Sunday 25 January 2015

ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး အောင်ဆန်းသူရိယနှင်းဆီအဖွဲ့ ရန်ပုံငွေပွဲ ကျင်းပမည်

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအတွက် အောင်ဆန်းသူရိယနှင်းဆီအဖွဲ့ ၏ ရန်ပုံငွေဖျော်ဖြေပွဲကို အမျိုး သား ကဇာတ်ရုံ၌ ဖေဖော်ဝါရီ ၉ နှင့် ၁၀ ရက်တွင် ကျင်းပပြု လုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။
အဆိုပါအောင်ဆန်းသူရိယ နှင်းဆီအဖွဲ့၏ ရန်ပုံငွေဖျော်ဖြေပွဲ တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဇာတ်ကားထဲမှ နမူနာအဖြစ် ရိုက် ကူးထားသော ဇာတ်ဝင်ခန်းလေး ခန်းကို ပြသမည့် အစီအစဉ်ရှိ ကြောင်း ဒါရိုက်တာ မောင်မျိုးမင်း ကပြောသည်။
‘‘ဦးမျိုးတို့က ကတဲ့ပွဲတိုင်း ကို နာမည်လေးတွေ ပေးဖြစ်တယ်။အောင်ဆန်းနှင်းဆီလို့ ပေးရင် လည်း မလှဘူး။ သူရိယနှင်းဆီဆို ရင်လည်း ဂျာနယ်က လုပ်တာ ထင်လိမ့်မယ်။ အဲဒါကြောင့် အောင်ဆန်းသူရိယနှင်းဆီလို့ပေး လိုက်တာပါ’’ဟု ၎င်းကဆိုသည်။
ဖျော်ဖြေပွဲ လက်မှတ်ဈေး နှုန်းများကို ငွေကျပ်တစ်သောင်းမှ ခုနစ်သောင်းအထိ သတ်မှတ်ထား ပြီး ဖေဖော်ဝါရီလဆန်းတွင် စ တင်ရောင်းချမည်ဖြစ်ကာ နေတိုး၊ထွန်းထွန်း၊ မင်းမော်ကွန်း၊ ကျော် ကျော်ဗိုလ်၊ ဖူးစုံ၊ မေကဗျာ၊ မိုး ပြည့်ပြည့်မောင်နှင့် မိုးယုစံတို့ ပါ ၀င်ကပြသွားမည်ဖြစ်သည်။
‘‘ဦးမျိုးတို့ ဒီပွဲကိုလုပ်တာ အရောင်အသွေး ကင်းတယ်။ ဗိုလ်ချုပ်ဆိုတာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တယ်။ တိုင်းပြည်လွတ် လပ်ရေးကြိုးပမ်းသွားတဲ့ ဗိုလ် ချုပ်ရဲ့ အကြောင်းကို ဂုဏ်ပြုပြီး ကတာဖြစ်တဲ့အတွက် ဒီပွဲကို က ဖြစ်သွားတာ။ နောင်နှစ်တစ်ရာ ဆိုတာ ဦးမျိုးတို့မကြုံနိုင်တော့ဘူး လေ။ အဲဒါကြောင့် တစ်သက်မှ တစ်ခါကြုံရတဲ့အတွက် အစွမ်း ကုန်ဖျော်ဖြေသွားမှာပါ’’ဟု ဦးမျိုး မင်းကပြောသည်။
7Day Daily

No comments:

Post a Comment