Saturday 5 December 2015

ရာသီဥတုပြောင်းလဲမှုခံစားရဆုံးဆယ်နိုင်ငံတွင် မြန်မာဒုတိယလိုက်

နှစ်ပေါင်းနှစ်ဆယ်အ တွင်း ရာသီဥတုပြောင်းလဲမှုဒဏ် ခံစားရဆုံး ဆယ်နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံသည် နံပါတ်(၂)၌ ရှိကြောင်း ဂျာမန်အခြေစိုက် ရာသီဥတုပြောင်းလဲခြင်းစောင့် ကြည့်လေ့လာရေးအဖွဲ့ Ger-man Watch အဖွဲ့က ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ သည်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ပြုလုပ်သော ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်း ကွန်ဗင်းရှင်းအ လုပ်ရုံဆွေးနွေးပွဲ (UNFCCC)၌ ၎င်းတို့၏ တွေ့ရှိချက်ကို အ ထက်ပါအတိုင်း သတင်းထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုဒဏ် ခံစားရဆုံးဆယ်နိုင်ငံစာရင်းတွင် ဟွန်ဒူးရပ်စ်နိုင်ငံပြီးလျှင် မြန်မာ နိုင်ငံသည် ဒုတိယလိုက်သည်။ မြန်မာနိုင်ငံနောက်တွင် ဟေတီ နိုင်ငံက အဆင့်(၃)၌ရှိသည်။

ရာသီဥတုပြောင်းလဲခြင်း ဒဏ်ခံစားရသည့်နိုင်ငံများတွင် ဒေသတွင်းအာဆီယံနိုင်ငံ လေး နိုင်ငံပါဝင်သည့်အနက် မြန်မာ နိုင်ငံက ထိပ်ဆုံးတွင်ရှိနေသည်။ မြန်မာနိုင်ငံပြီးလျှင် ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ဖြစ် ကြသည်။ သဘာဝဘေးအန္တရာယ် အဖြစ်များသည့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အဆင့် (၆)တွင်ရှိပြီး မြန်မာနိုင်ငံထက် ဆုံးရှုံးနစ်နာမှုနည်းသည်။

German Watch အဖွဲ့က နိုင်ငံအတွင်း ရာသီဥတုဆိုးရွား စွာခံစားရမှုကြောင့် သဘာဝဘေး အန္တရာယ်ခံစားရမှုကို အခြေခံ၍ တွက်ချက်ထားခြင်းဖြစ်သည်။ နှစ်ပေါင်းနှစ်ဆယ်အတွင်း ဖြစ် ပွားခဲ့သော ရာသီဥတုဆိုးရွားမှု ဒဏ်ကြောင့် လူဦးရေသိန်းချီ၍ သေဆုံးခဲ့ပြီး အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော်ဆုံးရှုံးခဲ့ ကြောင်း ဂျာမန်ရာသီဥတုပြောင်း လဲခြင်းစောင့်ကြည့်လေ့လာရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ထိုဆုံးရှုံးမှုသည် တိုင်းပြည် ၏ စုစုပေါင်းဝင်ငွေ ၀ ဒသမ ၇၄ ရာခိုင်နှုန်း ထိခိုက်ဆုံးရှုံးရခြင်း ဖြစ်သည်။ ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် (UNDP) က ကောက် ယူခဲ့သော စစ်တမ်းတွင်လည်း မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု တည်ဆောက်ရေးကို စိန်ခေါ်နေ သော ကဏ္ဍကြီးလေးခု၌ သဘာဝ အန္တရာယ်နှင့် ရာသီဥတုပြောင်းလဲ မှုများလည်းပါဝင်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့သ ဘာဝဘေးအန္တရာယ်ခံစားရဆုံး ဆယ်နိုင်ငံစာရင်းတွင်ပါဝင်ပြီး အရှေ့တောင်အာရှ၌လည်း အင်ဒိုနီးရှားနိုင်ငံပြီးလျှင် သဘာဝဘေးအန္တရာယ်ဒုတိယခံစားရဆုံး နိုင်ငံဖြစ်သည်။

ဂျာမန်စောင့်ကြည့်လေ့လာ ရေးအဖွဲ့ ထုတ်ပြန်ချက်တွင် ရာသီဥတုပြောင်းလဲမှုဒဏ် ခံစား ရဆုံးနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများ ဖြစ်ပြီး ကမ္ဘာ့ရာသီဥတုပူနွေးမှုကို အများဆုံးပြုလုပ်သည့် ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံများ၏ လုပ်ဆောင် ချက်ကို ခံစားရခြင်းဖြစ်သည်ဟု ပြောကြားထားသည်။

ကမ္ဘာကြီးပူနွေးမှုက ကမ္ဘာ့ ရာသီဥတုကို ကမောက်ကမဖြစ် စေပြီး ရာသီဥတုဖောက်ပြန်မှု ကြောင့် မုန်တိုင်းများတိုက်ခတ် ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် မိုးခေါင်ရေရှားခြင်းပြဿနာများကို ဖွံ့ဖြိုးဆဲနိုင်ငံများက ခံစားနေ ရခြင်းဖြစ်သည်ဟု ဂျာမန်စောင့် ကြည့်လေ့လာရေးအဖွဲ့က ဆို သည်။
7 day

No comments:

Post a Comment