Monday 17 November 2014

အိုဘားမားသည် စစ်ရေးဘက်တွင်စီမံခန့်ခွဲမှု မရှိသလောက် နည်းဟု အမေရိကန်အရာရှိကြီးဟောင်းနှစ်ဦးက ဝေဖန်

အမေရိကန်သမ္မတ ဘားရက် အိုဘားမားသည် စစ်တပ်နှင့်ပတ် သက်၍ စီမံခန့်ခွဲမှု မရှိသလောက် နည်းဟု လီယွန်ပန်နက်တာနှင့် ရောဘတ်ဂိတ်စ်တို့က ဝေဖန်လိုက် ကြောင်း သိရ၏။

လွန်ခဲ့သော ၂၅ နှစ်မှ နှစ် ၃ဝ အတွင်း အိမ်ဖြူတော်တွင်းအာဏာ ကို ဗဟိုကချုပ်ကိုင်ထားခဲ့သည်ဟု ရော်နယ်ရီဂင်သမ္မတဖောင်ဒေးရှင်း တွင် အဖွဲ့တစ်ဖွဲ့က ဆွေးနွေးစဉ် ပန်နက်တာက ဆိုသည်။

အိမ်ဖြူတော်တွင် အာဏာကို ဗဟိုက ချုပ်ကိုင်ထားသောကြောင့် အသံအနည်းငယ်မျှကိုသာ ကြားရ တော့သည်ဟု ပန်နက်တာနှင့်ရော ဘတ်ဂိတ်စ်တို့က ဆိုသည်။ သင်အိမ် ဖြူတော်သို့ ရောက်သောအချိန်တွင် ဘာလုပ်သင့်သည်ဆိုသည်ကို အိမ် ဖြူတော်ဝန်ထမ်းက ဆုံးဖြတ်ပြီးဖြစ် သည်ဟု ပန်နက်တာက ဆိုသည်။ အိုဘားမားအစိုးရဟူ၍ကား အမည် နာမကို အသုံးမပြုဘဲ ထားသည်။

ပန်နက်တာသည် အိုဘားမား အစိုးရအဖွဲ့တွင် စီအိုင်အေညွှန်ကြား ရေးမှူးအဖြစ် ၂ဝဝ၉ ခုနှစ်နှင့်၂ဝ၁၁ ခုနှစ်တို့၌ အမှုထမ်းခဲ့သည်။ ထို့ပြင် ကာကွယ်ရေးဝန်ကြီးအဖြစ် ၂ဝ၁၁ ခုနှစ်နှင့်၂ဝ၁၃ ခုနှစ်တို့၌ အမှုထမ်း ခဲ့သည်။
ရောဘတ်ဂိတ်စ်သည် သမ္မတ ဂျော့အိတ်ခ်ျဒဗလျူဘုရှ်လက်ထက် ၌ စီအိုင်အေညွှန်ကြားရေးမှူး အ ဖြစ်လည်းကောင်း၊ သမ္မတဂျော့ ဒဗလျူဘုရှ်နှင့် အိုဘားမားတို့ လက် ထက်တွင် ၂ဝဝ၆ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီးအ ဖြစ်လည်းကောင်း အမှုထမ်းခဲ့သည်။ သူကလည်း အိုဘားမား၏ အိမ်ဖြူ တော်ကို တိုက်ရိုက်ဝေဖန်သည်။

သမ္မတနှင့်စစ်အကြံပေးပုဂ္ဂိုလ်များ သဘောတူညီမှုမရသည့် သမိုင်း ကြောင်းအရှည်ကြီးရှိခဲ့ကြောင်း၊ အိုဘားမားအစိုးရ၏ စစ်ဘက်ဆိုင်ရာ စီမံခန့်ခွဲမှုမှာ မရှိသလောက်နည်းခဲ့ကြောင်း၊ အိမ်ဖြူတော်နှင့် စစ်ဘက် ဆက်ဆံရေးအတွက် စိုးရိမ်မိကြောင်း၊ အိုဘားမားအဖို့ စစ်ဘက်သည် အရေးမပါသောကိစ္စဖြစ်နေကြောင်း ရောဘတ်ဂိတ်စ်က ဆိုသည်။
ယခင်သမ္မတအများစုသည် စစ်ဘက်ရေးရာအသီးသီးကို ထိန်းချုပ် စီမံခန့်ခွဲလိုသော ဆန္ဒရှိခဲ့ကြောင်း၊ လင်ဒန်ဂျွန်ဆင်ဆိုလျှင် ဗီယက်နမ်စစ်၌ ပစ်မှတ်များကို သူကိုယ်တိုင်ရွေးပေးခဲ့ကြောင်း ဂိတ်စ်က ဆိုသည်။

Ref:AFP

Yangon Media Group

No comments:

Post a Comment