Thursday 10 July 2014

မန္တလေးနန်းတွင်းတပ်ရှိ သံချပ်ကာကားများ အများမြင်ကွင်းသို့ထွက်၍ တပ်လေ့ကျင့်ရေး ပြုလုပ်

Photo: မန္တလေးနန်းတွင်းတပ်ရှိ သံချပ်ကာကားများ အများမြင်ကွင်းသို့ထွက်၍ တပ်လေ့ကျင့်ရေး ပြုလုပ်
Thursday, July 10, 2014 

ဆူပူအကြမ်းဖက်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား ရဆဲဖြစ်သည့် မန္တလေးမြို့အတွင်း၌ ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းခန့်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ မန္တလေးနန်းတွင်းတပ်ရှိ သံချပ်ကာကားများ အများမြင်ကွင်းသို့ထွက်၍ စစ်အင်အားအပြည့်ဖြင့် တပ်လေ့ကျင့်ရေးတစ်ခု ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်လေ့ကျင့်ရေး ပြုလုပ်ပြသမှုကို ဇူလိုင် ၉ ရက် မွန်းလွဲ ၁ နာရီခန့်က မန္တလေးနန်းတွင်းအရှေ့ပေါက် (၁၉ လမ်း)မှ သံချပ်ကာကားများဖြင့် ထွက်ရှိ လာခဲ့ကာ ကျူံးအရှေ့ဘက်ခြမ်း ၆၆ လမ်းအတိုင်း ကျူံးတောင်ဘက် ၂၆(ဘီ)လမ်းအနောက်ထဲအတိုင်း ဆင်းလာပြီး ၇၈ လမ်း မျက်ပါးရပ်ရှိ စစ်တပ်ဝန်းဟောင်း (ယခင်တပ်မ ၇၆ တပ်ရင်း) သို့ ၀င်ရောက်သွားခဲ့ကြောင်း သိရသည်။

မန္တလေးမြို့အတွင်း စစ်အင်အားအပြည့်ဖြင့် ချီတက်လေ့ကျင့်ခဲ့မှုနှင့်ပတ်သက်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဆင်ရေးဌာနစိတ်သို့ ဆက်သွယ်မေးမြန်း ခဲ့ရာတွင်တာဝန်ကျအရာရှိတစ်ဦးက “တပ်လေ့ကျင့်ရေးအတွက် လိုအပ်ချက်
အရ ပြုလုပ်တာပါ။ အခုထိတော့ မျက်ပါးရပ်စစ်တပ်ထဲမှာပဲ ရှိနေပါတယ်။ မန္တလေးမှာဖြစ်နေတဲ့ ဆူပူမှုတွေနဲ့ ဆက်စပ်ပြီးတော့ စစ်အင်အားပြ ဆောင်ရွက်နေတာလားဆိုတာကိုတော့ ကျွန်တော်လည်း မသိပါဘူး။ ဒါပေမဲ့ အရင်ကတော့ နန်းတွင်းစစ်တပ်က တစ်ခါမှ မလိုအပ်ဘဲ အပြင်ထွက်လှည့်
လည်ပြီး စစ်ရေးလေ့ကျင့်တာမျိုး မရှိခဲ့ပါဘူး”ဟု ပြောကြားသည်။

ယင်းကဲ့သို့ နန်းတွင်းစစ်တပ်မှ မြို့တွင်းလှည့်လည်ကာ စစ်ရေးပြသခဲ့မှုကြောင့် မြို့ခံများအကြားတွင် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များကြောင့် စစ်တပ်မှ မြို့တွင်းလှည့်လည်ကာ စစ်အင်အားပြသသည်ဟု ပြောဆိုမှုများလည်း ရှိနေကြသည်။

“ဆူပူအကြမ်းဖက်မှုတွေဖြစ်နေချိန်က စစ်တပ်က အခုလို သံချပ်ကာကားတွေနဲ့ အပြင်ကိုထွက်လာပြီး စစ်ရေးပြသတာ မရှိခဲ့ဘူး။ ဒီနေ့တော့ စစ်အင်အား
အပြည့်နဲ့ အပြင်မှာထွက်လာတာ မြင်ရသလို စစ်ရဟတ်ယာဉ်တစ်စင်းကလဲ မြို့ပေါ်မှာ ပျံဝဲသွားတာ ကိုတွေ့လိုက်ရတယ်” ဟု ချမ်းအေးသာစံမြို့နယ်
အတွင်း၌ နေထိုင်သူတစ်ဦးက ဆိုသည်။

