Saturday 10 October 2015

ကမ်းခြေမှာ ကောက်ကြောင်းအလှပြလိုက်တဲ့ မက်ကယ်ဖီး

ဗြိတိန်တယ်လီဗေး ရှင်းအစီအစဉ် 'Hollyoaks' ရဲ့ မင်းသမီး တစ်လက်ဖြစ်တဲ့ ဂျနီဖာမက်ကယ်ဖီးဟာ Ibiza ကမ်းခြေမှာ အရမ်းကို Sexy ဖြစ်တဲ့ ရေကူးဝတ်စုံနဲ့ ဓာတ်ပုံရိုက်ကူးခံခဲ့ပြီး နောက် တစ်ဟုန်ထိုးနာမည်ထွက်လာခဲ့ ပါတယ်။
အသက်၃၂နှစ်အရွယ် မက် ကယ်ဖီးရဲ့နာမည်အပြည့်အစုံက ဂျနီဖာ ဂျိုအန်းမက်ကယ်ဖီးဖြစ်ပြီး သူဟာ ခန္ဓာ ကောက်ကြောင်းအလှတွေကို မဖုံးနိုင်မဖိ နိုင်ဖြစ်စေတဲ့ one-piece ရေကူးဝတ်စုံနဲ့ ရိုက်ကူးထားတဲ့ဓာတ်ပုံတွေကိုဖြန့်ဝေ လိုက်တဲ့အခါ ပုရိသအပေါင်းက တစ်ခဲ နက်အားပေးခဲ့ကြပါတယ်။ သူဟာ အသားအရေအလှကိုတော့ သဘာဝ အတိုင်းထားရှိပြီး မိတ်ကပ်လိမ်းခြယ်ခြင်း မပြုခဲ့ပါဘူး။
'Hollyoaks' ရဲ့ Channel အစီ အစဉ်မှာ မာစီဒီးမက်ကွင်းအဖြစ်သရုပ် ဆောင်ထားတဲ့ မက်ကယ်ဖီးက ဒီလိုခန္ဓာ အလှရရှိအောင် ဘယ်လိုကြိုးပမ်းခဲ့ ကြောင်း ဖွင့်ဟဝန်ခံသွားခဲ့ပါတယ်။ သူ ဟာ ရုပ်ရှင်ရိုက်ကူးခြင်းတွေ လေးလခန့် အနားယူခဲ့ပြီး အားကစားခန်းမမှာ လေ့ ကျင့်ခဲ့လို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစား အစာတွေရွေးချယ်စားသောက်ခဲ့ကြောင်း နဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းရေးအ တွက် Lighterlife Fast ဆိုတဲ့ ဝိတ်ချဆေး တစ်မျိုးကို မှီဝဲခဲ့ကြောင်း ပြောပြသွားခဲ့ပါ တယ်။
Yangon Media Group

No comments:

Post a Comment