Friday 31 July 2015

ရေကြီးပြီးနောက် သတိထားရမည့် ရောဂါဘယနှင့် ဘေးအန္တရာယ်


ဇူလိုင်လဆန်းကစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသအချို့တွင် ရေလွှမ်းမိုးမှုများ ရှိလာပြီး ယင်း၏ နောက်ဆက်တွဲအဖြစ်ကျန်းမာရေးပြဿနာများကို ကြုံတွေ့နေကြရပြီဖြစ်သည်။
ကျန်းမာရေးပြဿနာများ အဖြစ် ရေလွှမ်းမိုးရာဒေသအချို့တွင် လတ်တလော၌ အအေး မိ၍ ဖျားနာခြင်းအပြင် သဘာဝဘေးအန္တရာယ်ဖြစ်သော မြွေကိုက်ခံရမှုများလည်း ကြုံတွေ့နေရကြောင်း လူမှုအဖွဲ့အစည်းများထံမှ သိရသည်။‘‘အခုအခြေအနေက တော်တော်များများဖျားနာနေကြတယ်။ အနည်းစုက ဝမ်းရောဂါတွေဖြစ်တယ်။ ကောလင်းဆေးရုံမှာ တစ်ရက်ကိုမြွေကိုက်လူနာက တစ်ယောက်နှစ်ယောက်ကတော့ရှိနေတယ်’’ဟု ကောလင်းမြို့နယ် နာရေးကူညီမှုအသင်းမှ ကိုစိုးလွင်ကပြောသည်။

ကန့်ဘလူ၊ ကျွန်းလှ၊ ဘုတလင်နှင့် ကောလင်း စသည့်မြို့နယ်များတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ဆည်တမံများရေလျှံခြင်း၊ ချောင်းရေလျှံခြင်းတို့ကြောင့် ကျေးရွာအချို့၌ နေအိမ်များရေနစ်မြုပ်ခဲ့ရာမှ ရေစီးနှင့် အတူ မျောပါလာသော မြွေများကိုက်ခံရခြင်းဖြစ်သည်။

ယခုနှစ် စစ်ကိုင်းတိုင်းဒေသ ကြီးတွင် နှစ်ပေါင်း ၂၄ နှစ်အတွင်း စံချိန်တင်မိုးရွာသွန်းမှုကြောင့် သေဆုံးသူခုနစ်ဦးရှိကာ လူဦးရေ ၅,၃၃၄ ဦး ကယ်ဆယ်ရေးစခန်း များ၌ မှီခိုနေရပြီး ပျက်စီးဆုံးရှုံးမှု အများအပြားဖြစ်ပေါ်ခဲ့သည်။

အဆိုပါကျန်းမာရေးပြဿ နာများမှာ ယခုနှစ်တွင်မှ စတင်ခံ စားကြရသည်မဟုတ်ပေ။ နေရာ ဒေသကွဲပြားသွားသည်မှလွဲ၍ နှစ် စဉ်နှစ်တိုင်းပင် ရေလွှမ်းမိုးမှုခံရ သည့်ဒေသတော်တော်များများ၌ ကြုံတွေ့ရလေ့ရှိသည့် နောက် ဆက်တွဲအကျိုးဆက်များပင်ဖြစ် ၏။

ယခင်နှစ်က လှည်းကူးမြို့ နယ် ကျေးရွာအချို့တွင် တစ်လ ကျော်ကြာ ရေလွှမ်းမိုးမှုဒဏ်ကို ခံစားရ၍ အရေပြားများယားယံ လာခြင်း၊ ဖျားနာခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်း၊ ခေါင်းမူးခြင်းနှင့် ဝမ်း ကိုက်ခြင်း စသည့်ကျန်းမာရေး ပြဿနာဖြစ်ပွားမှုများရှိခဲ့သည်။

လှည်းကူးမြို့နယ် ဂျုံးဂျုံးကျ ကျေးရွာကို ကူညီစောင့်ရှောက်မှု ပေးခဲ့သည့် လှည်းကူးမြို့နယ် ပရဟိတအသင်းမှ ကိုစည်သူက ‘‘ဒီနှစ်ကတော့ ရေတက်တာ ၁၀ ရက်လောက်ပဲရှိသေးတယ်ဆို တော့ အခြေအနေစောင့်ကြည့်နေ တုန်းပါ။ မနှစ်ကတော့ တစ်လခွဲ လောက် ရေလွှမ်းသွားတော့ ကျန်း မာရေးပြဿနာတွေအများကြီး ဖြစ်ကြတယ်။ အရေပြားရောဂါ တွေဆို အများဆုံးတွေ့ရတယ်’’ ဟု ၎င်းက ဆိုသည်။

