Sunday 25 January 2015

နယ်စပ်ရှိ တရုတ်ဘဏ်က မြန်မာငွေစာရင်း ၂၀ ခန့် ထပ်မံပိတ်



မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နှင့် အနီးဆုံး တရုတ် နိုင်ငံမှ ရွှေလီ၊ ကြယ်ခေါင်မြို့ရှိ လယ်သမားများဘဏ် (ABC)တွင်ဖွင့်လှစ်ထားသော မြန်မာနိုင်ငံသားများ၏ ငွေစာရင်း ၂၀ ခန့်ကို မကြာသေးမီရက်ပိုင်းက ပိတ်လိုက်ကြောင်း သတင်းရရှိသည်။
‘‘ငွေလဲလုပ်တဲ့ လူတွေရဲ့ အကောင့် (ငွေစာရင်း)တွေ ပါ တယ်လို့တော့ ကြားတယ်’’ ဟု မူဆယ်ဆန်စပါးလုပ်ငန်းအသင်း ဒုဥက္ကဋ္ဌ ဦးချမ်းသာဦးက ပြောကြားသည်။
တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုရာတွင် ငွေလဲလုပ်ငန်း လုပ် ကိုင်နေသူများကိုသာ အားကိုးနေ ရသဖြင့် ငွေလဲလုပ်ကိုင်သည့်သူ များ ငွေစာရင်း ပိတ်ပင်ခံရပါက ကုန်သွယ်မှုလုပ်ငန်း ထိခိုက်နိုင်ကြောင်း ကုန်သည်အချို့က သုံးသပ်သည်။
တရုတ်နိုင်ငံတွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး တင်း တင်းကျပ်ကျပ် စတင်လုပ်ဆောင် နေပြီး လွန်ခဲ့သည့် နှစ်လကျော်က မြန်မာနိုင်ငံသားများ၏ ဘဏ်အ ကောင့် ၃၀၀ ခန့် ပိတ်ပင်ခံခဲ့ရ သည်။
ထိုအပိတ်ခံရသူများထဲတွင် ကုန်လုပ်ငန်းရှင် အချို့ပါဝင်ပြီး ယခုအချိန်ထိ ပြန်လည် ဖွင့်လှစ် ပေးခြင်းမရှိဘဲ မြန်မာအစိုးရအ နေဖြင့် ကူညီပေးရန် ကုန်သည်အ ချို့ပါဝင်ပြီး ယခုအချိန်ထိ ပြန် လည်ဖွင့်လှစ်ပေးခြင်းမရှိသေးဘဲ မြန်မာအစိုးရအနေဖြင့် ကူညီပေး ရန် ကုန်သည်အချို့က တောင်းဆို ထားသည်။
ယခင်ကတရုတ်အစိုးရသည် မသင်္ကာသော ဘဏ်အကောင့်အ ချို့ကို ပိတ်လေ့ရှိပြီး ခြောက်လခန့်ကြာပြီးနောက် ပြန်လည်ဖွင့်လှစ်ပေးလေ့ရှိကြောင်း နယ်စပ်ကုန်သည်များက ပြောသည်။
ပြီးခဲ့သည့် နှစ်လကျော်က တရုတ်နိုင်ငံမြောက်ပိုင်း၌ မူးယစ် ဆေးဝါးနှင့်ပတ်သက်သူတစ်ဦး ကို ဖမ်းဆီးရမိပြီးနောက်မြန်မာတရုတ်နယ်စပ် ရွှေလီ၊ ကြယ်ခေါင်တွင် ဖွင့်လှစ်ထားသော မြန်မာနိုင်ငံသားအချို့၏ ငွေစာရင်းများ စတင်ပိတ်ခဲ့သည်။
7Day Daily

No comments:

Post a Comment