Sunday 9 November 2014

ဒေသတွင်းလုံခြုံရေးအတွက် မြန်မာအရေးကြီးကြောင်း အိန္ဒိယဝန်ကြီးချုပ်ပြော

မြန်မာနိုင်ငံသည် အိန္ဒိ ယအစိုးရသစ်၏မိတ်ဖက်ဆက် ဆံရေးထူထောင်မှုတွင် ဦးစားပေး နိုင်ငံဖြစ်ပြီး ဒေသတွင်းလုံခြုံရေး စိန်ခေါ်မှုများကို ရင်ဆိုင်ရာ၌ အရေးကြီးသည့် မိတ်ဖက်နိုင်ငံဖြစ်ကြောင်း အိန္ဒိယ ဝန်ကြီးချုပ် သစ်နရန်ဒရာမိုဒီကပြောကြားသည်။

အရှေ့အာရှထိပ်သီးအစည်း အဝေးသို့တက်ရောက်ရန် မြန်မာနိုင်ငံသို့လာရောက်မည့် ဝန်ကြီးချုပ် မိုဒီက ၎င်း၏ခရီးစဉ်မစတင်မီ သုံးရက်အလို နိုဝင်ဘာ ၈ ရက် တွင် မြန်မာနိုင်ငံအပေါ် အပြု သဘောဆောင်သည့်မှတ်ချက်ကို ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ရေးသားထားခြင်းဖြစ်သည်။

ဝန်ကြီးချုပ်မိုဒီ မြန်မာနိုင်ငံသို့ လာရောက်ရမည့်ခရီးစဉ် အတွက် စိတ်အားထက်သန်မှု ပြင်းပြနေပြီး ဝန်ကြီးချုပ်သစ်တစ်ဦးအနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအရ မြန်မာအစိုးရ ခေါင်းဆောင်များနှင့် ပထမဆုံးအကြိမ် သီးသန့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နိုင်မည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

‘‘ကျွန်တော်တို့အစိုးရအတွက်မြန်မာဟာ ခိုင်မာတဲ့ ဆက်ဆံရေးထူထောင်ဖို့အတွက် ဦးစားပေးနိုင်ငံလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အရှေ့မြောက် ဘက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနဲ့အတူ ခိုင်မြဲပြီး အဓွန့်ရှည်တည်တံ့တဲ့ မိတ်ဖက်ဆက်ဆံရေးထူထောင်ဖို့ပြင်းပြတဲ့ စိတ်ဆန္ဒရှိပါတယ်။ မြန်မာဟာ ဒေသတွင်းလုံခြုံရေးစိန်ခေါ်မှုတွေမှာလည်း အရေးကြီးတဲ့ ကျွန်တော်တို့ရဲ့ပါတနာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာခရီးစဉ်ဟာ မြန်မာအိန္ဒိယနှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေတဲ့ခရီးစဉ်ဖြစ်မယ်လို့ ယုံကြည်ပါတယ်’’ဟု ၎င်းက ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်ရေးသားထားသည်။

အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီမှာ ယခုနှစ်လယ်ပိုင်းက ရွေး ကောက်ပွဲတွင် အစဉ်အလာကြီး မားခဲ့သည့် အိန္ဒိယကွန်ဂရက်ပါ တီကို အပြတ်အသတ်အနိုင်ရခဲ့ သော အတိုက်အခံ BJP ပါတီမှ ဝန်ကြီးချုပ်အဖြစ်ရွေးကောက် တင်မြှောက်ခံထားရသူဖြစ်သည်။

ထို့ပြင် မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့မှာ အယ်လ်ကိုင် ဒါအကြမ်းဖက်အဖွဲ့၏ ဂျီဟက် ပစ်မှတ်အဖြစ် ကြေညာခံထားရ ပြီး ဒေသတွင်းလုံခြုံရေးစိန်ခေါ်မှု များကိုလက်တွဲဖြေရှင်းရန် ဝန်ကြီးချုပ်က ရည်ညွှန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မြန်မာဘက်မှလည်း စိတ်ကြွရူးသွပ်ဆေးဝါးများထုတ် လုပ်ရာတွင် အဓိကအသုံးပြုရ သည့် ဓာတုဆေးဝါးများမှာ တရားမဝင်အိန္ဒိယနယ်စပ်လမ်းကြောင်း မှတစ်ဆင့် ဝင်ရောက်နေကြောင်း စွပ်စွဲမှုများရှိထားပြီး မြန်မာအိန္ဒိ ယနယ်စပ်အငြင်းပွားမှုပြဿနာ မှာလည်း ယခု မိုဒီအစိုးရသစ် လက်ထက်အထိ ညှိနှိုင်းမပြီးပြတ် သေးပေ။

ဝန်ကြီးချုပ်မိုဒီသည် နေပြည်တော်နှစ်ရက်တာခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တို့နှင့် သီးသန့်တွေ့ဆုံမှုများပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment