Thursday 10 July 2014

ကယားပြည်နယ်ကို ကရင်နီပြည်နယ်အဖြစ် ပြောင်းလဲရန်ဆောင်ရွက်မည်

ရန်ကုန်၊ တိုင်းရင်းသားအားလုံး၏ညီ ညွတ်ခြင်းကို ဖော်ဆောင်နိုင်သည့် ယခု ကယားပြည်နယ်အခေါ် အဝေါ်မှ ကရင်နီပြည်နယ် အခေါ်အဝေါ်သို့ ပြောင်းလဲရန်အတွက် တိုင်းပြည်၏လက်ရှိဖော်ဆောင်နေသည့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲများ ပြီးဆုံးချိန်မှသာ လုပ်ဆောင်သွားရန်ရှိကြောင်း သိရ သည်။
ကရင်နီ လူငယ်များသမဂ္ဂမှ ကိုပီ တူးက ''ကရင်နီပြည်နယ် ပြောင်းလဲ ဖို့ လက်ရှိငြိမ်းချမ်းရေး ဖော်ဆော င် ရေး နဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ငန်း တွေကလဲရှိနေတော့ ဒီကိစ္စကိုတော့ ဆွေးနွေး ပွဲတွေပြီး တဲ့ နောက် ပိုင်းမှ သာ လွှတ်တော်ကနေတစ်ဆင့် ပြောင်း လဲနိုင်ဖို့ ကြိုးစားသွားမှာပါ။ ကရင်နီ ပြည် နယ်ပြောင်း လို့ ခွဲထွက်မယ်လို့ လဲ မမြင်စေချင်ပါဘူး။ ဒီလိုသာပြောင်း နိုင်ရင် တိုင်းရင်းသားအားလုံးရဲ့ ညီ ညွတ်မှုကို ကိုယ်စားပြုနိုင်မှာပါ''ဟု ပြောသည်။

လက်ရှိအချိန်တွင် ကရင်နီပြည် နယ် အခေါ်အဝေါ်ပြောင်းလဲရေး လူထုသဘောထား လက်မှတ်ကောက် ယူမှုကို ၂ဝ၁၃ ခုနှစ်မှ စတင်ပြီး ကယန်း မျိုးဆက်သစ် လူငယ်အဖွဲ့မှ ကောက် ယူနေပြီး ကယားပြည်နယ်ရှိ မြို့နယ် အားလုံးနှင့် ရှမ်းပြည်နယ် ဖယ်ခုံမြို့ များတွင် လူမှုအဖွဲ့အစည်းအသီးသီး၏ အကူအညီ များဖြင့် ကောက် ယူစု ဆောင်းနေကြောင်း သိရသည်။

''ကရင်နီပြည်နယ်အမည် ပြောင်း လဲဖို့ ၂ဝ၁၄-၂ဝ၁၅ နွေဦးလောက်မှာ ကရင်နီအမျိုးသားညီလာခံ ကျင်းပ တဲ့အခါ ထည့်သွင်းဆွေးနွေးသွားဖို့ ရှိပါတယ်။ လူထုကြားမှာ ဒါကိုပြန် လည်သုံးနိုင်တယ်ဆိုရင်တော့ ကျွန်တော်တို့ ကရင်နီတွေအတွက် ပိုမိုညီ ညွတ်မှုကိုဖြစ်စေမှာပါ''ဟု ကိုပီတူး ကပြောသည်။

၁၉၄၈ ခုနှစ် သြဂုတ် ၉ ရက် တွင် ကရင်နီပြည်နယ်ကို မြန်မာအ စိုးရက ဖိအားဖြင့် သွတ်သွင်းပေါင်း စပ်ခြင်းခံခဲ့ရကာ ကယားပြည်နယ် အဖြစ် ယနေ့တိုင် ခေါ်ဝေါ်သုံးစွဲခံခဲ့ ရခြင်းဖြစ်ကြောင်း သိရသည်။

ကယန်းအမျိုးသား ဒီမိုကရက် တစ်ပါတီမှ ဦးခွန်ကလဲမင်းက ''ပါတီ အနေနဲ့တော့မဟုတ်ပေမယ့် ကယန်း အုပ်စု၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို တော့ ဒါနဲ့ပတ်သက်ပြီး သဘောထား တောင်းထားတာရှိတယ်။ ကျွန်တော် တို့အနေနဲ့တော့ သဘောတူပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို ဦးမဆောင်ဘူးလို့ တော့ ပြောထားတာ ရှိ တယ်။ ဒီလိုသာ သုံးခွင့်ရရင်တော့ ကိုယ့်အိမ်ကို ကိုယ်ပြန်ရသလို ခံစားမိကြမှာပါ''ဟု ရန် ကုန်တိုင်းမ် ဂျာနယ် သို့ ပြောသည်။

ပြည်တွင်းရှိ ကရင်နီလူဦးရေ မှာ ၂ ဒသမ ၅ သိန်းရှိပြီး ပြည်ပတွင် ရောက်ရှိနေထိုင်သူများကိုပါ ထည့် သွင်း တွက်ချက်ပါက ခန့်မှန်းခြေ လေး သိန်းကျော် ရှိနိုင်ကြောင်း ကရင်နီလူ ငယ်များသမဂ္ဂမှ ကိုပီတူးကပြော သည်။

Yangon Media Group

No comments:

Post a Comment