Wednesday 5 February 2014

နယ်စပ်ကုန်သွယ်ရေးစခန်း ၁၄ ခုမှ ကုန်သွယ်မှုပမာဏ ဒေါ်လာလေးဘီလျံကျော် ရရှိခဲ့ပြီး မူဆယ်နယ်စပ်စခန်းတစ်ခုတည်းမှ ကုန်သွယ်မှု ဒေါ်လာသုံးဘီလျံကျော် ရရှိ

Photo: နယ်စပ်ကုန်သွယ်ရေးစခန်း ၁၄ ခုမှ ကုန်သွယ်မှုပမာဏ ဒေါ်လာလေးဘီလျံကျော် ရရှိခဲ့ပြီး မူဆယ်နယ်စပ်စခန်းတစ်ခုတည်းမှ ကုန်သွယ်မှု ဒေါ်လာသုံးဘီလျံကျော် ရရှိ
Wednesday, February 5, 2014

နယ်စပ်ကုန်သွယ်ရေးစခန်း ၁၄ ခုမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ လေးဘီလျံကျော် ရရှိခဲ့ပြီး မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုတည်းမှ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် ရရှိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။

မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်၊ စစ်တွေ၊ မောင်တော၊ တမူး၊ ရိဒ် စသည့် နယ်စပ်စခန်း ၁၄ ခုမှ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၄ ရက်အထိ အမေရိကန်ဒေါ်လာ ၄၀၁၁ ဒသမ ၉၄၈ သန်း ရရှိခဲ့ကြောင်း သိရသည်။

နယ်စပ်စခန်းအားလုံးပေါင်းမှ ရရှိသည့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ လေးဘီလျံကျော်အနက် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်စခန်းတစ်ခုတည်းမှ အမေရိကန်ဒေါ်လာ ၃၁၁၈ ဒသမ ၇၁၈ သန်း (သုံးဘီလျံကျော်) ရရှိခဲ့ခြင်းဖြစ်သည်။

တရုတ်နှင့် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနှင့် လွယ်ဂျယ်နယ်စပ်စခန်းများမှ ကုန်သွယ်ခြင်းဖြစ်ပြီး အိန္ဒိယနှင့်ကုန်သွယ်ရာတွင် တမူး၊ ရိဒ်နယ်စပ်စခန်းများမှ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနှင့်နယ်စပ်ကုန်သွယ်ရာတွင် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ဆောင်ရွက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှုကို စစ်တွေနှင့် မောင်တောနယ်စပ်စခန်းများမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မြန်မာ-အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့ နယ်စပ်ကုန်သွယ်ရေးစာချုပ်များ ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရသည်။

ကုန်သွယ်မှုပမာဏ တိုးတက်ရေးအတွက် တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးလုပ်ငန်းများကို နယ်စပ်ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းများတွင် ပြုလုပ်နေသကဲ့သို့ ကုန်သွယ်မှုအများဆုံး ပြုလုပ်နေသည့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းများတွင်ပါ ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း သိရသည်။

နယ်စပ်ဒေသနေဒေသခံများ တစ်နိုင်တစ်ပိုင် ကုန်သွယ်မှုပြုလုပ်နိုင်ရန်နှင့် တရားမ၀င်ကုန်သွယ်မှု လျော့နည်းလာစေရန်အတွက် တစ်ဦးတည်းပိုင် ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်ကတ်များကို နယ်စပ်ကူးသန်းရောင်းဝယ်ရေး စခန်းများအားလုံးတွင် ထုတ်ပေးနေပြီး အဆိုပါတစ်ဦးတည်းပိုင် ကုန်သွယ်မှုကတ်ဖြင့် ကုန်သွယ်မှုပမာဏမှာလည်း ကျပ်ငါးဘီလျံကျော်ပြီဖြစ်ကြောင်း သိရသည်။ 

Eleven Media Group
နယ်စပ်ကုန်သွယ်ရေးစခန်း ၁၄ ခုမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ လေးဘီလျံကျော် ရရှိခဲ့ပြီး မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုတည်းမှ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် ရရှိ ခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရ သည်။


မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်၊ စစ်တွေ၊ မောင်တော၊ တမူး၊ ရိဒ် စသည့် နယ်စပ်စခန်း ၁၄ ခုမှ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၄ ရက်အထိ အမေရိကန်ဒေါ်လာ ၄၀၁၁ ဒသမ ၉၄၈ သန်း ရရှိခဲ့ကြောင်း သိရသည်။

နယ်စပ်စခန်းအားလုံးပေါင်းမှ ရရှိသည့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ လေးဘီလျံကျော်အနက် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်စခန်းတစ်ခုတည်းမှ အမေရိကန်ဒေါ်လာ ၃၁၁၈ ဒသမ ၇၁၈ သန်း (သုံးဘီလျံကျော်) ရရှိခဲ့ခြင်းဖြစ်သည်။

တရုတ်နှင့် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနှင့် လွယ်ဂျယ် နယ်စပ်စခန်းများမှ ကုန်သွယ်ခြင်းဖြစ်ပြီး အိန္ဒိယနှင့်ကုန်သွယ်ရာတွင် တမူး၊ ရိဒ်နယ်စပ်စခန်းများမှ ဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနှင့်နယ်စပ်ကုန်သွယ်ရာတွင် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတော င်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ဆောင်ရွက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှုကို စစ်တွေနှင့် မောင်တောနယ်စပ်စခန်းများမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မြန်မာ-အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့ နယ်စပ်ကုန်သွယ်ရေးစာချုပ်များ ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရသည်။

ကုန်သွယ်မှုပမာဏ တိုးတက်ရေးအတွက် တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးလုပ်ငန်းများကို နယ်စပ်ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းများတွင် ပြုလုပ်နေသကဲ့သို့ ကုန်သွယ်မှုအများဆုံး ပြုလုပ်နေသည့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းများတွင်ပါ ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း သိရသည်။

နယ်စပ်ဒေသနေဒေသခံများ တစ်နိုင်တစ်ပိုင် ကုန်သွယ်မှုပြုလုပ်နိုင်ရန်နှင့် တရားမ၀င်ကုန်သွယ်မှု လျော့နည်း လာစေရန်အတွက် တစ်ဦးတည်းပိုင် ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်ကတ်များကို နယ်စပ်ကူးသန်းရောင်းဝယ်ရေး စခန်းများအားလုံးတွင် ထုတ်ပေးနေပြီး အဆိုပါတစ်ဦးတည်းပိုင် ကုန်သွယ်မှုကတ်ဖြင့် ကုန်သွယ်မှုပမာဏမှာလည်း ကျပ်ငါးဘီလျံကျော်ပြီဖြစ်ကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment