Saturday 10 January 2015

ရခိုင်ပြည်နယ်ရှိ ဆားတောင်သူများကို ချေးငွေများထုတ်ပေးနိုင်ရန် စီဘီဘဏ်နှင့် ဆွေးနွေးမှုများ ဆောင်ရွက်နေဟုဆို

Photo: ရခိုင်ပြည်နယ်ရှိ ဆားတောင်သူများကို ချေးငွေများထုတ်ပေးနိုင်ရန်
စီဘီဘဏ်နှင့် ဆွေးနွေးမှုများ ဆောင်ရွက်နေဟုဆို
Saturday, January 10, 2015

ရန်ကုန်၊ ဇန်နဝါရီ ၉-ရခိုင်ပြည်နယ်အတွင်းရှိ ဆားတောင်သူများကို ချေးငွေများ ထုတ်ပေးနိုင်ရန်အတွက် စီဘီဘဏ်နှင့်ဆွေးနွေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း ရခိုင် ပြည်နယ် မြန်မာ့ဆားလုပ်ငန်းမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း လုပ်ငန်း လုပ်ကိုင်ရန်အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရသော ဆားတောင် သူများကို အရည်အသွေးမြင့်ဆားများထုတ် လုပ်နိုင်ရန်အတွက် နည်း ပညာအကူအညီများပေးအပ်လျက် ရှိသော်လည်း အရင်းအနှီးအခက် အခဲကြောင့် မဆောင်ရွက်နိုင်သည့် ဆားတောင်သူများ အတွက် ချေးငွေ ရရှိစေရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်၏ ချေးငွေပံ့ပိုးပေးနိုင်ရန် ညွှန် ကြားချက်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆားလုပ်ငန်း ရခိုင်ပြည်နယ်မန်နေဂျာဦးအောင်ကြီးက''ပြည် နယ်ဝန်ကြီးချုပ်က ချေးငွေစီစဉ်ပေးဖို့ပြောထားတဲ့အတွက် ချေးငွေပံ့ ပိုး ပေးနိုင်အောင် စီဘီဘဏ်နဲ့ချိတ်ဆက်ပြီး ဆွေးနွေးမှုတွေ ဆောင်ရွက်နေပါ တယ်''ဟု ဆိုသည်။

ယင်းသို့ဘဏ်မှချေးငွေထုတ် ပေးရန်အတွက် ဆားတောင်သူများ ထံမှ တောင်းဆိုသည့်မြေပိုင်ဆိုင်မှု (လန-၃၉) တင်ပြနိုင်ခြင်းမရှိသဖြင့် ဆားတောင်သူများ လက်ဝယ်ရှိ ပုံစံ- ၁၀၅၊ ပုံစံ-၁၀၆ဖြင့် ချေးငွေရရှိနိုင် ရန် အသေးစိတ်ဆွေးနွေးညှိနှိုင်း မှုများ ဆောင်ရွက်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ်မှ ဆားတောင် သူတစ်ဦးက''အခုပြည်တွင်းဆားက အရည် အသွေးမကောင်းလို့ ဈေး ကောင်းမရဘူး။ အဲဒီအတွက် ပလတ်စတစ်ကို အသုံးပြုပြီး နေလှန်းတဲ့စနစ် နဲ့ဆားထုတ်မယ်ဆိုရင် အရည်အသွေးကောင်းလာ မှာဖြစ်တဲ့အတွက် ဈေးကောင်းရနိုင်တယ်။ ဒါပေမဲ့ အရင်းအနှီးမတတ်နိုင် ဘူးဖြစ်နေတယ်။ အဲဒီနည်းလမ်းက ပုံမှန်ဆားလှန်းတာ ထက်တစ်ဧကကို ပလတ်စတစ်ဖိုး ၆၀၀၀ဝလောက်ပိုကုန်တယ်၊ အထွက်နှုန်းကတော့ နှစ် ဆလောက် မြင့်လာ နိုင်တယ်''ဟု ဆိုသည်။

ပြည်တွင်းမှ ထုတ်လုပ်သည့် ဆားများ၏အရည်အသွေးမကောင်းသည့် ဆားကုန်သည်များအနေဖြင့် ပြည်ပမှ တိုက်ရိုက်တင်သွင်းမှုများ ဆောင် ရွက်နေသဖြင့် ပြည်တွင်းမှ အရည်အသွေးကောင်းမွန်သော ပလတ် စတစ်နေလှန်းဆားထုတ်လုပ် နိုင်ရန်အတွက် အရင်းအနှီးလိုအပ် ချက်များရှိနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဦးသန်းဝင်းက ''ဆားတောင်သူတွေအတွက် လန-၃၉မပြောနဲ့ပုံစံ-၁၀၅တောင် လုပ်ဖို့က မလွယ်ဘူး။ ဆားလုပ်ငန်း တိုးတက်ဖို့အတွက်က ချေးငွေတစ်ခု တည်းနဲ့တော့မဖြစ်ဘူး။ ပေါ်လစီလဲ ပြောင်းပေးဖို့လိုတယ်။ အခုပြည်ပ ကဝင်နေတဲ့ ဆားတွေက တိုင်းပြည် အတွက်အခွန်လဲမရသလို တိုင်းရင်း သားတွေကိုလဲ အလုပ်လက်မဲ့ဖြစ် စေတယ်''ဟု ဆိုသည်။

