Wednesday 6 May 2015

မြို့ပေါ်ရပ်ကွက်များအထိ KIA အဖွဲ့ ဆက်ကြေးကောက်ခံ မှုကြောင့် ဒေသ ခံပြည်သူများ စိုးရိမ်ထိတ်လန့်လာ

ကချင်ပြည်နယ်၊ မန်စီမြို့ပေါ်ရပ်ကွက်များနှင့် ယင်းမြို့ပတ်ဝန်းကျင်ရှိ ဟန်ထက်ကျေးရွာတို့တွင်နေထိုင်သော နေအိမ်များအား KIAအဖွဲ့မှ ဆက်ကြေးငွေများပေးဆောင်ရန် ခြိမ်းခြောက်ပြောဆိုသွားကြောင်း ယင်းဒေသခံ အချို့ထံမှ သတင်းရရှိ သည်။
အဆိုပါဖြစ်စဉ်မှာ မေလ ၁ ရက်နေ့၊ ညနေ ၂ နာရီအချိန်ခန့်တွင် မန်စီမြို့ပေါ်ရှိ ရှမ်းလူမျိုးများ အများဆုံး နေထိုင်သည့် မောရ၀တီ ရပ်ကွက်အပါအ၀င် တစ်ခြားသော ရပ်ကွက် ၅ ခု နှင့် ယင်းမြို့ပတ်ဝန်းကျင် အနီးရှိ ဟန်ထက်ကျေးရွာအတွင်းမှ နေအိမ်များအား တစ်အိမ်ထောင်လျှင် ဆက်ကြေးငွေ ၃၀၀၀၀ ကျပ်နှုန်းပေး ဆောင်ရန် KIA အဖွဲ့မှ ကောက်ခံ သွားခြင်းဖြစ်ကြောင်း သိရသည်။

“ ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီကတစ်ဆင့် သိရတယ်၊ ဆက်ကြေးငွေ ပေး ရမယ် ဆိုတော့ ဘယ်လိုသဘောလဲ၊ ဘာအတွက်ပေးရတာလဲဆိုတော့ မသိဘူးပြောတယ်၊ ဒါတော့မဖြစ်သင့်ဘူးဗျာ၊ ကျွန်တော်တို့က ကိုယ့်မိသား စုနဲ့ကိုယ်ရှာဖွေစားသောက်နေတာ၊ သူတို့တောင်းတဲ့ငွေ ဘာကြောင့်ပေး ရမှာလဲ၊ ဒါကျွန်တော်တို့ရှမ်းတိုင်းရင်း သားတွေကို သက်သက်အနိုင်ကျင့်တာ ” ဟု ရှမ်းအမျိုးသားတစ်ဦးမှ ပြောသည်။
KIAအဖွဲ့သည် ကချင်ပြည်နယ်အတွင်းရှိ ရှမ်းလူမျိုးများ အများဆုံးနေ ထိုင်သည့် ကျေးရွာများထံမှ ဆက်ကြေး ကောက်ခံခြင်းနှင့် လူသစ် စုဆောင်းခြင်းများအား အမြဲလိုလို လုပ်ဆောင်လျက်ရှိသောကြောင့် ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့(မြန်မာပြည်မြောက်ပိုင်း)မှတစ်ဆင့် သမ္မတထံစာပို့တိုင်ကြားမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကချင်ပြည်နယ်အတွင်း KIAအဖွဲ့၏ ဒေသခံပြည်သူများအပေါ် အနိုင်ကျင့် ဆက်ကြေးကောက်ခြင်း၊ လူသစ်စု ဆောင်းခြင်းအပြင် မြေမြှုပ် မိုင်းများထောင်သောကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် မိသားစုဝင်များ များပြားလာ ကြောင်းနှင့် ဒေသအတွင်း တည်ငြိမ်းအေးချမ်းမှုရှိစေရေး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်ရပ်စဲရေးစာချုပ် အား အမြန်ဆုံးလက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်ပေးစေလိုကြောင်းနှင့် ရှမ်းလူမျိုးများအား ပြန်လည်ဆက် ကြေးကောက်ခံခြင်းသည် ရှမ်းလူမျိုးများနဲ့KIAကြား အမုန်းတရားကို အစပြန်ဖော်သလိုဖြစ်နေကြောင်း မန်စီ မြို့နယ် ကျောင်းဆရာတစ်ဦးမှ ပြောကြားသွားသည်။
စိုင်းလောင်မုန်း
Kachin Daily News

1 comment:

  1. ရှမ်းတိုင်းရင်းသားခေါင်းဆောင်တွေက ကာကွယ်ပေးကြပါ။သက်ဆိုင်ရာအစိုးရ တင်မတော်ကိုသတင်းပို့ ပါ။နိုင်ငံတော်နဲ့ တပ်မတော်ကဘာမှလုပ်မပေးလို့ ကတော့ လက်နက်ဝယ်ပြီး ကိုယ်တိုင်ပြန်တိုက်ပါ။ကချင်လူနည်းစုကလက်နက်ကိုင်ပြီးလူပါးဝတာကိုမခံပါနဲ့ ။အစဉ်အလာဖြစ်သွားမယ်နော်။

    ReplyDelete