“မန္တလေးမြို့ရဲ့လက်ရှိအခြေအနေကို ပြောရမယ်ဆိုရင် တည်ငြိမ်အေးချမ်းနေ
ပါတယ်။ လုံခြုံရေးအင်အားလည်း အပြည့်အ၀ချပေးထားပါတယ်။ ကောလာဟလတွေလည်း ပျံ့နှံ့တာမျိုး မရှိတော့ပါဘူး”ဟု မန္တလေး ခရိုင်ဒုရဲမှူးကြီး စိန်ထွန်းက ညနေ ၅ နာရီ ၀န်းကျင်ခန့်က ပြောကြားသည်။

မန္တလေးမြို့တွင် ဇူလိုင် ၁ ရက် ည ပိုင်းမှ ဇူလိုင် ၄ ရက်အထိ ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များကြောင့် လက်ရှိအချိန်၌ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်။ ဇူလိုင် ၅ ရက် ညတွင် ချမ်းမြသာစည်မြို့နယ်အတွင်း လူတစ်ဦးအား လူအုပ်စုတစ်စုမှ ဓားဖြင့် လိုက်ခုတ်ခံခဲ့ရပြီး ဇူလိုင် ၆ ရက်မှ စတင်ကာ မန္တလေးမြို့အခြေအနေမှာ ပြန်လည်တည်ငြိမ်အေးချမ်းခဲ့သည်။ ဇူလိုင် ၇ ရက်တွင် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အေးရိပ်ငြိမ်ဘာသာပေါင်းစုံ သုသာန်အတွင်းရှိ မြန်မာသုသာန်တွင် ဆူပူအကြမ်းဖက်မည်ဟုကောလာဟလ
များ ထပ်မံဖြစ်ပေါ်ခဲ့ခြင်းကြောင့် သုသာန်အားခေတ္တပိတ်ထားခဲ့ရသည်။

ဇူလိုင် ၆ ရက်မှစတင်ကာ ယနေ့ ဇူလိုင် ၉ ရက်အထိ မန္တလေးမြို့၏ အခြေ အနေမှာ ပြန်လည်တည်ငြိမ်အေးချမ်းလျက်ရှိကြောင်း သိရသည်။

Eleven Media Group
ဆူပူအကြမ်းဖက်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား ရဆဲဖြစ်သည့် မန္တလေးမြို့အတွင်း၌ ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းခန့်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ မန္တလေးနန်းတွင်းတပ်ရှိ သံချပ်ကာကားများ အများမြင်ကွင်းသို့ထွက်၍ စစ်အင်အားအပြည့်ဖြင့် တပ်လေ့ကျင့်ရေးတစ်ခု ပြုလုပ်ပြသခဲ့ကြောင်း သိရ သည်။

အဆိုပါ တပ်လေ့ကျင့်ရေး ပြုလုပ်ပြသမှုကို ဇူလိုင် ၉ ရက် မွန်းလွဲ ၁ နာရီခန့်က မန္တလေးနန်းတွင်း အရှေ့ပေါက် (၁၉ လမ်း)မှ သံချပ်ကာကားများဖြင့် ထွက်ရှိ လာခဲ့ကာ ကျူံးအရှေ့ဘက်ခြမ်း ၆၆ လမ်းအတိုင်း ကျူံးတောင်ဘက် ၂၆(ဘီ)လမ်းအနောက်ထဲအတိုင်း ဆင်းလာပြီး ၇၈ လမ်း မျက်ပါးရပ်ရှိ စစ်တပ်ဝန်းဟောင်း (ယခင်တပ်မ ၇၆ တပ်ရင်း) သို့ ၀င်ရောက်သွားခဲ့ကြောင်း သိရသည်။

