Thursday 10 July 2014

မန္တလေးကို တိုင်ပေနှင့် ထိုင်းလုပ်ငန်းရှင်များ စိတ်ဝင်စား

Photo: မန္တလေးကို တိုင်ပေနှင့် ထိုင်းလုပ်ငန်းရှင်များ စိတ်ဝင်စား
Thursday, July 10, 2014 

ထိုင်းနှင့် တရုတ်တိုင်ပေမှ လုပ်ငန်းရှင်များသည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းလုပ်ကိုင်ရန် ယခုလအတွင်း လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

တိုင်ပေ ကုမ္ပဏီ ၂၄ ခုနှင့် ထိုင်းနိုင်ငံမှ ကုမ္ပဏီ ၂၀ တို့သည့် ယခုလ ၁၅ ရက်နှင့် ၂၁ရက် တို့တွင် စီးပွားရေးပူးပေါင်းလုပ် ကိုင်ရန် အသီးသီးတွေ့ဆုံကြမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီးကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များအသင်း(MRCC I)မှ သတင်းရရှိသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ စက်မှုကုန်ထုတ်လုပ်ငန်းများ၊ လယ်ယာ ကဏ္ဍများနှင့် စား သောက်ကုန်ထုတ်လုပ်ရေးအစရှိ သည့် ကဏ္ဍများတွင်မြန်မာလုပ် ငန်းရှင်များနှင့် ပူးပေါင်းလုပ် ဆောင်ရန် စိတ်ဝင်စားနေသည့်အ တွက် MRCCIတာဝန်ရှိသူများမှ တစ်ဆင့် လာရောက်ချိတ်ဆက်မှု များ ပြုလုပ်ခြင်းဖြစ်ကြောင်း MRCCI မှ မန်နေဂျာဦးကျော်မင်း ကပြောသည်။

‘‘MRCCI အနေနဲ့ မန္တလေး တိုင်းထဲက ပြည်တွင်းလုပ်ငန်းရှင်  နဲ့ ပြည်ပက လုပ်ငန်းရှင်တွေလုပ် ငန်းတူသူအချင်းချင်းကြားကနေ ချိတ်ဆက်ပေးရတဲ့သဘောပါပဲ။ လုပ်ငန်းရှင်အချင်းချင်းပဲတိုက် ရိုက်ဆွေးနွေးမှုတွေလုပ်ကြမှာ’’ ဟု ဦးကျော်မင်းကပြောသည်။

ပြည်တွင်းလုပ်ငန်းရှင်များ နှင့် တိုင်ပေလုပ်ငန်းရှင်များတွေ့ဆုံမည့်ပွဲကို ယခုလ ၁၅ ရက်တွင် MRCCI အသင်းရုံးချုပ် ၌လည်းကောင်း၊ ထိုင်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကို ယခုလ ၂၁ ရက်တွင် ဆီဒိုးနားဟိုတယ်၌ လည်းကောင်း အသီးသီးပြုလုပ် သွားမည်ဖြစ်ကြောင်းသတင်းရရှိ သည်။ မန္တလေးတိုင်းဒေသကြီးတွင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် စိတ်ပါဝင်စားမှုအများဆုံး နိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ပြီး MRCCIအသင်းမှတစ်ဆင့် လာရောက်ဆက်သွယ်မှု အများဆုံး ပြုလုပ်ထားကြောင်း ဦးကျော်မင်းကဆိုသည်။

7Day DAILY 

မန္တလေးမြို့ရှုခင်းကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
မန္တလေးမြို့ရှုခင်းကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ထိုင်းနှင့် တရုတ်တိုင်ပေမှ လုပ်ငန်းရှင်များသည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းလုပ်ကိုင်ရန် ယခုလအတွင်း လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
တိုင်ပေ ကုမ္ပဏီ ၂၄ ခုနှင့် ထိုင်းနိုင်ငံမှ ကုမ္ပဏီ ၂၀ တို့သည့် ယခုလ ၁၅ ရက်နှင့် ၂၁ရက် တို့တွင် စီးပွားရေး ပူးပေါင်းလုပ် ကိုင်ရန် အသီးသီးတွေ့ဆုံကြမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီးကုန်သည် များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များအသင်း(MRCC I)မှ သတင်းရရှိသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ စက်မှုကုန်ထုတ်လုပ်ငန်းများ၊ လယ်ယာ ကဏ္ဍများနှင့် စား သောက်ကုန် ထုတ် လုပ်ရေး အစရှိ သည့် ကဏ္ဍများတွင်မြန်မာလုပ် ငန်းရှင်များနှင့် ပူးပေါင်းလုပ် ဆောင်ရန် စိတ်ဝင်စားနေ သည့်အ တွက် MRCCIတာဝန်ရှိသူများမှ တစ်ဆင့် လာရောက်ချိတ်ဆက်မှု များ ပြုလုပ်ခြင်းဖြစ်ကြောင်း MRCCI မှ မန်နေဂျာဦးကျော်မင်း ကပြောသည်။

‘‘MRCCI အနေနဲ့ မန္တလေး တိုင်းထဲက ပြည်တွင်းလုပ်ငန်းရှင်  နဲ့ ပြည်ပက လုပ်ငန်းရှင်တွေလုပ် ငန်းတူသူ အချင်းချင်းကြားကနေ ချိတ်ဆက်ပေးရတဲ့သဘောပါပဲ။ လုပ်ငန်းရှင်အချင်းချင်းပဲတိုက် ရိုက်ဆွေးနွေးမှုတွေ လုပ်ကြ မှာ’’ ဟု ဦးကျော်မင်းကပြောသည်။

ပြည်တွင်းလုပ်ငန်းရှင်များ နှင့် တိုင်ပေလုပ်ငန်းရှင်များတွေ့ဆုံမည့်ပွဲကို ယခုလ ၁၅ ရက်တွင် MRCCI အသင်း ရုံးချုပ်၌ လည်းကောင်း၊ ထိုင်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကို ယခုလ ၂၁ ရက်တွင် ဆီဒိုးနား ဟိုတယ်၌ လည်းကောင်း အသီးသီးပြုလုပ် သွားမည်ဖြစ်ကြောင်းသတင်းရရှိ သည်။ မန္တလေးတိုင်းဒေသကြီး တွင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် စိတ်ပါဝင်စားမှုအများဆုံး နိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ပြီး MRCCI အသင်းမှ တစ်ဆင့် လာရောက်ဆက်သွယ်မှု အများဆုံး ပြုလုပ်ထားကြောင်း ဦးကျော်မင်းကဆိုသည်။

7Day DAILY

No comments:

Post a Comment