Tuesday 27 January 2015

တရုတ်နိုင်ငံတွင် အွန်လိုင်းသုံးစွဲသူ လူဦးရေ သန်း ၆၅ဝ နီးပါးရှိ

Photo: တရုတ်နိုင်ငံတွင် အွန်လိုင်းသုံးစွဲသူ လူဦးရေ သန်း ၆၅ဝ နီးပါးရှိ
Tuesday, January 27, 2015 

တရုတ်နိုင်ငံတွင် အွန်လိုင်းသုံးစွဲသူဦးရေမှာ သန်း ၆၅ဝ နီးပါးအထိ တိုးပွားလာကြောင်း တာဝန်ရှိသူများက လွန်ခဲ့သည့်သီတင်းပတ်တွင် ထုတ်ဖော် ပြောကြားခဲ့ပြီး ကမ္ဘာ့အွန်လိုင်းသုံးစွဲသူဦးရေအများဆုံးနိုင်ငံအဖြစ် ဆက်လက် မြင့်တက်လျက်ရှိသည်။

တရုတ်နိုင်ငံတွင် ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် အင်တာနက်သုံးစွဲသူ ၆၄၈ သန်းအထိရှိခဲ့ကြောင်း တရုတ်အင်တာနက်ကွန်ရက်သတင်းအချက် အလက်ဗဟိုဌာန၏အဆိုအရသိရကြောင်း ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ခဲ့သည်။ ယင်းအရေအတွက်သည် ၂ဝ၁၃ ခုနှစ်ကထက် သန်း ၃ဝ တိုးလာခြင်း ဖြစ်သည်။

တရုတ်နိုင်ငံက ၎င်း၏ အွန်လိုင်းသုံးစွဲသူဦးရေကို လွန်ခဲ့သည့် ခြောက်လအတွင်း အနည်းဆုံးတစ်ကြိမ် အသုံးပြုခဲ့သူများကို ရေတွက်ထားခြင်းဖြစ်သည်။ ဝက်ဘ်ဆိုက်အသုံးပြုသူအရေအတွက်မှာလည်း တရုတ်နိုင်ငံသည် အခြားနိုင်ငံများထက် ပိုမိုများပြားသည်။

တရုတ်နိုင်ငံသည် အွန်လိုင်းဈေးကွက်အကြီးမားဆုံးနိုင်ငံဖြစ်ပြီး ဝက်ဘ်ဆိုက်အသုံးပြုသူနိုင်ငံသားများက အစိုးရ၏ အလွဲအမှား များကို ဝေဖန်ထောက်ပြကြသည်။

တရုတ်နိုင်ငံသည် အင်တာနက်သုံးစွဲမှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ် ထားပြီး နိုင်ငံရေးအရ ထိလွယ်ရှလွယ်ရှိသော ဝက်ဘ်ဆိုက်များကို ''တရုတ်နိုင်ငံ ၏ မဟာကာကွယ်ရေး''ဟု အမည်ပေးထားသောစနစ်ဖြင့် ပိတ်ပင်တားမြစ်သည်။ ဆိုရှယ်မီဒီယာကုမ္ပဏီများကိုလည်း သုံးစွဲသူများကို ဆင်ဆာ ဖြတ်တောက်ပြီးမှ အသုံးပြုရန် တိုက်တွန်းထားသည်။

အေအက်ဖ်ပီ
မြ၀တီ
တရုတ်နိုင်ငံတွင် အွန်လိုင်းသုံးစွဲသူဦးရေမှာ သန်း ၆၅ဝ နီးပါးအထိ တိုးပွားလာကြောင်း တာဝန်ရှိသူများက လွန်ခဲ့သည့်သီတင်းပတ်တွင် ထုတ်ဖော် ပြောကြားခဲ့ပြီး ကမ္ဘာ့အွန်လိုင်းသုံးစွဲသူဦးရေအများဆုံးနိုင်ငံအဖြစ် ဆက်လက် မြင့်တက်လျက်ရှိသည်။

တရုတ်နိုင်ငံတွင် ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် အင်တာနက်သုံးစွဲသူ ၆၄၈ သန်းအထိရှိခဲ့ကြောင်း တရုတ် အင်တာနက်ကွန်ရက်သတင်းအချက် အလက်ဗဟိုဌာန၏အဆိုအရသိရကြောင်း ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ခဲ့သည်။ ယင်းအရေအတွက်သည် ၂ဝ၁၃ ခုနှစ်ကထက် သန်း ၃ဝ တိုးလာခြင်း ဖြစ်သည်။

တရုတ်နိုင်ငံက ၎င်း၏ အွန်လိုင်းသုံးစွဲသူဦးရေကို လွန်ခဲ့သည့် ခြောက်လအတွင်း အနည်းဆုံးတစ်ကြိမ် အသုံးပြုခဲ့သူများကို ရေတွက်ထားခြင်းဖြစ်သည်။ ဝက်ဘ်ဆိုက်အသုံးပြုသူအရေအတွက်မှာလည်း တရုတ် နိုင်ငံ သည် အခြားနိုင်ငံများထက် ပိုမိုများပြားသည်။

တရုတ်နိုင်ငံသည် အွန်လိုင်းဈေးကွက်အကြီးမားဆုံးနိုင်ငံဖြစ်ပြီး ဝက်ဘ်ဆိုက်အသုံးပြုသူနိုင်ငံသားများက အစိုးရ၏ အလွဲအမှား များကို ဝေဖန်ထောက်ပြကြသည်။

တရုတ်နိုင်ငံသည် အင်တာနက်သုံးစွဲမှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ် ထားပြီး နိုင်ငံရေးအရ ထိလွယ်ရှ လွယ်ရှိသော ဝက်ဘ်ဆိုက်များကို ''တရုတ်နိုင်ငံ၏ မဟာကာကွယ်ရေး''ဟု အမည်ပေးထားသောစနစ်ဖြင့် ပိတ်ပင်တားမြစ်သည်။ ဆိုရှယ်မီဒီယာကုမ္ပဏီများကိုလည်း သုံးစွဲသူများကို ဆင်ဆာ ဖြတ်တောက်ပြီးမှ အသုံးပြုရန် တိုက်တွန်းထားသည်။

အေအက်ဖ်ပီ
မြ၀တီ 

No comments:

Post a Comment