Saturday 10 October 2015

တရားဝင်ဇနီးက တိုင်ကြား၍ တည်းခိုခန်းရောက် စုံတွဲကို တစ်လင်တစ်မယားဥပဒေဖြင့် အရေးယူ

 မြန်မာနိုင်ငံတွင် ဘီယာ သောက်သုံးမှုနှုန်းတိုးပွားနိုင်သော ကြောင့် လာရောက်ရင်းနှီးမြှုပ်နှံ ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ၌ စက်ရုံဖွင့်လှစ်ပြီး ရောင်းချနေပြီ ဖြစ်သည့် ဟန်နီကန်(Heineken)မန်နေဂျင်းဒါရိုက်တာလက်စတာဒန်ကပြောသည်။

ဟန်နီကန်မှ အမှတ်တံဆိပ် အသစ်တစ်မျိုးဖြင့် ဖြန့်ဖြူးသည့် Regal Seven ဘီယာမှာလည်း ဈေးကွက်တွင်စတင်ဖြန့်ဖြူးထား သည်မှာ ခုနစ်ပတ်ကျော်ရှိခဲ့ပြီဖြစ် ပြီး ဈေးကွက်မှ တုံ့ပြန်မှုအား ကောင်းကြောင်း လက်စတာဒန် ကပြောသည်။


ထို့အပြင် ဟန်နီကန်တံဆိပ် ဖြင့်ဖြန့်ဖြူးသည့် ဟန်နီကန်ဘီ ယာမှာလည်း ဈေးကွက်တွင် စ တင်ဖြန့်ဖြူးနေသည်မှာ သုံးပတ်ခန့်ရှိနေပြီဖြစ်ကာ ဈေးကွက်တွင် တဖြည်းဖြည်းချင်း ရောင်းအားတက်လာနိုင်ကြောင်း ၎င်းက သုံးသပ်သည်။လက်ရှိတွင် မြန်မာနိုင်ငံ၏ ဘီယာဈေးကွက်ကို မြန်မာဘီယာက ဈေးကွက်ဝေစုအများဆုံးရယူထားပြီး ကျန်အမျိုးအစားများအနေဖြင့်၎င်းကို အမီလိုက်နိုင်ရန် အချိန်ပေးရဦးမည်ဖြစ်ကြောင်း လက်စတာဒန်က သုံးသပ်သည်။

‘‘မြို့ပြဖွံ့ဖြိုးမှုအားကောင်း လာတာနဲ့အမျှ မြန်မာပြည်မှာ ဘီ ယာသောက်သုံးမှုကအားကောင်း လာနိုင်တယ်’’ဟု ၎င်းက သုံးသပ် သည်။မြန်မာနိုင်ငံတွင် လူတစ်ဦး ချင်းလျှင်တစ်နှစ်အတွင်း ဘီယာ သုံးလီတာနှုန်းသာသောက်သုံးနေ ၍ ဘီယာသောက်သုံးမှုမှာ အာဆီယံနိုင်ငံများထဲတွင် အနိမ့်ဆုံးဖြစ်နေကြောင်း မြန်မာပြည်တွင်လာရောက်စက်ရုံဖွင့်လှစ်ရောင်းချနေသည့် ဟန်နီကန်က စစ်တမ်းကောက်ယူထားသည်။

 မြန်မာနိုင်ငံ၏  ဘီယာသောက်သုံးမှုနှုန်းမှာ တစ်နှစ်လျှင် လီတာပေါင်း ၄၆သန်းကျော်ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)က  ထုတ်ပြန်ထားသည့် စစ်တမ်းတွင်ဖော်ပြထားသည်။

အဆိုပါ ဘီယာသောက်သုံး မှုနှုန်းစစ်တမ်းကို MICက အသက် (၁၈)နှစ်အထက် အမျိးသား ၂၅ ရာခိုင်နှုန်းကို ၂၀၁၄တွင် ကောက် ယူထားခြင်းဖြစ်ပြီး တစ်ရက်လျှင် လူတစ်ဦး၏ ဘီယာသောက်သုံးမှုနှုန်းမှာ ၄လီတာမှ ၅  လီတာကြားရှိသည်ဟု ဆိုသည်။

လတ်တလောတွင် မြန်မာ နိုင်ငံ၏ ဘီယာဈေးကွက်အတွင်း ဟန်နီကန်အပြင် ကာလ်းစဘက်ဘီယာမှလည်း ၎င်း၏အမှတ်တံ ဆိပ်အသစ်နှစ်ခုဖြစ်သော ရိုးမနှင့် တူးပို့ဘီယာများကို စတင်ဖြန့်ဖြူး နေပြီဖြစ်သည်။

သို့သော်အဆိုပါဘီယာအ မျိုးအစားနှစ်ခုစလုံး၏ ရှေ့တွင် မြန်မာဘီယာမှာ ဈေးကွက်တွင် နှစ်ပေါင်းများစွာနေရာယူထားသောကြောင့် ယင်းဘီယာအမျိုးအစားတို့မှာ ဈေးကွက်ဝေစုတွင် ပိုမိုရယူရန် အခက်အခဲရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

7 Day Daily

No comments:

Post a Comment