Saturday 10 January 2015

Myanmar Girls Band ဆိုတာ ခေါ်ရလွယ်အောင် ပြောင်းလိုက်တာပါ


Photo: Myanmar Girls Band ဆိုတာ ခေါ်ရလွယ်အောင် ပြောင်းလိုက်တာပါ
ဇန်န၀ါရီလ ၁၀ ရက်၊ ၂၀၁၅ ခုနှစ် 

Me&Ma Girls Band ကနေ Myanmar Girls Band အဖြစ် နာမည် ပြောင်းခြင်းနဲ့ ပတ်သက်လို့ အဖွဲ့ဝင်တစ် ဦးဖြစ်တဲ့ ထိုက်ထိုက်က ''Me&Ma Girls အဖွဲ့က အသံထွက်ရတာ ထောက်တယ် ဆိုတာနဲ့စဉ်းစားကြည့်လိုက်တော့ ကိုယ် တွေကလဲ မြန်မာမိန်းကလေးတွေဖြစ်ကြ တော့ အနီးစပ်ဆုံး Myanmar Girls Band လို့ နာမည်ပြောင်းဖြစ်ခဲ့တာ။ အစကတော့ စာနယ်ဇင်းပွဲ လုပ်ဦးမလို့ပဲ။

ဒါပေမဲ့လဲ ဒီ အကြောင်းအရာတစ်ခုတည်းနဲ့တော့ မလုပ် ချင်တာနဲ့ နာမည်ကို ဒီအတိုင်းပဲပြောင်းဖြစ် ခဲ့တယ်။ အခုရှိုးပွဲတွေမှာလဲ အခုနာမည်နဲ့ ဆိုဖြစ်နေတယ်''လို့ ထိုက်ထိုက်ကဆိုပါတယ်။ ဂီတလှုပ်ရှားမှုနည်းတဲ့ ထိုက်ထိုက်က သူမရဲ့ တစ်ကိုယ်တော်လှုပ်ရှားမှုအနေနဲ့ တစ်ကိုယ် တော်အယ်လ်ဘမ်ကိုပြင်ဆင်နေပြီဖြစ်ကာ ယခု နှစ်အတွင်းထွက်ရှိနိုင်အောင် ကြိုးစားသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

''ဗွီစီဒီရော၊ စီဒီပါ တစ် ခါတည်း ထွက်ဖြစ်မယ်။ ထိုက်က တစ်ကိုယ်တော် လှုပ်ရှားမှုနည်းတော့ သီချင်းချည်းပဲမထွက်ချင်ဘူး။ အခုဗွီစီဒီကိုပါထွက်နိုင်အောင် လုပ်နေတယ်။ တစ် ကိုယ်တော်ဖြစ်တဲ့အတွက် အရမ်းတာဝန်ကြီးတယ်။ ပိုပြီးကြိုးစားနေရတယ်။ ထိုက်ကိုယ်တိုင်လဲ ယုံကြည် မှုအများကြီး ထားထားပါတယ်''လို့ဆိုပါတယ်။

ဝတ် စားဆင်ယင်မှုပိုင်းနဲ့ပတ်သက်တဲ့ အမြင်ကို တစ်လော ကဝေဖန်ခြင်းခံခဲ့ရတဲ့ Myanmar Girls Band လို အဖွဲ့ဝင်ဟောင်း အမွန်းကိစ္စနဲ့ပတ်သက်လို့ သူမရဲ့ အမြင်ကိုမေးမြန်းဖြစ်ခဲ့ရာ

''အမွန်းကိုတော့ ထိုက်ဘာ မှမပြောချင်ပါဘူး။ ထိုက်ထိုက်တို့ သူငယ်ချင်းလဲ ဖြစ် ခဲ့တာဆိုတော့လေ။ ခုအချိန်မှာ သူနဲ့စိတ်မတူလို့ အ လုပ်မလုပ်ကြတော့ပေမယ့် သူ့ကိုတော့ ထိုက်ဘာမှ မဝေဖန်ချင်ပါဘူး။ အခုပြောချင်တာကတော့ ဒါတွေ က သာဓကတွေပဲပေါ့နော်။ ပြောရရင်တော့ ဖက်ရှင်ကျ အောင်ကတော့ ဘယ်လိုပဲ ဝတ်ဝတ်ပါ။ ဝတ်လို့ရနေ တာပဲ။ လုံခြုံမှုရှိပြီး ဖက်ရှင်ကျအောင်ဝတ်ဖို့ကတော့ နိုင်ငံခြားမှာရော၊ ဒီမှာရော လိုအပ်တယ်။ ဒီမှာကတော့ ပိုလိုတာပေါ့။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်နေလို့ နိုင်ငံခြားမှာ တောင်ရှိတယ်လေ။ သူတို့အချင်းချင်း လက်မခံနိုင်တဲ့ဖက် ရှင်ရှိနေတယ်လေ။ ထိုက်ကိုယ်တိုင်လဲ ဖက်ရှင်နဲ့ပတ်သက် လို့ ဖော်ချွတ်ပြီးဝတ်နေတာတွေကို လက်မခံနိုင်သေးဘူး''လို့ ထိုက်ထိုက်ကဆိုပါတယ်။

