Sunday 25 January 2015

NDFနှင့် UDPတို့ ညီနောင်ပါတီအဖြစ် ပူးပေါင်း

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)နှင့် ညီ ညွတ်သော ဒီမိုကရက်တစ်ပါတီ (UPD)တို့ ညီနောင်ပါတီအဖြစ်ပူး ပေါင်း၍ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် လွှတ်တော်ကိုယ် စားလှယ်နေရာ ၃၀၀ ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သ တင်းထုတ်ပြန်သည်။
ယင်းနှစ်ပါတီတို့သည် လာမည့် အထွေထွေရွေးကောက်ပွဲတွင် ညီနောင်နှစ်ပါတီအဖြစ်အပြန်အ လှန်ကူညီ၍ ၀င်ရောက်ယှဉ်ပြိုင် ရန် သဘောတူထားကြောင်း ညီ နောင်ပါတီညီညွတ်ရေးသည် ပါ တီတစ်ခုတည်းပေါင်းစည်းရေးအ ဆင့်သို့ မရောက်နိုင်သော်လည်း တပ်ပေါင်းစု မဟာမိတ်ညီညွတ် ရေးထက် မြင့်မားသည့်အနေအ ထားဖြင့် လက်တွဲဆောင်ရွက်သွား မည်ဟု ယခုလ ၂၄ ရက်စွဲဖြင့် နှစ်ပါတီပူးတွဲကြေညာချက်ထုတ် ပြန်ခြင်းဖြစ်သည်။
NDFနှင့် UDPတို့ နှစ်ပါတီ သည် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် လွှတ်တော်ကိုယ် စားလှယ်နေရာ ၃၀၀ ခန့် ၀င် ရောက်ယှဉ်ပြိုင်နိုင်ရန် ပါတီစည်းရုံးရေး၊ ကိုယ်စားလှယ် လောင်းများ လျာထားသတ်မှတ် ရေးနှင့် ရွေးကောက်ပွဲကာလ မဲ ဆွယ်စည်းရုံးရေးလုပ်ငန်းများအ ပြင် ရွေးကောက်ပွဲဝင်ရောက်ယှဉ် ပြိုင်မည့် မြို့နယ်များကို ညှိနှိုင်း သတ်မှတ်ကြမည်ဟု ပူးတွဲကြေ ညာချက်တွင် ထည့်သွင်းထား သည်။
‘‘ကျွန်တော်တို့က တိုင်းရင်း သားဒေသတွေမှာ ပြည်မမှာရော ၀င်ရောက်ယှဉ်ပြိုင်သွားမှာပါ’’ဟု ညီညွတ်သော ဒီမိုကရက်တစ်ပါ တီဥက္ကဋ္ဌဦးလှမြင့်ကပြောသည်။
ထိုသို့ ညီနောင်နှစ်ပါတီအ ဖြစ် ပူးပေါင်းဆောင်ရွက်မည်ဖြစ် ၍ UDP၏ အမှုဆောင်ဥက္ကဋ္ဌအ ဖြစ် တာဝန်ယူထားသောဦးကျော် မြင့်အား ယခုလ ၅ ရက်တွင်ကျင်း ပခဲ့သည့် NDF ဗဟိုအလုပ်အမှု ဆောင်ကော်မတီအထူးအစည်း အဝေးဆုံးဖြတ်ချက်အရ NDFပါ တီတွင် နာယကအဖြစ်တာဝန်ယူဆောင်ရွက်ရန် သဘောတူအတည်ပြုခဲ့သည်။
NDFနှင့် UDPပါတီနှစ်ခုတွင် ဦးကျော်မြင့်သည် နှစ်ပါတီနာယ ကအဖွဲ့ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်အ ဖြစ် တာဝန်ယူရေးနှင့် ၂၀၁၅ အ ထွေထွေရွေးကောက်ပွဲတွင် ညီ နောင်နှစ်ပါတီအဖြစ် ပူးပေါင်း လက်တွဲယှဉ်ပြိုင်ရေးကို သဘော တူညီခဲ့ကြကြောင်း အဆိုပါနှစ်ပါ တီဥက္ကဋ္ဌနှစ်ဦး လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည့် ပူးတွဲကြေ ညာချက်တွင် ပါရှိသည်။
၂၀၁၀ အထွေထွေ ရွေး ကောက်ပွဲတွင် NDF ပါတီမှ မဲဆန္ဒ နယ် ၁၆၁ နေရာဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး ၁၆ နေရာ အနိုင်ရရှိခဲ့ သည်။
ညီညွတ်သော ဒီမိုကရက် တစ်ပါတီ(UPD)သည် ၂၀၁၀အ ထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒ နယ် ၁၀ နေရာ ၀င်ရောက်ယှဉ်ပြိုင် ခဲ့သော်လည်း လွှတ်တော်ကိုယ် စားလှယ်ရရှိခဲ့ခြင်းမရှိပေ။
7Day Daily

No comments:

Post a Comment