Saturday 10 January 2015

ရပ်တန့်ထားသောယာဉ်မှ နောက်ပြန်လိမ့်ကာ မောင်းနှင်လာသောယာဉ်နှင့် ဆိုင်းဘုတ်တို့အားတိုက်မိခဲ့၍ (၂)ဦးဒဏ်ရာရ

၉.၁.၂၀၁၅ ရက်နေ့ ၁၁၀၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်း၊ ကျိုက္ကလို့ ကားမှတ်တိုင်အနီးတွင် ယာဉ် မောင်း (စုံစမ်းဆဲ)မောင်းနှင်သည့် ၇ခ/---- နစ်ဆန်း ဘတ်စ် အငှားယာဉ်သည် မင်္ဂလာဒုံဘက်မှ  ထောက်ကြန့်ဘက်သို့ဦးတည်၍ ရပ်တန့်ထားစဉ် နောက်ပြန်လိမ့်ပြီး မင်္ဂလာဒုံဘက်မှ ထောက်ကြန့်ဘက်သို့
မောင်းနှင်လာသော 7H ---- ALPHARD ကိုယ်ပိုင်ယာဉ်အား ၀င်ရောက် တိုက်မိခဲ့ကာ အထူးကု ဆေးခန်း ဆိုင်းဘုတ်အား ဆက်လက်တိုက်မိခဲ့ပါသည်။

ယင်းသို့ဖြစ်ပွားပြီး ၇ခ/---- နစ်ဆန်းဘတ်စ် အငှားယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

ထိုသို့တိုက်မိမှုကြောင့် ယာဉ်(၂)စီးနှင့် ဆိုင်းဘုတ်တို့ပျက်စီးသွားခဲ့သည့်အပြင် 7H ---- ALPHARD ကိုယ်ပိုင်ယာဉ်မောင်းနှင့် ၎င်းယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦးတို့တွင် ပေါက်ပြဲ၊နာကျင်ဒဏ်ရာများ ရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံ၌ အတွင်းလူနာ (မစိုးရိမ်ရ)များအဖြစ်ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်အား စနစ်တကျရပ်တန့်ထားခြင်းမရှိ၍ နောက်ပြန်လိမ့်ကာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သဖြင့် ၇ခ/---- နစ်ဆန်းဘတ်စ် အငှားယာဉ်မောင်း(စုံစမ်းဆဲ)အား မင်္ဂလာဒုံမြို့မရဲစခန်း ယာဉ်(ပ)၄/၂၀၁၅၊ ပြစ်မှု ပုဒ်မ ၃၃၈/၃၃၇/ ၂၇၉/၂၀၂ ဖြင့်အမှုဖွင့်အရေးယူကာ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။

Yangon Police

No comments:

Post a Comment