Sunday 25 January 2015

မျိုးစောင့်ဥပဒေကြမ်းများကို အမေရိကန်ပြည်ထောင်စု ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် ပြင်းထန်စွာရှုတ်ချ

Photo: မျိုးစောင့်ဥပဒေကြမ်းများကို အမေရိကန်ပြည်ထောင်စု ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် ပြင်းထန်စွာရှုတ်ချ
Sunday, January 25, 2015
လွှတ်တော်တွင်ဆွေး နွေးနေသည့် မျိုးစောင့်ဥပဒေကြမ်းလေးခုသည် ဗုဒ္ဓဘာသာဝင် မဟုတ်သူအားလုံးနှင့် ဘာသာရေး လွတ်လပ်ခွင့်ကန့်သတ်ခြင်းနှင့် ခွဲ ခြားဖိနှိပ်ရာရောက်နေပြီး အထူး သဖြင့် ဘာသာကူးပြောင်းခြင်းနှင့် ထိမ်းမြားလက်ထပ်ခြင်း ဥပဒေ သည် အစ္စလာမ်အမျိုးသားများကို ထိန်းချုပ်ကန့်သတ်ရာရောက်နေ ကြောင်း အမေရိကန်ပြည်ထောင် စုဘာသာရေးလွတ်လပ်မှုကော်မ ရှင်(USCIRF)က ကြေညာချက် ထုတ်ပြန်သည်။
အဆိုပါဥပဒေကြမ်းလေးခု ကို ပြင်းထန်စွာရှုတ်ချကြောင်းနှင့် ဘာသာကူးပြောင်းခြင်း ဥပဒေ သည် အပြစ်အနာအဆာများနှင့် ပြည့်နှက်နေပြီး မြန်မာနိုင်ငံကဘာ သာရေး လွတ်လပ်ခွင့်ကို ကာ ကွယ်ပေးမည့် အဆိုပြုချက်များ နှင့်လည်း ဆန့်ကျင်နေကြောင်း ကော်မရှင်ကထောက်ပြသည်။
‘‘မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ၀င်မဟုတ်သူတွေကို ဥပဒေနဲ့ ခွဲ ခြားဖိနှိပ်ဆက်ဆံတာဟာ နေရာ အနှံ့ တွင်ကျယ်လာနေပါပြီ။ ဒီဥပ ဒေတွေဟာ အာဃာတတွေကို တိုက်ဖျက်ရမယ့်အစား ခွဲခြားဖိနှိပ် ဆက်ဆံတဲ့ဥပဒေတွကို ပိုပြီးအ မြစ်တွယ်လာစေပါတယ်’’ ဟု ကော်မရှင် ဥက္ကဋ္ဌ ကတ်တရီနာ လန်တို့စ်ကပြောကြားသည်။
ထို့အပြင် အစ္စလာမ်နှင့် အ ခြားသောလူနည်းစုဘာသာဝင် များအပေါ် ဘာသာရေးအရသည်း မခံနိုင်မှုများနှင့် အကြမ်းဖက်မှု များကို ပိုမိုဖြစ်ပေါ်ရန် မီးမွှေးစေ နိုင်ပြီး ဥပဒေများအတည်ပြုခဲ့ပါ က မြန်မာနိုင်ငံ၏အခြေအနေမှာ နောက်ကြောင်းပြန်လှည့်သွား မည်ဟု ၎င်းကပြောသည်။
‘‘မြန်မာအစိုးရဟာလူတစ် ဦးချင်းစီရဲ့ ငြိမ်းချမ်းစွာကိုးကွယ် ခွင့်ကို ကာကွယ်စောင့်ရှောက်ပေး ရမယ့်အစား ဘာသာရေးလွတ် လပ်ခွင့်ကို ချိုးဖောက်ဖို့ခွဲခြားဖိနှိပ် တဲ့ အတိုင်းအတာတွေကို မြှင့်တင် နေတာဖြစ်တယ်’’ဟု ကတ်ထရီ နာကပြောသည်။
အမေရိကန်ပြည်ထောင်စု ဘာသာရေးလွတ်လပ်ခွင့်ကော်မ ရှင်သည် ပြီးခဲ့သည့်သြဂုတ်လက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး မျိုးစောင့်ဥပဒေကြမ်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို မြန်မာလွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
