Thursday 10 July 2014

ယစ်မျိုးအခွန် အမှတ်တံဆိပ်တွေ ခိုင်ခံ့အောင်လုပ်မယ်

ဆေးလိပ်၊ အရက်၊ ဘီယာနှင့် ဝိုင်တွေအတွက် ရေစိုခံပြီး ခိုင်ခံ့တဲ့ အခွန် အမှတ်တံဆိပ်တွေ ထုတ်ပေးတော့ မယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာနက သိရပါတယ်။

“အခုအခွန်တံဆိပ်တွေက သိပ်မခိုင်တော့ တချို့အရက်၊ ဘီယာနဲ့ ဝိုင်ပုလင်းတွေမှာ ပြုတ်ထွက် ကုန်တာတွေ ရှိတယ်။ အဲ့ဒီအခါ လိုက်စစ်တဲ့ အခါကျတော့ အခွန်အမှတ်တံဆိပ် မကပ်တဲ့ပုံစံမျိုးတွေ ဖြစ်ကုန်တယ်။ အဲ့ဒါကြောင့် အခုထက် လုံခြုံမှုရှိပြီး ခိုင်ခံ့တဲ့ အခွန်အမှတ်တံဆိပ် ထုတ်သွားမယ်” လို့ အခွန်များ ဦးစီးဌာနက အကြီးတန်း အရာရှိတစ်ဦးက ပြောပါတယ်။

အခွန် အမှတ်တံဆိပ်တွေကို ကုမ္ပဏီတစ်ခုက တစ်ကြိမ် လာရောက်ဝယ်ယူရင် အမှတ်တံဆိပ်ပေါင်း သောင်း နဲ့ ချီ ဝင်နိုင်တယ်လို့ ကုမ္ပဏီများ ဆိုင်ရာ အခွန်ရုံးက ဌာနမှူး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

အခွန်အမှတ်တံဆိပ်တွေ ကို ၂၀၁၀-၂၀၁၁ ခုနှစ်ဝန်းကျင်က စတင် ထုတ်ပေးခဲ့တာပါ။ အဲဒီတုန်းက အခွန် အမှတ် တံဆိပ် လုံလုံလောက်လောက် ထုတ်လုပ်ပေးနိုင်ခဲ့ခြင်း မရှိခဲ့တဲ့ အတွက် စီးပွားရေး လုပ်ငန်းရှင်တွေ ကို အခက်တွေ့စေ ခဲ့ပါတယ်။

The Voice Weekly 

No comments:

Post a Comment