Saturday 10 October 2015

တရားဝင်ဇနီးက တိုင်ကြား၍ တည်းခိုခန်းရောက် စုံတွဲကို တစ်လင်တစ်မယားဥပဒေဖြင့် အရေးယူ

 တရားဝင်ဇနီးက တိုင်ကြားသဖြင့် ပြည်မြို့ရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေထိုင်သော အသက် (၂၃)နှစ်အရွယ်ရှိ အမျိုးသားနှင့် အမျိုးသမီးတို့အား တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဖြင့် ပြည်မြို့မရဲစခန်းက အောက်တိုဘာ ၈ ရက်၌ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

အဆိုပါအမျိုးသားနှင့်အမျိုး သမီးသည် ပြည်မြို့ တည်းခိုခန်း တစ်ခုတွင် တည်းခိုနေကြောင်း အမျိုးသား၏ တရားဝင် ဇနီးက ရဲစခန်းသို့လာရောက်တိုင်ကြားခဲ့ ရာ တိတ်တိတ်ပုန်း အကြင်လင် မယားအဖြစ် ပေါင်းသင်းကြောင်း ပေါ်ပေါက်သဖြင့် ပြည်မြို့မ ရဲ စခန်းက တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်း ဖြစ်သည်။


‘‘အရေးယူခံရတဲ့  အမျိုးသားရော အမျိုးသမီးမှာပါ အိမ် ထောင်တွေရှိတယ်။ တရားဝင် ကွာရှင်းပြတ်စဲထားခြင်း မရှိတာ ကြောင့် နှစ်ဦးစလုံးကို တစ်လင် တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင် ရာ ဥပဒေနဲ့အမှုဖွင့်အရေးယူထား ပါတယ်။ သူတို့နှစ်ယောက် ကျူးလွန်နေတာကို အမျိုးသားရဲ့တရားဝင်ဇနီးဖြစ်သူကသိပေမယ့် တားဆီးမရတဲ့နောက်ဆုံး လက်ရဖမ်းဆီးပြီး အမှုဖွင့်တိုင်ကြားခဲ့ တာဖြစ်ပါတယ်’’ဟု ပြည်မြို့မရဲ စခန်းမှ ရဲအရာရှိတစ်ဦးကပြော သည်။

လွန်ခဲ့သည့် ၂ နှစ်ခန့်က ပြည်ခရိုင်ရွှေတောင်မြို့နေ အဆို ပါ အမျိုးသားသည် ပြည်မြို့နေအမျိုးသမီးနှင့် ရွှေတောင်မြို့တွင် မင်္ဂလာအခမ်းအနားပြုလုပ်ကာ တရားဝင် ပေါင်းသင်းနေထိုင်ခဲ့သည်။

၎င်းအမျိုးသားသည် လွန်ခဲ့ သော တစ်လခန့်မှစ၍ ဘားအံမြို့နေ အသက် (၂၃)နှစ်အရွယ်အမျိုးသမီးနှင့် တိတ်တိတ်ပုန်း အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ကြောင်း ဇနီးသည်ကသိရှိခဲ့သည်။

အမျိုးသားက ဇနီးကို ကွာရှင်းခွင့်တောင်းသော်လည်း ကွာရှင်းမပေးဘဲ ယခုကဲ့သို့ တည်းခိုခန်းတွင် ၎င်း၏ခင်ပွန်းသည်နှင့် အမျိုးသမီးတို့အတူရှိနေစဉ် မြို့မရဲစခန်းသို့တိုင်ကြား အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

တစ်လင်တစ်မယား ကျင့် သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ တွင် မည်သူမျှဥပဒေတစ်ရပ်ရပ် အရဖြစ်စေ၊ ကိုးကွယ်သည့်ဘာ သာအရဖြစ်စေ၊ ဓလေ့ထုံးတမ်း အရဖြစ်စေ ထိမ်းမြားမှုအတည် ဖြစ်နေစဉ် ထပ်မံ၍ ထိမ်းမြားမှု မပြုရ (သို့မဟုတ်) လင်မယား အဖြစ် တရားဝင် နေထိုင်ပေါင်း သင်းခြင်းမပြုရဟုပါရှိသည်။ မည်သူမဆို အဆိုပါဥပဒေကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ခံရမည့်အပြင်  ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ယခုအမှုသည် ပြည်မြို့နယ် အတွင်း တစ်လင်တစ်မယားစနစ် ဥပဒေဖြင့် အရေးယူသောဒုတိယ မြောက်အမှုဖြစ်ပြီး ပထမအကြိမ် မှာ အောက်တိုဘာ ၂ ရက်က ပေါင်းတလည်နယ်မြေရဲစခန်းက နောက်အိမ်ထောင်ပြုသော အမျိုး သားတစ်ဦးကို အရေးယူခဲ့သည်။

7 Day Daily

No comments:

Post a Comment