Tuesday 27 January 2015

နိုင်ငံတော်အလံကိုဖြုတ်ချတာ ဥပဒေမဲ့တဲ့လုပ်ရပ်ပါ

ပညာရေးဥပဒေကြမ်းကို ကန့်ကွက်သည့်အနေဖြင့် ဗကသ ဦးဆောင်သော ကျောင်းသားအချို့သည် ဇန်န၀ါရီလ ၂၀ ရက်နေ့မှစတင်၍ မန္တလေးမှရန်ကုန်မြို့သို့ သပိတ်စစ်ကြောင်းဖြင့် လမ်းလျှောက်ချီတက် ခဲ့ကြပြီး မြင်းခြံမြို့သို့ရောက်ရှိ ချိန်မှာတော့ မြင်းခြံဒီဂရီကောလိပ်အတွင်းသို့ ၀င်ရောက်ကာ ကောလိပ် ရှေ့တွင်လွှင့်ထူထားသောနိုင်ငံတော် အလံအား ဖြုတ်ချခဲ့ကြပြီးနောက် ဗကသ အလံလွှင်ထူခဲ့ကြသည့် လုပ်ရပ်ကြောင့် ပြည်သူအများစုရဲ့ ဝေဖန်ရှုတ်ချသံတွေ ပြင်းထန် စွာပေါ်ထွက်လာခဲ့ပေသည်။

ကျောင်းသားများအနေဖြင့် ယခုလိုပြုလုပ်ခဲ့ခြင်းသည် လွပ်လပ်စွာဆန္ဒဖော် ထုတ်ခွင့်ကို အလွဲသုံးစားပြုလုပ် ၍ နိုင်ငံတော်၏ တည်ဆဲဥပဒေကို ချိုးဖောက်ခဲ့ယုံသာမက၊ နိုင်ငံတော်၏ အထွတ်အမြတ်ထားရာ၊ နိုင်ငံသား တိုင်း၏ အလေးအမြတ် ပြုရာဖြစ်သော နိုင်ငံတော်အလံကို ၎င်းတို့၏ဆန္ဒ သဘောဖြင့် ဖြုတ်ချ ခဲ့ခြင်းဖြစ်သဖြင့် နိုင်ငံတော်နှင့်နိုင်ငံအတွင်း နေထိုင်ကြကုန်သော ပြည်သူအားလုံးကိုပါ စော်ကားလိုက် သည့် လုပ်ရပ်ဖြစ်သည်ဟု အများစုက ဝေဖန်ပြောကြားသည်။ 

“ ကိုယ်ပိုင်လွတ်လပ်ခွင့်အရ ဆန္ဒဖော်ထုတ်တာမှန်ပါတယ်၊ လက်ခံနိုင်ပါတယ်၊ ဒါပေမယ့် တက္ကသိုလ် ကောလိပ်ရှေ့မှာ လွှင့်တင်ထားတဲ့ နိုင်ငံတော် အလံကိုဖြုတ်ချပြီး ကျောင်းသားသမဂ္ဂအလံလွှင့်ထူခဲ့တာ ကိုတော့ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်၊ ဒါဟာ မလုပ်သင့် မလုပ်အပ်တဲ့အပြင် နိုင်ငံတော်နဲ့ ပြည်သူကို စော်ကားတဲ့ အပြုအမူလို့တောင်ပြောလို့ရပါတယ်” ဟု မန္တလေး၊ အောင်မြေသာဇံမြို့ တွင်နေထိုင်သော ကိုထွန်းနိုင်ဝင်း က ပြောသည်။ 

ပညာရေးဥပဒေကို ကန့်ကွက်သော ကျောင်းသားများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၅၄ အရ နိုင်ငံသား တိုင်း ခံစားခွင့်ရှိသော ကိုယ်ပိုင်အခွင့်ရေးနှင့်အညီ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်ကို လွတ် လပ်စွာ ဖော်ထုတ်ခွင့်ရှိသော် ငြားလည်း အခြေခံဥပဒေ ပုဒ်မ ၃၅၅ အရ နိုင်ငံသားတိုင်းသည် နိုင်ငံတော်၏ မည်သည့် အရပ်ဒေသတွင် နေ ထိုင်သည် မဆို ဥပဒေနှင့်အညီဖြင့်သာ နေထိုင်ခွင့်ရှိသည် ဆိုသောအချက် ကိုတော့ မေ့ထားရန်မသင့်ပေ။ နိုင်ငံတော်အလံသည် နိုင်ငံတစ်နိုင်ငံ၏ အမြတ်တစ်နိုးတန်ဖိုးထားရာ အလေးအမြတ်ပြုရာ အထိမ်း အမှတ်ပြယုဂ်ဖြစ်သည်နှင့်အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၇-(ခ) အရ ဥပဒေပြဋ္ဌာန်းထားပြီးလည်းဖြစ်သောကြောင့် ကျောင်းသားများအနေဖြင့် လူထုစုဝေး မှုပြုလုပ်ကာ နိုင်ငံတော်အလံကိုဖြုတ်ချခဲ့သည်မှာ တည်ဆဲဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခဲ့ခြင်း ဖြစ်သည် ဟု ပြောဆိုရမည်သာဖြစ်ပေသည်။