ရေလွှမ်းမိုးသောဒေသများ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးခြင်း၊ ရုတ်တရက် ရေလွှမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြို ခြင်း၊ မြွေကိုက်ခြင်း စသည့် သဘာဝဘေးအန္တရာယ်များအပြင် လျှပ်စစ်ဓာတ်လိုက်ခြင်း၊ အအေး မိ၍ဖျားနာခြင်း၊ အဆုတ်ရောင် ခြင်း၊ ကူးစက်ရောဂါများဖြစ် သော ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အရေပြားရောဂါ၊ အစာအဆိပ် သင့်ရောဂါနှင့် အခြားကျန်းမာ ရေးပြဿနာများလည်း ဖြစ်ပွား တတ်ကြောင်း ဆရာဝန်ကြီးအချို့ က ဆိုသည်။

‘‘အရေးကြီးတာက မြွေ အန္တရာယ်ပဲ။ ရေနဲ့အတူ မြွေတွေ မျောပါလာနိုင်ပြီး အိမ်ပေါ်တက် နိုင်တဲ့အတွက် ချောင်ကြိုချောင် ကြားတွေကို အထူးသတိထားပါ။ နေ့တိုင်းအသံပေးပြီးမှ ဝင်ပါ ထွက်ပါ။ ရေမသန့်ရင် ဝမ်းရောဂါ ဖြစ်တတ်တဲ့အတွက် ရှိတဲ့ရေကို ကလိုရင်း (ရေသန့်ဆေး)ခတ်ပြီး သောက်ပါ’’ဟု အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာ စိုးမင်းက အကြံပြုသည်။

ရေလွှမ်းမိုးခံ ဒေသများရှိ ပြည်သူများအနေဖြင့် ဝမ်းပျက် ဝမ်းလျှောအပါအဝင် အစားအစာ နှင့် ရေမှတစ်ဆင့် ကူးစက်တတ် သောရောဂါများဖြစ်ပွားနိုင်သဖြင့် မြစ်ရေချောင်းရေနှင့် မသန့်ရှင်း သောရေများကို သောက်သုံးခြင်း မပြုဘဲ ကျိုချက်ထားသောရေ (သို့မဟုတ်) ကလိုရင်းဆေးခတ် ထားသော ရေကိုသာသောက်သုံး ရမည်ဖြစ်သည်။

အစာအဆိပ်သင့်မှုမဖြစ် ပေါ်စေရန် ရေတွင်မျောပါလာ သော အစားအစာများနှင့် စည် သွတ်ဘူးများ၊ အခြားအမျိုးအမည် မသိသောအစားအစာများကို စား သောက်ခြင်းမပြုကြရန်နှင့် မစား သောက်မီ အစားအစာများကို စစ် ဆေးခြင်းပြုလုပ်ကြရန် ကျန်းမာ ရေးဝန်ကြီးဌာနက အသိပေးနှိုး ဆော်ထားသည်။

ထို့အပြင် ရက်လွန်အစား အစာများနှင့် လတ်ဆတ်မှုမရှိ သော အစားအစာများ၊ သိုးနေ သောအစားအစာများနှင့် သန့်ရှင်း မှုမရှိသော အစားအစာများကို စားသုံးခြင်း၊ အမှည့်လွန်အသီး များစားသုံးခြင်းနှင့် သောက်သုံး ရေအရင်းအမြစ်များနှင့် ရေတွင်း ရေကန်များအနီး အညစ်အကြေး ပစ်ခြင်းတို့ကို ရှောင်ကြဉ်ရမည် ဖြစ်သည်။

အအေးမမိစေရန် အမိုး အကာအောက်များတွင် နေထိုင် ခြင်း၊ နွေးထွေးသောအဝတ်အစား များဝတ်ဆင်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ခြင်း၊ နာ မကျန်းဖြစ်ပါက နီးစပ်ရာကျန်းမာ ရေးဌာနတွင် ဆေးကုသမှုခံယူ ခြင်းတို့ကို ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ဆရာဝန်ကြီးအချို့ က တိုက်တွန်းပြောဆိုသည်။

ထို့အပြင် အဆိုပါရေကြီး သောနေရာဒေသများရှိ ရေများ ကိုသောက်ခြင်း၊ သုံးစွဲခြင်းတို့ပြု လုပ်မိလျှင် ရေထဲရှိပိုးမွှားများ ကြောင့် ဝမ်းပျက်ဝမ်းလျှောနှင့် အရေပြားရောဂါများ ရရှိကာ အ သက်အန္တရာယ်ထိခိုက်နိုင်သည်။

