Sunday 25 January 2015

သစ်တောဝန်ထမ်း လေးဦးကို သတ်ခဲ့သည်ဟု သံသယရှိသူ သုံးဦးကို ဖမ်းဆီးစစ်ဆေး


ပိုင်ရှင်မဲ့သစ်များ စစ်ဆေးရန်သွားသည့် သစ်တောဝန် ထမ်းလေးဦးကို သတ်ခဲ့သည်ဟု သံသယရှိသူများအနက် သုံးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရှမ်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။
လင်းခေးမြို့နယ် ၀မ်စလောင်း ကျေးရွာအနီး၌ လင်းခေးနှင့် မိုးနဲခရိုင်သစ်တောဦးစီးဌာန အရာရှိ လေးဦး ဒီဇင်ဘာ၂၇ ရက်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။ ပြစ်မှုကျူးလွန်သူ စုစု ပေါင်း ငါးဦးဖြစ်နိုင်ကြောင်းရဲတပ် ဖွဲ့ကယူဆထားပြီး သုံးဦးကို ဇန်န၀ါရီဒုတိယ သီတင်းပတ်အတွင်း ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

‘‘တရားခံတွေ ဖမ်းထား တယ်။ ဒီအမှုကို ငါးယောက်ကျူး လွန်တာလို့ စစ်ဆေးထားနိုင်ပေ မယ့် လောလောဆယ် သုံးယောက် ဖမ်းထားနိုင်ပါတယ်။ အ မှုကိုသေချာစစ်နေပြီး တရားရုံးတင်ဖို့လုပ်နေပါပြီ’’ဟု လင်းခေး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးကပြောသည်။
သေဆုံးသူများမှာလင်းခေး ခရိုင်သစ်တောဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဦးလှ မင်း၊ လင်းခေးမြို့နယ်ဦးစီးဌာန တောခေါင်းဦးသန်းထိုက်အောင် နှင့် ဦးဗိုလ်မင်း၊ မိုးနဲမြို့နယ်သစ် တော့ဦးစီးဌာနတောခေါင်းဦးစစ် ထွေးတို့ဖြစ်သည်။ ထိုအမှုကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဒုတိယ၀န်ကြီးဦးဆောင်သည့်စုံစမ်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးနေခြင်းဖြစ်သည်။
7Day Daily

No comments:

Post a Comment