင်းဒေသကြီး နယ်စပ် ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာနမှ မှုခင်း မှတ်တမ်များ အရ သိရသည်။

Messenger News Journal 

No comments:

Post a Comment