‘‘ဒီဥပဒေတွေ တကယ်လို အပ်၊ မလိုအပ်လား ဆိုတာကို ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီ၊ မညီကြည့်ပါ။ နောက်နိုင်ငံတ ကာက လက်ခံထားတဲ့လူ့အခွင့် အရေးစံနှုန်းတွေနဲ့ နိုင်ငံတကာဥပ ဒေတွေနဲ့ ချိန်ထိုးနှိုင်းယှဉ်ပါ။ ဥပ ဒေကြမ်းလေးခုလုံးမှာ အစ္စလာမ် ဘာသာလို့ မပါဝင်ပေမယ့် အပြင် ကနေ ဗမာမွတ်စလင်များရဲ့ အန္တ ရာယ်ဆိုပြီး အမုန်းတရားတွေလှုံ့ ဆော်ပြောကြားနေကြပြီး ဒီဥပဒေ တွေကို ပြဋ္ဌာန်းဖို့လုပ်တယ်ဆိုရင် တော့ ဒါကို ကျွန်တော်တို့ကလည်း ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ် ချပါတယ်’’ဟု အစ္စလာမ်ဗိမာန် အကြီးအကဲဟာဂျီဦးအေးလွင်က ပြောသည်။
ဘာသာကူးပြောင်းခြင်းဥပ ဒေမှာ အသက်(၁၈)နှစ်ပြည့်ပြီးသူ တိုင်း လွတ်လပ်စွာ မိမိယုံကြည် သလို ကိုးကွယ်ကူးပြောင်းခွင့်ရှိ ကြောင်း ပါဝင်ရေးဆွဲထားသဖြင့် နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီ သော်လည်း ဘာသာကူးပြောင်း ခြင်းကို စစ်ဆေးမည့်အဖွဲ့တွင် အုပ်ချုပ်ရေးပိုင်းအရာရှိများပါဝင် နေမည်ဖြစ်ရာ အစိုးရ၏ စွက်ဖက် မှုရှိမည်ကို စိုးရိမ်ရကြောင်းလူ့အ ခွင့်အရေးလှုပ်ရှားသူဦးအောင်မျိုး မင်းကပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ၁၉၅၄ ဗုဒ္ဓဘာသာဝင်အမျိုးသမီး များ အထူးထိမ်းမြှားခြင်းဆိုင်ရာ ဥပဒေရှိပြီးအဆိုပါဥပဒေမှာပြည့် စုံနေပြီဖြစ်၍ ယခုမျိုးစောင့်ဥပဒေ များမှာ မလိုအပ်ကြောင်းတရား လွှတ်တော်ရှေ့နေ ဦးသန်းစိုးက ပြောကြားသည်။
မြန်မာနိုင်ငံသည် အဆိုပါ ကော်မရှင်က နှစ်စဉ် လေ့လာ စောင့်ကြည့်သည့် ဘာသာရေး လွတ်လပ်ခွင့်ချိုးဖောက်မှုအထူး စိုးရိမ်သောတိုင်းပြည်များစာရင်း တွင် ၁၉၉၉မှ ယနေ့အထိ ပါဝင် လျက်ရှိသည်။
‘‘မဘသအဖွဲ့က တင်ပြခဲ့တဲ့ မျိုးစောင့်ဥပဒေဆိုတာလူတစ်ဦး ချင်းလွတ်လပ်ခွင့်ဖြစ်တဲ့ လက် ထပ်ထိမ်းမြှားခွင့်ကို ထိန်းချုပ်ချင် တာပဲဖြစ်တယ်။ ပြီးတော့မဘသ လို အဖွဲ့တွေကအမုန်းစကားတွေ ကိုဟောပြောနေပေမယ့် အစိုးရ က ဒါဟာ ဘာသာသာသနာကို စောင့်ရှောက်နေတယ်လို့ ပြော တာတွေ တွေ့နေရတယ်’’ ဟု တက်ကြွလှုပ်ရှားသူ မဇင်မာ အောင်က ယမန်နေ့က အမေရိ ကန်ပြည်ထောင်စုတွင် ပြုလုပ်ခဲ့ သည့် မြန်မာ့အရေးဆွေးနွေးပွဲ တွင် ပြောကြားခဲ့သည်။
ယခုအခါ ဥပဒေကြမ်းလေး ခုအား ပြည်သူ့လွှတ်တော်နှင့်အ မျိုးသားလွှတ်တော်တို့တွင် ဆွေး နွေးရန် အတည်ပြုခဲ့ပြီး ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် အဖွဲ့ဝင်များကို တွေ့ရစဉ်။ ကော်မရှင်အဖွဲ့ဂင်အချို့သည် ၂၀၁၄ တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်လေ့လာခဲ့ဖူးသည် (ဓာတ်ပုံ− twitter)
7Day Daily

No comments:

Post a Comment