မန္တလေးမြို့အတွင်း စစ်အင်အားအပြည့်ဖြင့် ချီတက်လေ့ကျင့်ခဲ့မှုနှင့်ပတ်သက်၍ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဆင်ရေးဌာနစိတ်သို့ ဆက်သွယ်မေးမြန်း ခဲ့ရာတွင်တာဝန်ကျအရာရှိတစ်ဦးက “တပ် လေ့ကျင့်ရေး အတွက် လိုအပ်ချက်အရ ပြုလုပ်တာပါ။ အခုထိတော့ မျက်ပါးရပ်စစ်တပ်ထဲမှာပဲ ရှိနေပါတယ်။ မန္တလေးမှာဖြစ်နေတဲ့ ဆူပူမှုတွေနဲ့ ဆက်စပ်ပြီးတော့ စစ်အင်အားပြ ဆောင်ရွက်နေတာလားဆိုတာကိုတော့ ကျွန်တော်လည်း မသိပါဘူး။ ဒါပေမဲ့ အရင်ကတော့ နန်းတွင်းစစ်တပ်က တစ်ခါမှ မလိုအပ်ဘဲ အပြင်ထွက်လှည့်လည်ပြီး စစ်ရေးလေ့ကျင့်တာမျိုး မရှိခဲ့ပါဘူး”ဟု ပြောကြားသည်။

ယင်းကဲ့သို့ နန်းတွင်းစစ်တပ်မှ မြို့တွင်းလှည့်လည်ကာ စစ်ရေးပြသခဲ့မှုကြောင့် မြို့ခံများအကြားတွင် ဆူပူ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် စစ်တပ်မှ မြို့တွင်းလှည့်လည်ကာ စစ်အင်အားပြသသည်ဟု ပြောဆိုမှုများ လည်း ရှိနေကြသည်။

“ဆူပူအကြမ်းဖက်မှုတွေဖြစ်နေချိန်က စစ်တပ်က အခုလို သံချပ်ကာကားတွေနဲ့ အပြင်ကိုထွက်လာပြီး စစ်ရေးပြသတာ မရှိခဲ့ဘူး။ ဒီနေ့တော့ စစ်အင်အား အပြည့်နဲ့ အပြင်မှာထွက်လာတာ မြင်ရသလို စစ်ရဟတ်ယာဉ်တစ်စင်းကလဲ မြို့ပေါ်မှာ ပျံဝဲသွားတာ ကိုတွေ့လိုက်ရတယ်” ဟု ချမ်းအေးသာစံမြို့နယ် အတွင်း ၌ နေထိုင်သူတစ်ဦးက ဆိုသည်။

“မန္တလေးမြို့ရဲ့လက်ရှိအခြေအနေကို ပြောရမယ်ဆိုရင် တည်ငြိမ်အေးချမ်းနေပါတယ်။ လုံခြုံရေး အင်အား လည်း အပြည့်အ၀ချပေးထားပါတယ်။ ကောလာဟလတွေလည်း ပျံ့နှံ့တာမျိုး မရှိတော့ပါဘူး”ဟု မန္တလေး ခရိုင်ဒုရဲမှူးကြီး စိန်ထွန်းက ညနေ ၅ နာရီ ၀န်းကျင်ခန့်က ပြောကြားသည်။

မန္တလေးမြို့တွင် ဇူလိုင် ၁ ရက် ည ပိုင်းမှ ဇူလိုင် ၄ ရက်အထိ ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက် မှုဖြစ်စဉ် များကြောင့် လက်ရှိအချိန်၌ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်။ ဇူလိုင် ၅ ရက် ညတွင် ချမ်းမြသာစည်မြို့နယ် အတွင်း လူတစ်ဦးအား လူအုပ်စုတစ်စုမှ ဓားဖြင့် လိုက်ခုတ်ခံခဲ့ရပြီး ဇူလိုင် ၆ ရက်မှ စတင်ကာ မန္တလေးမြို့အခြေအနေမှာ ပြန်လည်တည်ငြိမ်အေးချမ်းခဲ့သည်။ ဇူလိုင် ၇ ရက်တွင် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အေးရိပ်ငြိမ်ဘာသာပေါင်းစုံ သုသာန်အတွင်းရှိ မြန်မာသုသာန်တွင် ဆူပူအကြမ်းဖက်မည်ဟုကောလာဟလ
များ ထပ်မံဖြစ်ပေါ်ခဲ့ခြင်းကြောင့် သုသာန်အားခေတ္တပိတ်ထားခဲ့ရသည်။

ဇူလိုင် ၆ ရက်မှစတင်ကာ ယနေ့ ဇူလိုင် ၉ ရက်အထိ မန္တလေးမြို့၏ အခြေအနေမှာ ပြန်လည်တည်ငြိမ် အေးချမ်း လျက်ရှိကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment