Monday 8 June 2015

ပြည်ပ အမှာမရသဖြင့် စက်ရုံအချို့ ပိတ်သိမ်း

 ပြည်ပမှ အမှာမရသဖြင့်ရန်ကုန်တိုင်းရှိ စက်ရုံအချို့ စီးပွားရေးအရ တွက်ခြေမကိုက်၍ ယခုနှစ်အတွင်း စက်ရုံငါးခု ပိတ်သိမ်းသွားခဲ့ကြောင်း သတင်းရရှိသည်။
‘‘အပြီးပိတ်တာရှိသလို တ ချို့ကလည်း အော်ဒါမရလို့ ဆိုပြီး ယာယီ ရပ်နားတာမျိုးတွေ ရှိပါ တယ်။ အကြမ်းဖျင်းလောက်က တော့ ဒီနှစ်ထဲမှာ ငါးရုံလောက် အပြီး ပိတ်သွားတယ်လို့ သိထားရ တယ်’’ဟု အလုပ်သမားညွှန်ကြား မှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။
အပြီးပိတ်သိမ်းသော စက်ရုံများအပြင် ပိတ်သိမ်းရန် တင်ပြသည့်စက်ရုံများလည်း ရှိသည်။ စက်ရုံအချို့ပိတ်သိမ်းခြင်းမှာ ၎င်းတို့လုပ်ငန်းရပ်တည်ရေး အခက်အခဲကြောင့်သာဖြစ်ပြီး အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရေးအငြင်းပွားမှုများနှင့် မသက်ဆိုင်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန တာဝန်ရှိသူက ဆိုသည်။

ပိတ်သိမ်းသည့် စက်ရုံများ မှာ အထည်ချုပ်နှင့် သစ်အချော ထည်စက်ရုံများဖြစ်ပြီး နိုင်ငံသား ပိုင် စက်ရုံအများစုဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

‘‘ဇုန်ထဲမှာလည်း အကြောင်း ကြောင်းကြောင့် ပိတ်သွားတာ တွေရှိပါတယ်။ ဒါပေမဲ့ အသစ်ဝင် လာတဲ့စက်ရုံက ပိတ်သွားတဲ့အ ရေအတွက်ထက် ပိုများပါတယ်’’ဟု လှိုင်သာယာစက်မှုဇုန်စီမံခန့်ခွဲမှုရုံးဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။

ပိတ်သိမ်းသွားသည့် စက်ရုံ များအနေဖြင့် ဈေးကွက်ယှဉ်ပြိုင် နိုင်စွမ်းအားနည်းချက်ကြောင့် ရပ် နားသွားခဲ့ရခြင်းဖြစ်ပြီး အော်ဒါချိတ်ဆက်မှုကောင်းပါက ပိတ် သိမ်းရလောက်သည်အထိ ဈေး ကွက်ကျဆင်းမှုမရှိသေးကြောင်း အထည်ချုပ်လုပ်ငန်းရှင်တစ်ဦး က ပြောသည်။

‘‘တော်တော်များများစက်ရုံ တွေအတွက်ကတော့ ဒီရာသီက အော်ဒါအကောင်းဆုံးလို့တောင် ပြောလို့ရတယ်။ စက်ရုံတချို့က တော့ ကိုယ့်အော်ဒါပြတ်ရင် တောင် တခြားစက်ရုံတွေက အော်ဒါယူချုပ်ပြီး လုပ်ငန်းတတ်နိုင်သ လောက် လည်ပြီး ရပ်တည်နေကြ တာပါပဲ’’ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် အနည်းဆုံး လုပ်ခလစာကို မကြာမီ ကြေညာသတ်မှတ်သွားရန် ရှိနေပြီး အလုပ်ရှင်များမပေးနိုင်သော နှုန်းထား ဖြစ်ပါက လုပ်ငန်းများပိတ်သိမ်း မည်ဟု အထည်ချုပ်လုပ်ငန်းရှင် များက အစိုးရအား ဖိအားပေး ထားသည်။
7 day

No comments:

Post a Comment