TheYangonTimes
Me&Ma Girls Band ကနေ Myanmar Girls Band အဖြစ် နာမည် ပြောင်းခြင်းနဲ့ ပတ်သက်လို့ အဖွဲ့ဝင်တစ် ဦးဖြစ်တဲ့ ထိုက်ထိုက်က ''Me&Ma Girls အဖွဲ့က အသံထွက်ရတာ ထောက်တယ် ဆိုတာနဲ့စဉ်းစားကြည့်လိုက်တော့ ကိုယ်တွေကလဲ မြန်မာမိန်းကလေးတွေဖြစ်ကြတော့ အနီးစပ်ဆုံး Myanmar Girls Band လို့ နာမည်ပြောင်းဖြစ်ခဲ့တာ။ အစကတော့ စာနယ်ဇင်းပွဲ လုပ်ဦးမလို့ပဲ။

ဒါပေမဲ့လဲ ဒီအကြောင်းအရာတစ်ခုတည်းနဲ့တော့ မလုပ်ချင်တာနဲ့ နာမည်ကို ဒီအတိုင်းပဲပြောင်းဖြစ်ခဲ့တယ်။ အခုရှိုးပွဲတွေမှာလဲ အခုနာမည်နဲ့ ဆိုဖြစ်နေတယ်''လို့ ထိုက်ထိုက်ကဆိုပါတယ်။ ဂီတလှုပ်ရှားမှု နည်းတဲ့ ထိုက်ထိုက်က သူမရဲ့ တစ်ကိုယ်တော်လှုပ်ရှားမှုအနေနဲ့ တစ်ကိုယ် တော်အယ်လ်ဘမ်ကို ပြင်ဆင်နေပြီဖြစ် ကာ ယခု နှစ်အတွင်းထွက်ရှိနိုင်အောင် ကြိုးစားသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

''ဗွီစီဒီရော၊ စီဒီပါ တစ်ခါတည်း ထွက်ဖြစ်မယ်။ ထိုက်က တစ်ကိုယ်တော် လှုပ်ရှားမှုနည်းတော့ သီချင်းချည်း ပဲ မထွက်ချင်ဘူး။ အခုဗွီစီဒီကိုပါထွက်နိုင်အောင် လုပ်နေတယ်။ တစ်ကိုယ်တော်ဖြစ်တဲ့အတွက် အရမ်း တာဝန်ကြီးတယ်။ ပိုပြီးကြိုးစားနေရတယ်။ ထိုက်ကိုယ်တိုင်လဲ ယုံကြည် မှုအများကြီး ထားထားပါ တယ်''လို့ဆိုပါတယ်။

ဝတ် စားဆင်ယင်မှုပိုင်းနဲ့ပတ်သက်တဲ့ အမြင်ကို တစ်လော ကဝေဖန်ခြင်းခံခဲ့ရတဲ့ Myanmar Girls Band လို အဖွဲ့ဝင်ဟောင်း အမွန်းကိစ္စနဲ့ပတ်သက်လို့ သူမရဲ့ အမြင်ကိုမေးမြန်းဖြစ်ခဲ့ရာ

''အမွန်းကိုတော့ ထိုက်ဘာ မှမပြောချင်ပါဘူး။ ထိုက်ထိုက်တို့ သူငယ်ချင်းလဲ ဖြစ်ခဲ့တာဆိုတော့လေ။ ခုအချိန်မှာ သူနဲ့စိတ်မတူလို့ အ လုပ်မလုပ်ကြတော့ပေမယ့် သူ့ကိုတော့ ထိုက်ဘာမှ မဝေဖန်ချင်ပါဘူး။ အခု ပြောချင် တာကတော့ ဒါတွေ က သာဓကတွေပဲပေါ့နော်။ ပြောရရင်တော့ ဖက်ရှင်ကျ အောင်ကတော့ ဘယ်လိုပဲ ဝတ်ဝတ်ပါ။ ဝတ်လို့ရနေ တာပဲ။ လုံခြုံမှုရှိပြီး ဖက်ရှင်ကျအောင်ဝတ်ဖို့ကတော့ နိုင်ငံခြားမှာရော၊ ဒီမှာရော လိုအပ်တယ်။ ဒီမှာကတော့ ပိုလိုတာပေါ့။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်နေလို့ နိုင်ငံခြားမှာ တောင် ရှိတယ်လေ။ သူတို့အချင်းချင်း လက်မခံနိုင်တဲ့ဖက် ရှင်ရှိနေတယ်လေ။ ထိုက်ကိုယ်တိုင်လဲ ဖက်ရှင်နဲ့ ပတ်သက် လို့ ဖော်ချွတ်ပြီးဝတ်နေတာတွေကို လက်မခံနိုင်သေးဘူး''လို့ ထိုက်ထိုက်ကဆိုပါတယ်။

TheYangonTimes

No comments:

Post a Comment