Tuesday 18 November 2014

တရားခံဖမ်းဆီးရာတွင် အသက်အန္တရာယ်ထိခိုက်သည့် ပြန်လည်ခုခံမှုများ ကြုံလာပါက ကာကွယ်ခုခံပိုင်ခွင့် ဥပဒေအရ ဆောင်ရွက်ရန်ရဲတပ်ဖွဲ့ ဝင်များကိုညွှန်ကြား

''ရဲတပ်ဖွဲ့ဝင်တွေရဲ့ အသက်အန္တရာယ်တွေကို ထိခိုက်လာမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ပစ်ခတ်ဖမ်းဆီးမှာပါ''
-ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးသိန်းလွင်

ရဲတပ်ဖွဲ့ဝင် များအနေဖြင့် တရားခံများဖမ်းဆီး ရာတွင် အသက်အန္တရာယ်ထိခိုက်စေ နိုင်သောပြန်လည်ခုခံမှုများ ရှိလာပါ က ကာကွယ်ခုခံပိုင်ခွင့်ဥပဒေအရ ဆောင်ရွက်ကြရန် ရဲတပ်ဖွဲ့ဝင်များကို ညွှန်ကြားထားကြောင်း ရန်ကုန်အရှေ့ ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး မြင့်ထွေးက ပြောသည်။

ယခုအခါရဲတပ်ဖွဲ့ဝင်များတရား ခံဖမ်းဆီးရာတွင် တရားခံတချို့က ပြန်လည် ခုခံတိုက်ခိုက်မှုများ ပြုလုပ် လာသဖြင့် ရဲတပ်ဖွဲ့ဝင်များအနေ ဖြင့် ထိခိုက်ဒဏ်ရာရမှုများရှိလာ ကြောင်း သိရသည်။

ဒုရဲမှူးကြီးမြင့်ထွေးက''ကာကွယ် ခုခံပိုင်ခွင့်ပုဒ်မ ၁ဝဝ ဆိုတာရှိတယ်။အပြင်းအထန် ထိခိုက်ဒဏ်ရာရနိုင် တယ်ဆိုရင်၊ ဒါမှမဟုတ် အသက် အန္တရာယ်ရှိလာနိုင်တယ်ဆိုရင် ကာ ကွယ်ခုခံပိုင်ခွင့်ဥပဒေအရ ပြန်လည် လုပ်ဆောင်ဖို့ ရဲတပ်ဖွဲ့ဝင်တွေကို ညွှန်ကြားထားတယ်'' ဟု ပြော သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်ကို အ ဆင့်အလိုက်လက်နက်များထုတ်ပေး ထားပြီး အရာရှိအဆင့်၊ အောက်ခြေ အဆင့်နှင့် အခြားယုံကြည်စိတ်ချ ရသည့် ရဲတပ်ဖွဲ့ဝင်အချို့ကိုလည်း လက်နက်များထုတ်ပေးထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှရဲမှူးသိန်းလွင်က ပြောသည်။

ရဲမှူးသိန်းလွင်က''အရာရှိတပ်ဖွဲ့ တွေအပြင် အခြားစိတ်ချယုံကြည်ရတဲ့ ရဲအရာရှိအဆင့်တွေကိုလဲ လက်နက် တွေ ထုတ်ပေးထားပါတယ်။ ဒီလို မျိုးတရားခံတွေကို ဖမ်းဆီးတဲ့အခါမှာ ပြန်လည်ခုခံမှုတွေလုပ်တယ်။ အဲဒီလို ပြန်လည်ခုခံမှုတွေဟာ ရဲတပ်ဖွဲ့ဝင် တွေရဲ့အသက်အန္တရာယ်တွေကို ခိုက် လာမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ပစ်ခတ်ဖမ်းဆီးမှာပါ''ဟု ပြောသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ကမရမ်းကုန်းမြို့နယ်(၂)ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် မှုခင်းဖြစ်စဉ်တစ်ခု တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာအသီး သီးရရှိခဲ့ကြောင်း သိရသည်။

KMZ
Yangon Media Group

No comments:

Post a Comment