‘‘ရေထဲမှာ သေနေတဲ့ တိရစ္ဆာန်အကောင်တွေရဲ့အရည် တွေ၊ သားနံရည်တွေက ရေထဲ မှာပျံ့နေတော့ အဲဒါတွေနဲ့ထိတွေ့မိရင် အရည်တွေကတစ်ဆင့် လူ တွေကိုကူးစက်ရောဂါတွေရစေ တယ်။ အရေပြားရောဂါတွေဖြစ် စေတယ်။ ဖြစ်တာလဲမြန်တယ်။ ကူးစက်တာလည်းမြန်တယ်’’ဟု မြောက်ဒဂုံမြို့နယ်မှ အထွေထွေ ရောဂါကုဆရာဝန် ဒေါက်တာ အောင်အောင်က ဆိုသည်။

ရောဂါပိုးမွှားများရှိနေသော တိရစ္ဆာန်အရည်များပါဝင်သည့် ရေကိုသုံးစွဲမိလျှင် တိရစ္ဆာန်မှကူး စက်သော လက်ပရိုဟုခေါ်သည့် အရေပြားရောဂါ ဖြစ်ပေါ်နိုင် သည်။ ထို့အပြင် ယင်းရေထဲ၌ ဓာတုပစ္စည်းများမျောပါကာ ဓာတုအရည်များပျံ့နှံ့နေလျှင် လူကို အဆိုးရွားဆုံးအရေပြားရောဂါ များဖြစ်ပေါ်လာစေပြီး အသက် သေဆုံးနိုင်သည်အထိ ဖြစ်ပွားစေ နိုင်ကြောင်း သိရသည်။

‘‘ဓာတုပစ္စည်းအရည်တွေက အသိမြန်ပြီး ချက်ချင်းမကုရင် သေစေနိုင်တယ်။ သူက အရေ ပြားအပေါ်ယံတွေမှာပဲ ဖြစ်တာ မဟုတ်ဘူး။ အသားထဲကိုပါ စိမ့် ဝင်သွားတာဖြစ်တဲ့အတွက် ဒီလို အရည်ကြောင့် အရေပြားရောဂါ ဖြစ်နေပြီဆိုရင် အရေးပေါ်ကုသ ဖို့တော့လိုတယ်။ နဂိုအရေပြား ရောဂါ (ပွေး၊ ဝဲ)ရှိသူတွေက ပိုပြီး ဖြစ်လွယ်တယ်။ ရေကြီးတဲ့နေရာ တွေမှာ အရေပြားရောဂါတွေဖြစ် ပြီဆိုရင် ဆီးချိုရောဂါရှင်တွေ၊ အသက်ကြီးတဲ့သူတွေ သတိထားဖို့လိုပါတယ်’’ဟု လသာမြို့နယ်ရှိအရေပြားအထူးကုဆရာဝန်ကြီး တစ်ဦးက အကြံပြုပြောဆိုသည်။

‘‘အခုတောင် မြွေဆိုးပြဿ နာတွေ တွေ့နေရတယ်လို့ကြား တယ်။ အိမ်ပေါ်တွေ မြွေဆိုးတွေ တက်တယ်ကြားနေရတယ်။ တခြားရောဂါတွေက လောလော ဆယ်မဖြစ်သေးပေမယ့် ဒီလို ဆက်တိုက်ရေလွှမ်းနေမယ်ဆိုရင် ရေမသန့်တော့ အဓိကဝမ်းပျက် ဝမ်းလျှောတွေဖြစ်လာမှာစိုးရ တယ်’’ဟု လက်ရှိရေလွှမ်းမိုးခံနေ ရသည့် ကောလင်းမြို့နယ် ဆည် တိုတောင်ကျောင်းမှ ဆရာတော် ဦးသောဘနက မိန့်ကြားသည်။

လက်ရှိစစ်ကိုင်းတိုင်းတစ်ခု တည်းတွင် ရေဘေးရှောင်ပြည်သူ ရှစ်သောင်းခန့်ရှိနေပြီး ကချင် ပြည်နယ် မိုးကောင်းတွင် သုံး ထောင်ခန့်ရှိကာ အခြားပြည်နယ် များတွင် စာရင်းကောက်ယူလျက် ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေ နီအသင်းမှ သိရသည်။

အဆိုပါကျေးရွာများထဲမှ ရေလျော့နည်းကျဆင်းလာသည့် ကျေးရွာများတွင် ကူးစက်ရောဂါ မဖြစ်စေရေးအတွက် မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် တပ် မတော်မှ ဆေးကုသရေးအဖွဲ့များ က ဆေးဖျန်းပေးခြင်း၊ ရေတွင်း ရေကန်များတွင် ရေသန့်ဆေးများ ခတ်ပေးခြင်းနှင့် ဆေးစိမ်ခြင် ထောင်များဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်နေကြောင်း သိရ သည်။

