Monday 8 June 2015

လှေစီးဒုက္ခသည်များ ထားရှိသည့်နေရာမှ ဘင်္ဂါလီနှစ်ဦး ထွက်ပြေး

မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့တွင် ယာယီ လက်ခံထားသည့် လှေစီးဘင်္ဂါလီ ခုနစ်ရာကျော်အနက် နှစ်ဦးသည် ဇွန်လ ၅ ရက်၌ ထွက်ပြေးသွား ကြောင်းသတင်းရရှိသည်။
 လှေစီး ဘင်္ဂါလီများကို စစ်တွေ အခြေစိုက် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်က ဇွန်လ ၆ ရက်မှ စတင်ကာ လာရောက်စစ်ဆေးမှု များပြုလုပ်နေပြီး ယင်းနေ့မတိုင်မီ ဇွန်လ ၅ ရက်နံနက် ၅ နာရီခွဲခန့် တွင် စခန်းအမှတ် (၃၇)မှ ဘင်္ဂါ လီနှစ်ဦး ထွက်ပြေးသွားခြင်းဖြစ် ကြောင်း မောင်တောခရိုင်လဝက ဦးစီးဌာနမှ အရာရှိတစ်ဦးကပြော ကြားသည်။‘‘ထွက်ပြေးသွားတဲ့ဘင်္ဂါလီ နှစ်ဦး နံပါတ်က ၄၇ နဲ့ ၄၈ ဖြစ်ပါ တယ်။ ကျွန်တော်တို့လည်း လှေစီးဘင်္ဂါလီတချို့ကို ဘင်္ဂလားဒေ့ရှ် ကိုပြန်လွှဲပေးဖို့ စီစဉ်နေတဲ့ အတွက် အလုပ်များနေတာကြောင့် သတိထားဖို့မရလိုက်ပါဘူး’’ ဟု ၎င်းကပြောသည်။

မေလ ၂၁ ရက်က မောင် တောမြို့အနီး ဘင်္ဂလားပင်လယ် ပြင်တွင် တွေ့ရှိခဲ့သည့် လှေစီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား နှစ်ရာ ကျော်နှင့် မေလ ၂၉ ရက်က ဧရာ ဝတီတိုင်းဒေသကြီးအတွင်း ဖျာပုံ မြို့နယ်အနီး ပင်လယ်ပြင်တွင် ထပ်မံတွေ့ရှိခဲ့သည့် လှေစီး ဘင်္ဂါလီခုနစ်ရာကျော်ကို ရခိုင်ပြည်နယ် မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့၌ ယာယီလက်ခံထားသည်။
မောင်တောမြို့အနီး ဘင်္ဂ လားပင်လယ်ပြင်တွင် တွေ့ရှိခဲ့ သည့် လှေစီးဘင်္ဂလားဒေ့ရှ်နိုင်ငံ သားနှစ်ရာကျော်အနက် တစ်ရာ့ငါးဆယ်ဦးကို ဇွန်လ ၈ ရက်၌တောင်ပြို လက်ဝဲမြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လွှဲပြောင်းရန်စီစဉ်ထားသည်။
7 day

No comments:

Post a Comment