Wednesday 5 February 2014

မြေနေရာများ အခက်အခဲ ဖြစ်ပေါ်နေသည့်အတွက် ဟိုတယ်ဇုန်သစ် တည်ဆောက်ရန် အခက်အခဲရှိ

Photo: မြေနေရာများ အခက်အခဲ ဖြစ်ပေါ်နေသည့်အတွက် ဟိုတယ်ဇုန်သစ် တည်ဆောက်ရန် အခက်အခဲရှိ
Wednesday, February 5, 2014

မြန်မာနိုင်ငံတွင် ဟိုတယ်ဇုန် အသစ်များ ထပ်မံဖော်ဆောင်ရန်အတွက် ဇုန်အလိုက် ညွှန်ကြားမှုများကို ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်မှ စတင်ကာ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ခွင့်ပြု ပေးထားသော်လည်း

ဟိုတယ်ဇုန်များ အနေဖြင့် ဇုန်အသစ် ဖော်ဆောင်ရန်အတွက် မြေနေရာ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိရာ ဇုန်အသစ်ဖော်ဆောင်ရန်မှာ လက်ရှိအချိန်တွင် မလွယ်ကူ နိုင်သေးကြောင်း တောင်ကြီး ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးကြည်လွင်က ပြောကြားခဲ့သည်။

ဟိုတယ်အသစ်များ အနေဖြင့် တည်ဆောက်ရန် မြေနေရာ ရှားပါးနေပြီး တည်ဆောက်မည် ဆိုပါက မြေနေရာ လွတ်များမှာ သစ်တောပိုင် မြေနေရာများသာရှိပြီး အဆိုပါ နေရာများ မှာ နေရာကျယ်ဝန်းပြီး ဟိုတယ်တည်ဆောက်ရန်အတွက် ရှုခင်းကောင်းမွန်သည့် နေရာဒေသများ ဖြစ်သော်လည်း သစ်တောပိုင် မြေနေရာများဖြစ်သည့် အတွက် တည်ဆောက်ရန် ခက်ခဲမှုများရှိကြောင်း သိရသည်။ ဟိုတယ်ဇုန်အလိုက် တည်ဆောက်ရန် မြေနေရာ အခက်အခဲဖြစ်ပေါ် နေသကဲ့သို့ တစ်လုံးချင်း တည်ဆောက်သည့် အပိုင်းတွင် လည်း မြေနေရာများမှာ ဝယ်ယူရန် ခက်ခဲသကဲ့သို့ တည်ဆောက်ရာတွင်လည်း အခက်အခဲများ ရှိကြောင်း သိရသည်။ ''အခုက ဟိုတယ်ဆောက်မယ် ဆိုရင်နေရာက ဟိုနေရာလည်း ဝယ်ရခက်၊ ဒီနေရာလည်း ဝယ်ရခက်ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ အခုက ဂရန်ရှိမှ ဆောက်ရမလို ဖြစ်နေတယ်။ ပုံစံကလည်း ဂရန်ရှိမှ ဆောက်လို့ရတဲ့ နေရာတွေဆိုတော့ နည်းနည်း အခက်အခဲရှိတယ်'' ဟု ဦးကြည်လွင်က ဆက်လက် ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် မြေယာပြဿနာများနှင့် ရင်ဆိုင်နေရသည့် အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများမှာ လက်ရှိတွင် ဟိုတယ် တည်ဆောက်မှု အပိုင်းတွင် တောင်ကြီး၊ အင်းလေးနှင့်ကလော စသည့်ဒေသများ၌ ဝင်ရောက် လုပ်ကိုင်ရန် မဖြစ်နိုင်သေးကြောင်း သိရသည်။ ''ဒီဟိုတယ်တွေ တည်ဆောက်တဲ့ ကုန်ကျစရိတ်က သိန်းကို သောင်းဂဏန်းချီတယ်လေ။ ဒီလို ရင်းနှီးမြှုပ်နှံ ပြီးတော့မှ အငှားဂရန်က နှစ်ကလေး အနည်းငယ်လောက်နဲ့ ခွင့်ပြုပေးတာဆိုတော့ ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာ လုပ်ငန်းရှင်တွေအနေနဲ့ ထိခိုက်တာပေါ့။ ဒါက ပြည်တွင်း အခြေအနေပဲ ရှိသေးတယ်။ ပြည်ပ လုပ်ငန်းရှင်တွေကလည်း ဒီလိုပြဿနာတွေ ရှိနေတာကိုသိရင် ဘယ်လိုပဲ အထဲကိုထဲထဲဝင်ဝင် လာတာပဲဖြစ်ပါစေ နည်းနည်းတော့ လန့်မှာပဲ။ သူတို့ဝင်ရင်လည်း သေချာမှပဲ ဝင်လာလိမ့်မယ်။ ဒီမှာပြဿနာတွေ မရှိနိုင်တဲ့ နေရာတွေကိုပဲ ဝင်မှာ။ ပြဿနာရှိ တဲ့ ဒေသတွေမှာ လုပ်ကိုင်ချင်ပေမဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံတဲ့ သူတွေက လက်ရှိအချိန်မှာ စောင့်ကြည့်နေကြတယ်''ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။ တောင်ကြီး ဟိုတယ်ဇုန်၌ ကြယ်ငါးပွင့် အဆင့်ဟိုတယ်များ မရှိသေးသကဲ့သို့ ကြယ်လေးပွင့် အဆင့် ဟိုတယ်များမှာလည်း အင်းလေးဒေသတွင်သာ နှစ်လုံးရှိကာ ကြယ်သုံးပွင့်အဆင့် ဟိုတယ်များမှာ ကလော၊ တောင် ကြီးနှင့် အင်းလေးစသည့် နေရာများတွင်ရှိပြီး တခြားသော နေရာဒေသများတွင် ကြယ်တစ်ပွင့် နှစ်ပွင့်အဆင့် ဟိုတယ်များသာရှိကြောင်း သိရသည်။