ထို့အပြင် အခြားလူမှုရေး အဖွဲ့အစည်းများကလည်း ရေ ဘေးသင့်ပြည်သူများအား ရိက္ခာ များလာရောက်၍ ထောက်ပံ့ပေး ခြင်းအပြင် ကျန်းမာရေးစောင့် ရှောက်မှုများပါ ပူးတွဲဆောင်ရွက် ပေးလျက်ရှိသည်။ သို့သော် ရောဂါတစ်ခုခုဖြစ်ပွားပါက ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သော ဆေး ရုံ၌ နိုင်ငံတော်အစိုးရက ဆေးဝါး အလုံအလောက်ထားပေးရန်လို အပ်သည်ဟု ရေဘေးသင့်ပြည်သူ အချို့က ပြောသည်။

‘‘အဓိကကတော့ ဖြစ်လာ ရင် ချက်ချင်းကုသနိုင်အောင်လို့ ဆေးရုံမှာ ဆေးဝါးအလုံအ လောက်ထားပေးစေချင်တယ်’’ ဟု ကောလင်းမြို့နယ် ရေဘေး သင့်ပြည်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် လူမှုရေးအဖွဲ့ အစည်းအချို့မှာ ယင်းကျေးရွာ များသို့ ကိုယ်တိုင်သွားရောက်လှူဒါန်းခြင်းသော်လည်းကောင်း၊ မြို့နယ်ကျန်းမာရေးအဖွဲ့များနှင့် ချိတ်ဆက်၍သော်လည်းကောင်း ဆေးဝါးများ ထည့်ဝင်လှူဒါန်း လျက်ရှိသည်။ သို့သော် ကျန်းမာ ရေးစောင့်ရှောက်မှုပေးသော အ ဖွဲ့အစည်းဟူ၍ သီးသန့်မရှိသေး ပေ။

မြို့နယ်ကျန်းမာရေးဌာန ကွပ်ကဲရေးအဖွဲ့သာ ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင် ရွက်လျက်ရှိပြီး ဆေးဝါးလှူဒါန်း လိုသူများအနေဖြင့် ယင်းဌာနနှင့် ချိတ်ဆက်၍ လှူဒါန်းနိုင်ကြောင်း သိရသည်။

‘‘အဲဒီရေဘေးသင့်ရွာတွေ မှာ လောလောဆယ်ဝမ်းရောဂါ တို့၊ အအေးပတ်ဖျားနာတာတို့ရှိ တယ်လို့ကြားတဲ့အတွက် အကိုက်အခဲပျောက်ဆေးတွေ၊ ဓာတ်ဆား ထုပ်တွေ၊ ဗမာဆေးနဲ့ အင်္ဂလိပ် ဆေးတွေသွားလှူဖို့ရှိပါတယ်။ ဒါပေမဲ့ ဒေသဆိုင်ရာကျန်းမာရေး ဌာနကို ပြပြီးလှူမှဖြစ်မှာ။ ဘာလို့ လဲဆိုရင် မတော်လို့ ဆေးနဲ့ဓာတ် မတည့်တာမျိုးဖြစ်မှာစိုးလို့ပါ’’ ဟု မနောကြာဖြူသွေး အလှူရှင်နှင့် ပရဟိတအသင်းဥက္ကဋ္ဌ ဦးဝင်း ဆောင်က ရှင်းပြသည်။

မြို့နယ် ကျန်းမာရေးဌာန ကွပ်ကဲရေးအဖွဲ့၊ တပ်မ (၃၃)မှ မိုဘိုင်းအဖွဲ့များနှင့် မြို့နယ်အခြေ ပြုလူမှုအဖွဲ့အစည်းများပူးပေါင်း ၍ သောက်ရေသန့်ရရှိရေးနှင့် အိမ်သာရရှိရေးအတွက် ဦးစား ပေးအနေဖြင့် ဆောင်ရွက်လျက်ရှိ ကြောင်း ကောလင်းမြို့နယ် ရေ ဘေးကယ်ဆယ်ထောက်ပံ့ပေး ကော်မတီ အတွင်းရေးမှူး ကိုနေမျိုးဝေက ဆိုသည်။

‘‘အဓိကကလတ်တလော ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် လို့ ရေသန့်ရရှိရေးကို အရေးပေါ် တားဂတ် (target)ထားပြီးလုပ်နေတယ်။ ရေသန့်ဆေးခတ်ပေး တယ်။ ပြီးရင်အိမ်သာတွေအ တွက် စဉ်းစားမယ်။ ပီအမ်ဂျီကရေသန့်ဆေးထုပ်တွေ လာလှူ တယ်။ အိမ်သာခွက်တစ်ထောင် လောက်လာလှူထားတာလည်းရှိ တယ်။ ဒါကို ကျန်းမာရေးဌာနနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်။ လက်ရှိမှာ ရွာတွေထိဆင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေတယ်’’ဟု ၎င်းကဆိုသည်။
7 day

No comments:

Post a Comment