Monday 17 November 2014

အရှိန်မထိန်းနိုင်သော ထရပ်ကား ဓမ္မာရုံအတွင်း ဝင်တိုက် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

အင်းစိန်မြို့ နယ် ပြည်တော်သာကွေ့အနီးရှိ ဓမ္မာ ရုံအတွင်းသို့ နိုဝင်ဘာ ၁၆ရက်က ထရပ်ကားတစ်စီး အရှိန်လွန်ကာ ဝင်တိုက်မှုကြောင့် လူတစ်ဦး ပွဲချင်း ပြီးသေဆုံးကာ နှစ်ဦးမှာ ပြင်းထန် စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အင်းစိန်မြို့နယ် ရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့ ၅နာရီခန့် တွင် ယာဉ်မောင်းလှိုင်ထွန်း မောင်း နှင်လာသော နစ်ဆန်းယူဒီထရပ်ကား (အဖြူအဝါကြား)သည် ဘုရင့်နောင် လမ်းမကြီးအတိုင်း ပေါက်တောဝ ဘက်သို့ မောင်းနှင်လာစဉ် အင်းစိန် မြို့နယ် ပြည်တော်သာကွေ့ အရောက် အရှိန်လွန်ကာ ပေါက်တောဝရွှေစိန် အေးစေတီတော်အနီးရှိ ဓမ္မာရုံအ တွင်းသို့ ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

ယင်းသို့ဓမ္မာရုံအတွင်းသို့ ထရပ် ကား ဝင်တိုက်မှုကြောင့် ဓမ္မာရုံအ တွင်း ရောက်ရှိနေသော အမျိုးသား နှစ်ဦးဖြစ်သည့် ကိုဝင်းကျော်နှင့် ကို မျိုးဇော်သန့်တို့မှာ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး ကိုဝင်းကျော်မှာ ဒဏ်ရာပြင်းထန်သဖြင့် အခင်းဖြစ် နေရာတွင် ပွဲချင်းပြီး သေဆုံးကာ ကိုမျိုးဇော်သန့်မှာ ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံ ယူနေရကြောင်း သိရသည်။

အင်းစိန်ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ''ယာဉ်မောင်းကို ပုဒ်မသုံးခု နဲ့အမှုဖွင့်ထားပါတယ်။ ယာဉ်မောင်း ကိုလဲ ဖမ်းဆီးထားပြီးပါပြီ''ဟု ပြော သည်။
အဆိုပါအမှုကို ယာဉ်(ပ)၁၃၉/ ၁၄ ပြစ်မှုပုဒ်မ-၃ဝ၄(က) ၃၃၈/၁ ၇၉ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေ ကြောင်း သိရသည်။

KMZ
Yangon Media Group

No comments:

Post a Comment