Sunday 9 November 2014

မြန်မာအစိုးရကို ဖိအားပေးရန် ကန်လွှတ်တော်အမတ် ၄၀ကျော် အိုဘားမားထံ စာရေးတိုက်တွန်း

ဖွဲ့စည်းပုံပြင်ဆင်ရေးအ ပါအ၀င် အစိုးရ၏ ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေးဖော်ဆောင်မှု များ အချိန်ဆွဲနေခြင်းကို ရပ်ဆိုင်း ရေးသမ္မတဦးသိန်းစိန်အား ဖိအား ပေးတောင်းဆိုရန် အမေရိကန် အောက်လွှတ်တော်အမတ် ၄၀ ကျော်က သမ္မတအိုဘားမားထံ စာရေးသား တိုက်တွန်းလိုက် သည်။

မြန်မာနှင့်အမေရိကန်ဆက် ဆံရေးကို ယခုထက်ပိုမိုတိုးတက် စေလိုပါက လူ့အခွင့်အရေးချိုး ဖောက်မှုများရပ်ဆိုင်းပေးရန်၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပရေးကို သမ္မ တအိုဘားမားက တိုက်တွန်းရန် လိုကြောင်း အောက်လွှတ်တော် အမတ်များ၏ ပေးစာကို ကိုးကား ၍ RFAသတင်းဌာနက ဖော်ပြသည်။

အမေရိကန်တွင် ကြားဖြတ် ရွေးကောက်ပွဲကျင်းပပြီး နှစ်ရက် အကြာ မဲများရေတွက်အပြီးလွှတ် တော်နှစ်ရပ်လုံးတွင် ရီပက်ဘလေကန်ပါတီဝင်များ သမိုင်းဝင် အောင်ပွဲခံပြီးနောက် သမ္မတအို ဘားမား၏ မြန်မာနိုင်ငံခရီးစဉ်အ တွင်း မြန်မာအစိုးရကို ဖိအားပေး ရန်အတိုက်အခံရီပက်ဘ လေကန်ပါတီအမတ်တို့ ဦးဆောင်သည့် လွှတ်တော်အမတ်များက စာရေး သားတိုက်တွန်းလိုက်ခြင်း ဖြစ် သည်။

မြန်မာပြည်သူများ ထောက် ခံသည့် ပုဂ္ဂိုလ်ကို ရွေးချယ်တင် မြှောက်ခွင့်ရစေရန် ဖွဲ့စည်းပုံအ ခြေခံဥပဒေကို ပြင်ဆင်ရန်လိုပြီး လူနည်းစုတိုင်းရင်းသားလူမျိုးများ အပေါ်တွင် အကြမ်းဖက်မှု၊ ဖိနှိပ် မှုများနှင့် ရခိုင်ပြည်နယ်မှ ဘင်္ဂါ လီ(စာတွင် ရိုဟင်ဂျာဟုသုံး) အ ကြမ်းဖက်မှုများကို ရပ်ဆိုင်းပေး ရန်လိုကြောင်းသမ္မတအိုဘားမား ထံ ပေးစာတွင်ဖော်ပြထားသည်။

အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်ကမူ အမေရိကန်က သမ္မတမည်သူမည်ဝါဖြစ်စေလို သည်ဟု ဆန္ဒမျိုးမရှိဘဲ မြန်မာ ပြည်သူများလိုလားသည့်သူကို သာရွေးချယ်စေလိုကြောင်း မြန် မာနိုင်ငံမှ သတင်းမီဒီယာကိုယ် စားလှယ်အချို့နှင့် သီးသန့်စကား ၀ိုင်းဆွေးနွေးပွဲတွင် ပြောကြား ထားသည်။

ပထမတစ်ကြိမ်ဂျွန်ကယ်ရီ ခရီးစဉ်အတွင်း အထက်လွှတ် တော်အမတ် ၇၀ကျော်က မြန်မာ ကိုဖိအားပေးရန် စာရေးသား တိုက်တွန်းခဲ့ဖူးသည်။ ယခုတစ် ကြိမ်တွင်မူ လွှတ်တော်နှစ်ရပ်လုံး တွင် အတိုက်အခံရီပက်ဘလေကန်တို့ အောင်ပွဲခံလိုက်သည့်အတွက် အောက်လွှတ်တော်အမတ်များ ကပါ စာရေးသားတောင်းဆိုမှု တွင် ပါဝင်လာခဲ့ခြင်းလည်းဖြစ် သည်။

‘‘ဦးအောင်သောင်းကို ပိတ် ဆို့စာရင်းထဲထည့်လိုက်တာကို တော့ ကျွန်တော်တို့ ကြိုဆိုပါ တယ်။ သို့သော်လည်း ဒီပိတ်ဆို့မှု ကို ရုပ်ပြလို့လည်းထင်မိတယ်။ မြန်မာမှာ ပိတ်ဆို့အရေးယူမယ် ဆိုရင် မူးယစ်ဆေးနဲ့ ကြီးပွားနေ သူတွေ၊ ငွေမည်းကို ငွေဖြူလုပ် ထားတဲ့သူတွေအများကြီးရှိနေ တယ်။ဒီထက်ပိုပြီးထိရောက်တဲ့ အရေးယူမှုလိုအပ်တယ်’’ဟု လွှတ်တော်အမတ်များ၏ ပေးစာ နှင့်ပတ်သက်၍ မြန်မာပြည်သူ့ဖို ရမ်ဖြစ်မြောက်ရေးတာဝန်ခံဦး ကျော်လင်းဦးကပြောသည်။

အိုဘားမား၏ မြန်မာပြည် ခရီးစဉ်ကို အမေရိကန်ပြည် ထောင်စုတွင်သာမက မြန်မာပြည် တွင်းမှ အတိုက်အခံနှင့် နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက်အဖွဲ့ အစည်းကိုယ်စားလှယ်များက လည်း ပြုပြင်ပြောင်းလဲမှုများရှေ့ မတိုးခြင်းအတွက် မြန်မာအစိုးရ အပေါ် ဖိအားပေးရန်တိုက်တွန်း ပြောကြားမှုများရှိနေသည်။

အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က လည်း မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးသည် ရပ်တန့်နေပြီး သမ္မတအိုဘားမားအနေဖြင့် မြန်မာအပေါ် အလွန်အကျွံအကောင်းမမြင်သင့်ကြောင်း နိုဝင် ဘာ ၅ရက်က ရန်ကုန်မြို့သတင်း စာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

နိုဝင်ဘာ ၇ရက် ညပိုင်း(မြန် မာစံတော်ချိန်)က အမေရိကန် ပြည်ထောင်စုနိုင်ငံခြားရေးဝန်ကြီးဌာနက သမ္မတအိုဘားမား အာရှခရီးစဉ်သတင်းစာရှင်းလင်း ပွဲတွင် မြန်မာနိုင်ငံ၏ တိုးတက် ပြောင်းလဲမှုများကို အမေရိကန် ပြည်ထောင်စုက အသိအမှတ်ပြု သကဲ့သို့ အသွင်ကူးပြောင်းရေး တွင် မှားယွင်းသည့်လုပ်ရပ်အချို့ ကို လုပ်ဆောင်ခဲ့ခြင်းများလည်း ရှိကြောင်း မြန်မာနိုင်ငံ၏ စိန်ခေါ် မှုများကို အမေရိကန်က ထောက် ပံ့ကူညီသွားမည်ဖြစ်ကြောင်း အမျိုးသားလုံခြုံရေးအကြံပေးမစ္စဆူဆန်ရိုက်စ်က ပြောကြားခဲ့သည်။

7Day Daily

No comments:

Post a Comment