Tuesday 18 November 2014

ခေါက်မြေခွင်သို့ KIA တပ်သားများ ရောက်ရှိလာ၍ ဒေသခံရွာသားများ ထွက်ပြေးလာ

မြန်ပြည်မြောက်ပိုင်း၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့နယ်ခွဲ၊ မံကင်းရွာ ခေါက်မြေခွင်သို့ မနေ့ နိုဝင်ဘာလ(၁၆)ရက်နေ့က ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပိန်းခွန်ရန် အခြေစိုက်၊ တပ်ရင်း(၅)မှ KIA တပ်သားများ ရောက်ရှိလာသောကြောင့် ခေါက်မြေခွင်အတွင်း တောင်ယာ/သစ် လုပ်ကိုင်နေကြသည့် မံကင်းရွာသားများနှင့် ရေနားပင်လုံ၊ တောပင်လုံ၊ ဆင်ဘိုစသည့် ဒေသခံများ ရွာအတွင်းသို့ ထွက်ပြေးလာခဲ့ကြကြောင်း ဒေသခံများထံမှတဆင့် သိရှိရသည်။
ရင်း(၅)ကနေ အင်အား(၃၀)လောက် ဆင်းလာတာ၊ တပ်သားသစ် စုဆောင်းဖို့နဲ့ ဆက်ကြေးကောက်ဖို့ပါ၊ ကျွန်တော်တို့လဲ တောထဲမှာ ဆက်မလုပ်ရဲတော့လို့ ပြေးလာခဲ့တာလို့ ဒေသခံ မံကင်းရွာသားတစ်ဦးက ပြောဆိုပါသည်။
၎င်းဆင်ဘိုမြို့နယ်ခွဲ၊ မံကင်းရွာသည် ဆင်ဘိုမြို့နှင့် (၇)မိုင်ခန့်ဝေးပြီး အစိုးရတပ်မတော် ခလရ(၃၂၁) စစ်ကြောင်းများ လှုပ်ရှားနေသည့် နေရာတစ်ခုလည်းဖြစ်ပါသည်။

ဧရာဝတီမြစ်ဖျားဆီက

No comments:

Post a Comment