AK
Democracytoday
ရခိုင်ပြည်နယ်အတွင်းရှိ ဆားတောင်သူများကို ချေးငွေများ ထုတ်ပေးနိုင်ရန်အတွက် စီဘီဘဏ်နှင့်ဆွေးနွေး မှုများ ဆောင်ရွက်လျက် ရှိကြောင်း ရခိုင် ပြည်နယ် မြန်မာ့ဆားလုပ်ငန်းမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း လုပ်ငန်း လုပ်ကိုင်ရန်အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရသော ဆားတောင် သူများကို အရည်အသွေးမြင့်ဆားများထုတ် လုပ်နိုင်ရန်အတွက် နည်း ပညာအကူအညီများပေးအပ်လျက် ရှိသော်လည်း အရင်းအနှီးအခက် အခဲကြောင့် မဆောင်ရွက်နိုင်သည့် ဆားတောင်သူများ အတွက် ချေးငွေ ရရှိစေရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်၏ ချေးငွေပံ့ပိုးပေးနိုင်ရန် ညွှန် ကြားချက်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆားလုပ်ငန်း ရခိုင်ပြည်နယ်မန်နေဂျာဦးအောင်ကြီးက''ပြည် နယ်ဝန်ကြီးချုပ်က ချေးငွေစီစဉ်ပေးဖို့ ပြောထားတဲ့အတွက် ချေးငွေပံ့ ပိုး ပေးနိုင်အောင် စီဘီဘဏ်နဲ့ချိတ်ဆက်ပြီး ဆွေးနွေးမှုတွေ ဆောင်ရွက်နေ ပါ တယ်''ဟု ဆိုသည်။

ယင်းသို့ဘဏ်မှချေးငွေထုတ် ပေးရန်အတွက် ဆားတောင်သူများ ထံမှ တောင်းဆိုသည့်မြေပိုင်ဆိုင်မှု (လန-၃၉) တင်ပြနိုင်ခြင်းမရှိသဖြင့် ဆားတောင်သူများ လက်ဝယ်ရှိ ပုံစံ- ၁၀၅၊ ပုံစံ-၁၀၆ဖြင့် ချေးငွေရရှိနိုင် ရန် အသေးစိတ်ဆွေးနွေးညှိနှိုင်း မှုများ ဆောင်ရွက်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ်မှ ဆားတောင် သူတစ်ဦးက''အခုပြည်တွင်းဆားက အရည် အသွေးမကောင်းလို့ ဈေး ကောင်း မရဘူး။ အဲဒီအတွက် ပလတ်စတစ်ကို အသုံးပြုပြီး နေလှန်းတဲ့စနစ် နဲ့ဆားထုတ်မယ်ဆိုရင် အရည်အသွေး ကောင်းလာ မှာဖြစ်တဲ့အတွက် ဈေးကောင်းရနိုင်တယ်။ ဒါပေမဲ့ အရင်းအနှီးမတတ်နိုင် ဘူးဖြစ်နေတယ်။ အဲဒီနည်းလမ်းက ပုံမှန်ဆားလှန်းတာ ထက်တစ်ဧကကို ပလတ်စတစ်ဖိုး ၆၀၀၀ဝလောက်ပိုကုန်တယ်၊ အထွက်နှုန်းကတော့ နှစ် ဆလောက် မြင့်လာ နိုင်တယ်''ဟု ဆိုသည်။

ပြည်တွင်းမှ ထုတ်လုပ်သည့် ဆားများ၏အရည်အသွေးမကောင်းသည့် ဆားကုန်သည်များအနေဖြင့် ပြည်ပ မှ တိုက်ရိုက်တင်သွင်းမှုများ ဆောင် ရွက်နေသဖြင့် ပြည်တွင်းမှ အရည်အသွေးကောင်းမွန်သော ပလတ် စတစ်နေလှန်းဆားထုတ်လုပ် နိုင်ရန်အတွက် အရင်းအနှီးလိုအပ် ချက်များရှိနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဦးသန်းဝင်းက ''ဆားတောင်သူတွေအတွက် လန-၃၉မပြောနဲ့ပုံစံ-၁၀၅တောင် လုပ်ဖို့က မလွယ်ဘူး။ ဆားလုပ်ငန်း တိုးတက်ဖို့အတွက်က ချေးငွေတစ်ခု တည်းနဲ့တော့မဖြစ်ဘူး။ ပေါ်လစီလဲ ပြောင်းပေးဖို့လိုတယ်။ အခုပြည်ပ ကဝင်နေတဲ့ ဆားတွေက တိုင်းပြည် အတွက်အခွန်လဲမရသလို တိုင်းရင်း သားတွေကိုလဲ အလုပ်လက်မဲ့ဖြစ် စေတယ်''ဟု ဆိုသည်။

AK
Democracytoday

No comments:

Post a Comment