မြ၀တီ
မြန်မာနိုင်ငံတွင် ဟိုတယ်ဇုန် အသစ်များ ထပ်မံဖော်ဆောင်ရန်အတွက် ဇုန်အလိုက် ညွှန်ကြားမှုများကို ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်မှ စတင်ကာ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ခွင့်ပြု ပေးထားသော်လည်း ဟိုတယ်ဇုန်များ အနေဖြင့် ဇုန်အသစ် ဖော်ဆောင်ရန်အတွက် မြေနေရာ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိရာ ဇုန်အသစ်ဖော်ဆောင်ရန်မှာ လက်ရှိအချိန်တွင် မလွယ်ကူ နိုင်သေးကြောင်း တောင်ကြီး ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးကြည်လွင်က ပြောကြားခဲ့သည်။


ဟိုတယ်အသစ်များ အနေဖြင့် တည်ဆောက်ရန် မြေနေရာ ရှားပါးနေပြီး တည်ဆောက်မည် ဆိုပါက မြေနေရာ လွတ်များမှာ သစ်တောပိုင် မြေနေရာများသာရှိပြီး အဆိုပါ နေရာများ မှာ နေရာကျယ်ဝန်းပြီး ဟိုတယ်တည်ဆောက်ရန်အတွက် ရှုခင်းကောင်းမွန်သည့် နေရာဒေသများ ဖြစ်သော်လည်း သစ်တောပိုင် မြေနေရာများဖြစ်သည့် အတွက် တည်ဆောက်ရန် ခက်ခဲမှုများရှိကြောင်း သိရသည်။ ဟိုတယ်ဇုန်အလိုက် တည်ဆောက်ရန် မြေနေရာ အခက်အခဲဖြစ်ပေါ် နေသကဲ့သို့ တစ်လုံးချင်း တည်ဆောက်သည့် အပိုင်းတွင် လည်း မြေနေရာများမှာ ဝယ်ယူရန် ခက်ခဲသကဲ့သို့ တည်ဆောက်ရာတွင်လည်း အခက်အခဲများ ရှိကြောင်း သိရသည်။ ''အခုက ဟိုတယ်ဆောက်မယ် ဆိုရင်နေရာက ဟိုနေရာလည်း ဝယ်ရခက်၊ ဒီနေရာလည်း ဝယ်ရခက်ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ အခုက ဂရန်ရှိမှ ဆောက်ရမလို ဖြစ်နေတယ်။ ပုံစံကလည်း ဂရန်ရှိမှ ဆောက်လို့ရတဲ့ နေရာတွေဆိုတော့ နည်းနည်း အခက်အခဲရှိတယ်'' ဟု ဦးကြည်လွင်က ဆက်လက် ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် မြေယာပြဿနာများနှင့် ရင်ဆိုင်နေရသည့် အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများမှာ လက်ရှိတွင် ဟိုတယ် တည်ဆောက်မှု အပိုင်းတွင် တောင်ကြီး၊ အင်းလေးနှင့်ကလော စသည့်ဒေသများ၌ ဝင်ရောက် လုပ်ကိုင်ရန် မဖြစ်နိုင်သေးကြောင်း သိရသည်။ ''ဒီဟိုတယ်တွေ တည်ဆောက်တဲ့ ကုန်ကျစရိတ်က သိန်းကို သောင်းဂဏန်းချီတယ်လေ။ ဒီလို ရင်းနှီးမြှုပ်နှံ ပြီးတော့မှ အငှားဂရန်က နှစ်ကလေး အနည်းငယ်လောက်နဲ့ ခွင့်ပြုပေးတာဆိုတော့ ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာ လုပ်ငန်းရှင်တွေအနေနဲ့ ထိခိုက်တာပေါ့။ ဒါက ပြည်တွင်း အခြေအနေပဲ ရှိသေးတယ်။ ပြည်ပ လုပ်ငန်းရှင်တွေကလည်း ဒီလိုပြဿနာတွေ ရှိနေတာကိုသိရင် ဘယ်လိုပဲ အထဲကိုထဲထဲဝင်ဝင် လာတာပဲဖြစ်ပါစေ နည်းနည်းတော့ လန့်မှာပဲ။ သူတို့ဝင်ရင်လည်း သေချာမှပဲ ဝင်လာလိမ့်မယ်။ ဒီမှာပြဿနာတွေ မရှိနိုင်တဲ့ နေရာတွေကိုပဲ ဝင်မှာ။ ပြဿနာရှိ တဲ့ ဒေသတွေမှာ လုပ်ကိုင်ချင်ပေမဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံတဲ့ သူတွေက လက်ရှိအချိန်မှာ စောင့်ကြည့်နေကြတယ်''ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။ တောင်ကြီး ဟိုတယ်ဇုန်၌ ကြယ်ငါးပွင့် အဆင့်ဟိုတယ်များ မရှိသေးသကဲ့သို့ ကြယ်လေးပွင့် အဆင့် ဟိုတယ်များမှာလည်း အင်းလေးဒေသတွင်သာ နှစ်လုံးရှိကာ ကြယ်သုံးပွင့်အဆင့် ဟိုတယ်များမှာ ကလော၊ တောင် ကြီးနှင့် အင်းလေးစသည့် နေရာများတွင်ရှိပြီး တခြားသော နေရာဒေသများတွင် ကြယ်တစ်ပွင့် နှစ်ပွင့်အဆင့် ဟိုတယ်များသာရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment