Saturday 6 June 2015

ဖေ့စ်ဘွတ်ခ်သုံး၍ ခိုက်ရန်ဖြစ်ပွားပါက ကျောင်းထုတ်မည်ဟုဆို

ဗိုလ်တထောင်မြို့နယ်ရှိ အမှတ်(၅) အခြေခံပညာအထက် တန်းကျောင်းတွင် ဖေ့စ်ဘွတ်ခ်လူ မှုကွန်ရက်အသုံးပြုပြီး ခိုက်ရန်ဖြစ် ပွားသော ကျောင်းသား၊ ကျောင်း သူများကို ကျောင်းမှ ထုတ်ပယ်သည်အထိ အရေးယူမည် ဖြစ် ကြောင်း သတင်းထွက်ပေါ်နေ သည်။
အထက(၅) ဗိုလ်တထောင် ကျောင်းတွင် ကျောင်းသားများ ဖေ့စ်ဘွတ်ခ်သုံး၍ ရန်ဖြစ်ပါက ကျောင်းကထုတ်ပယ်မည့် စည်း ကမ်းကို ၂၀၁၅-၁၆ ပညာသင်နှစ်မှ စတင်၍ အထူးစည်းကမ်းအဖြစ် ထုတ်ပြန်လိုက်ကြောင်း ဇွန်လ ၃ ရက်၌ အင်တာနက်တွင် ပျံ့နှံ့နေခဲ့ သည်။
အထက်ပါ အကြောင်းအရာ နှင့်ပတ်သက်၍ အထက(၅)ဗိုလ် တထောင်ကျောင်းသို့ သွားရောက်မေးမြန်းခဲ့သော်လည်း ကျောင်းရှိ ဆရာ၊ ဆရာမများက လက်ခံတွေ့ဆုံခြင်းမရှိခဲ့သကဲ့သို့ ပြန်လည် ဖြေကြားခြင်းလည်း မရှိခဲ့ပေ။ ကျောင်းသား၊ ကျောင်းသူများ ဖေ့စ်ဘွတ်ခ်အသုံးပြုပြီး တစ်ဦးနှင့်တစ်ဦး ဆဲဆိုရန်ဖြစ်ခြင်း၊ ဖေ့စ်ဘွတ်ခ်ပေါ်တွင် သူတစ်ပါးအ ကြောင်း မကောင်းရေးခြင်း၊ မှတ်ချက်ပေးခြင်း၊ ညစ်ညမ်းသောဓာတ်ပုံများ၊ စာများရေးသားခြင်း များပြုလုပ်ပါက ကျောင်းမှ ထုတ်ပယ်သည်အထိ အရေးယူမည်ဖြစ် ကြောင်း အဆိုပါ ကျောင်းစည်း ကမ်းထိန်းသိမ်းရေးအဖွဲ့၏ ထုတ်ပြန်စာတွင် ရေးသားထားသည်။
‘‘ကျောင်းသားက ကျောင်း သားအလုပ်ပဲ လုပ်ရမှာပါ။ တချို့ ကျောင်းသူတွေဆို ကျောင်းစ တက်တဲ့နေ့မှာတင် ဓာတ်ပုံချည်း ရိုက်နေတာ တွေ့ရတယ်။ ကျောင်းသားအရွယ်က ဖေ့စ်ဘွတ်ခ် မသုံးသင့်သေးဘူး။ မိဘ တွေနဲ့ဆိုင်တယ်။ ကိုယ့်သားသမီး ဘာလုပ်နေတယ်ဆိုတာ သိထားသင့်တယ်။ တချို့ကလေးတွေက အင်တာနက်သုံးတာ မကောင်းတဲ့ဘက်ကိုကြည့်တာများလာတယ်’’ဟု မရမ်းကုန်းမြို့နယ်ရှိ ကျောင်းဆရာမတစ်ဦးက ပြောကြား သည်။
ပြီးခဲ့သည့် စာသင်နှစ်တွင် ကျောင်းစာသင်ချိန်အတွင်း မို ဘိုင်းဖုန်းဖြင့် ညစ်ညမ်းဗီဒီယိုကား များ ကြည့်ရှုခဲ့သည့် ကျောင်းသား ကျောင်းသူအချို့ကို ယခုစာသင် နှစ်တွင် ကျောင်းအပ်လက်ခံခြင်း မပြုတော့ကြောင်း ကမာရွတ်မြို့ နယ်ရှိ ကျောင်းအုပ်ကြီးတစ်ဦးက ပြောသည်။
၂၀၁၅-၁၆ ပညာသင်နှစ်မှစ၍ အထက(၅) ဗိုလ်တထောင် ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ဖေ့စ်ဘွတ်ခ်သုံး ပြီး ခိုက်ရန်ဖြစ်ပွားလျှင် ကျောင်းမှ ထုတ်ပယ်မည့် စည်းကမ်းသစ်ကို အထူးစည်းကမ်းအဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
‘‘ကျောင်းသား၊ ကျောင်းသူ တွေ အင်တာနက်သုံးတဲ့ကိစ္စက မိဘတွေအပေါ်မှာ အများကြီးမူ တည်တယ်။ မိဘက ဖုန်းဘီလ်က အစထည့်ပေးတာမှာ ကြီးကြပ်လိုက်ရင် ရတယ်။ နောက်တစ်ခု က ဒီခေတ်မှာ ဖုန်းတွေက အလွယ်တကူသုံးနိုင်တော့ ကလေးတွေအရွယ်ဆို ဖုန်းသုံးတာတစ်ခုလောက်ကိုပဲ ခွင့်ပြုသင့်တယ်။ နောက်ဆုံးပေါ် ဟန်းဖုန်းတွေလည်း ပေးမကိုင်သင့်သေးဘူး။ အိမ်က သားကိုလည်း ကျောင်းသွားရင် ဖုန်းမယူသွားခိုင်းတော့ဘူး’’ဟု တာမွေမြို့နယ်ရှိ နဝမတန်းကျောင်းသားတစ်ဦး၏ မိခင်ကဆိုသည်။
ရန်ကုန်မြို့ရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ လက်ကိုင်ဖုန်း အသုံးပြုမှု ကန့်သတ်ထားလေ့ရှိပြီး ယခုကဲ့သို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာ အသုံးပြုမှု ကန့်သတ်ခြင်းမှာ ပထမဆုံးအကြိမ် ထွက်ပေါ်လာခြင်းဖြစ်သည်။
7Day Daily

No comments:

Post a Comment