Saturday 6 June 2015

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ရာကျော်ကို လူကုန်ကူးသည့် ထိုင်းလူမျိုးအား စတင်စစ်ဆေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ရာကျော်ကို လူကုန်ကူးခဲ့သည့် ထိုင်းနိုင်ငံသားအပါအဝင် လူငါး ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။
မောင်တောမြို့နှင့် ထိစပ်နေ သည့် မြန်မာ့ပင်လယ်ပြင်တွင် ဖမ်းမိခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားများနှင့် ပတ်သက်၍ လူကုန် ကူးသူ အဓိကတရားခံ ထိုင်းအမျိုး သားတစ်ဦးကို မေလ ၂၉ ရက်၌ ရန်ကုန်မြို့တွင် ရဲတပ်ဖွဲ့က ဖမ်း ဆီးခဲ့သည်။ ထို့နောက် ၎င်းနှင့် ဆက်နွှယ်သူ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးကို ထပ်မံဖမ်း ဆီးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။
‘‘ဒီထိုင်းနိုင်ငံသားက လူ ၂၀၈ ယောက် သယ်လာတုန်းက သူ့ စက်လှေပါတယ်။ သူစီမံတာ။ ဒီလူ့ကို ထိုင်းနဲ့ ကျွန်တော်တို့နဲ့ လူကုန်ကူးချင်းညှိပြီး ရန်ကုန်မှာ ဖမ်းလိုက်တယ်။ အဲဒီမှာ သူ့မိန်းမနဲ့ သူ့ယာဉ်မောင်းတို့ ဘာတို့နဲ့ စုစုပေါင်း ငါးဦးဖမ်းထားပြီး စစ်တွေထောင်မှာစစ်နေတယ်’’ဟု အဆိုပါ ရဲအရာရှိကပြောသည်။
စစ်ဆေးချက်အရ ထိုင်းနိုင်ငံ သားမှာ မြန်မာအမျိုးသမီးတစ်ဦး ကို လက်ထပ်ထားပြီး ဘင်္ဂါလီများအား တပ်မတော်(ရေ)က ဖမ်းမိပြီးနောက် ထိုင်းမှ မြန်မာနိုင်ငံသို့ လာရောက်တိမ်းရှောင်နေစဉ် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်၌ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ ရန်ကုန်တွင် ဖမ်းဆီးခဲ့သူများကို ဇွန်လ ၄ ရက် ညနေက မြန်မာ့လေကြောင်းဖြင့် ရန်ကုန်မှ စစ်တွေမြို့သို့ ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘မနေ့က စစ်တွေကို ခေါ် လိုက်တယ်။ စစ်တွေထောင်မှာ ထားပြီးတော့ အမှုစစ်နဲ့ စစ်ပြီး တော့မှ လူကုန်ကူးရဲ့နောက်ကွယ် က အမှုပွဲစားတွေ ဆက်ဖော်ထုတ် ရမှာပေါ့’’ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြော သည်။
7Day Daily

No comments:

Post a Comment