ဤကဲ့သို့လုပ်ရပ်သည် ဆူပူမှုများဖြစ်ပွားလာစေရန်အတွက် ကျောင်းသား များ၏နောက်ကွယ်မှ လှုံ့ဆော် စေခိုင်း မှုများ ရှိနေနိုင်ကြောင်း ထင်မြင်သုံးသပ်နိုင်ပြီး ထိုကဲ့သို့သော သွေးထိုးလှုံ့ဆော်မှုများကြောင့် ပြည် သူများ အကြားတွင် စိုးရိမ် ထိတ်လန့်မှုများဖြစ်ပေါ်လာကာ လမ်းလျှောက် ချီတက်ခဲ့ခြင်းကို ကြိုဆို ထောက်ခံသော အချို့ပြည်သူများကပင် နိုင်ငံတော် အလံကို ဖြုတ်ချခဲ့ခြင်းနှင့်ပတ်သက်၍ ဝေဖန်ရှုတ်ချ မှုများ ပြုလုပ်ခဲ့သည်ကိုလည်း မြင်တွေ့ရပေသည်။

“ ဒါဟာ အရေးအခင်းတစ်ခုခုကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးတဲ့ပုံစံမျိုးဖြ စ်နေတယ်၊ ကလေးတွေအနေနဲ့ ရဲရဲဝံ့ဝံ့ဆန္ဒဖော် ထုတ်တာကို ကြိုဆိုလက်ခံပါတယ်၊ ဒါပေမယ့် ဒီလိုလုပ်ရပ်ကိုကြည့်လိုက်တော့ ဒီကလေး တွေ နောက်မှာ ဆူပူမှုတွေဖြစ်ဖို့ လှုံ့ဆော်နေတဲ့ လူတစ်စုရှိနေပြီ ဆိုတာ သေချာသလောက်ရှိနေပြီ၊ အရေးအခင်းတစ်ခုခုကို ဖန်တီးပြီးကလေးတွေကို ထိုးကျွေးဖို့ ရည်ရွယ်ချက်နဲ့လုပ်နေတာဆိုရင်တော့ လုံးဝလက်ခံနိုင်စရာမရှိပါဘူး” ဟု ရန်ကုန်မြို့တွင်နေထိုင်သောဒေါက် တာသန်းထွဋ်တင်က ကျောင်းသားများ၏လုပ်ရပ်နှင့်ပတ်သက်၍ Social Network ပေါ်တွင်သူ၏အမြင်ကိုပြောသည်။ 

ကျောင်းသားများအနေဖြင့် ယခုလိုဥပဒေမဲ့လုပ်ရပ်အား ချိုးဖောက်လုပ်ကိုင် ခဲ့ကြခြင်းကြောင့် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဆက်လက်လုပ်ကိုင်မည့်အ စီအစဉ်များကို သတိကြီးစွာစောင့်ကြည့်ရတော့မည့် အခြေ အနေကို ရောက်ရှိ လာပြီဖြစ်ချေ သည်။ ဆန္ဒဖော်ထုတ်ခြင်းကို အကြောင်းပြ၍ ဥပဒေကို ထီမထင်သည့် ဤကဲ့သို့သော လုပ်ရပ်ကိုကြည့်ရှုခြင်းဖြင့် မသိနားမလည်သည့် ကျောင်းသားများနော က်ကွယ်မှ မြှောက် ပင့် မီးထိုးေ ပးသူများရှိနေနိုင်သည်ကိုလည်းပေါ်လွင်ခဲ့ပေသည်။ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ တန်ဖိုး ထားမြတ်နိုးရာ အလံတော်တစ်ခုကို အကြောင်းမဲ့ဖြုတ်ချခဲ့ခြင်းမှာ ဥပဒေမဲ့၊ မင်းမဲ့စရိုက်ဆန်သည့် ရမ်းကားသော လုပ်ရပ်တစ်ခုဖြစ်သကဲ့သို့ ပြည် သူအားလုံးကိုပါ စော်ကားသည့်လုပ်ရပ်ဖြစ်သော ကြောင့် မည်ကဲ့သို့သောနိုင် ငံရေးရည်ရွယ်ချက်ရှိနေပါစေ မလုပ်သင့်မလုပ်အပ်ပေသော လုပ်ရပ်ဖြစ် သာဖြစ် ကြောင်း ဆင်ခြင်သင့်ပေသည်။ 

Credit >>> မင်းသက်လွင် 
Shan News 

No comments:

Post a Comment