Saturday 10 October 2015

ချင်းတွင်းမြစ်ကမ်း တစ်လျှောက် တရားမဝင် ရွှေတူးဖော်လုပ်ကိုင်သူ နှစ်ဦး အမှုဖွင့်ခံရ


ဟုမ္မလင်းမြို့နယ် မိုင်း နောင် ကျေးရွာအနီး ချင်းတွင်း မြစ်အနောက်ဘက်မြစ်ကမ်းခန္တီး မြို့နယ်တွင် တရားမဝင် ရွှေတူး ဖော်လုပ်ကိုင်သူနှစ်ဦးကို အောက် တိုဘာ ၈ ရက်က ခန္တီးမြို့နယ် လင်းဖား နယ်မြေရဲစခန်း၌ အမှု ဖွင့်တိုင်ကြားခဲ့ကြောင်း သတင်း ရရှိသည်။

ဟုမ္မလင်းမြို့နယ် မိုင်းနောင် ကျေးရွာအနီး ချင်းတွင်းမြစ် အနောက်ဘက် မြစ်ကမ်း တစ် လျှောက် တရားမဝင်ရွှေမျောတူး ဖော်လုပ်ကိုင်နေကြောင်း သတင်း အရ အောက်တိုဘာ ၇ ရက်နံနက် တွင် သက်ဆိုင်ရာက သွားရောက် စစ်ဆေးခဲ့ရာ တရားမဝင် ရွှေမျော တူးဖော်သူ နှစ်ဦးကို သီးခြားစီ တွေ့ရှိခဲ့ပြီး ရွှေတူးဖော်ရာတွင် အသုံးပြုသော စက်ကိရိယာများသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
ခန္တီးမြို့ မြို့မရပ်ကွက်နေ အသက်(၃၀)နှစ်အရွယ် အမျိုး သားနှင့် ခန္တီးမြို့နယ် မိုင်းနောင် ကျေးရွာနေ အသက်(၅၈)နှစ်အ ရွယ် အမျိုးသားတစ်ဦးတို့ကိုသတ္တု တွင်းအက်ဥပဒေပုဒ်မ ၃၀(ခ) အ ရ အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေ သကြီးရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။
7 Day Daily

No comments:

Post a Comment